Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
wkthu
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 1 - 9 out of 10 Blogs.


Page:  1 | 2 | Next >  Last >>


နေ့မထွက်သောနေ့ လမသာသောည
Posted On 08/08/2008 22:57:23

ညတော့ ညတစ်ညပဲ
ဒါပေမယ့် လကမသာတာခက်တယ်…
နေ့လည်း နေ့တစ်နေ့ပါပဲ
သို့သော်လည်း နေမမြင်ရတာဆိုးတယ်…
လမသာတဲ့နေ့တွေ
နေမမြင်ရတဲ့ညတွေ
ဘယ်တော့ဆုံးမလည်း
ရုန်းထွက်ကြမလား
ဒီအတိုင်းဆက်နေမလား
ရှေ့တက်ကြမလား
ခေါင်းဆက်ငုံ့နေမလား
ကြိုးစားကြမလား
ပျင်းရိနေကြမလား
နိုးကြားကြားမလား
ရေသာခိုနေကြမလား
တိုးထွက်ကြမလား
အဆိုးဖက်ကြမလား
သွေးရဲကြမလား
ဘေးကွဲနေကြမလား
စာတင်ကြမလား
ငွေခင်နေကြမလား
အသေတိုက်ကြမလား
ရေလိုက်နေကြမလား
စဉ်းစားကြမလား
အတင်းဖားနေကြမလား
မြေကြီးနဲ့မိုးသက်သေတည်
လသာတဲ့ည
နေ့သာတဲ့ နေ့တွေဆီ
တူညီချိတက်ကြမလား…
ငွေနဲ့ ချမ်းသာမှုကိုရည်
ဘယ်သူသေသေ
ငတေမာမည်
တည်ဆောက်နေကြမလား….
သေချာတာစ်ခုကတော့
ညမှ လသာအောင် တိမ်ငပုပ်တွေဖယ်ရမယ်
နေ့မှ နေသာအောင် မိုးမမှောင်မှ ဖြစ်တယ်
အို…နောက်ဆုတ်မကြောက်ရွံ့
ရဲဝံ့လိုက်ကြစမ်းပါလေ..

ကိုသူ(၈.၈.၀၈)


ဖျားနာနေသော နှလုံးသားတ...
Posted On 08/04/2008 01:19:34
အပူချိန်တိုင်းကြည့်တော့ ၁၅၀၀တဲ့

ရောဂါက ကုရာနတ္ထိ ဆေးမရှိတဲ့

တင်ထားတာက အချစ်ဆေးရုံ

ပြုစုနေရတာက မေတ္တာဆရာမလေး

တိုက်နေရတာ အကြင်နာဆေး

ဆက်သောက်ရမှာက သစ္စာရည်..

ဖျားနာနေသည် ထိုနှလုံးသားတစ်စုံ..

ဘယ်ပုံဘယ်လို ဆက်ဖြစ်မယ်ဆိုတာတော့..

အင်း....သံယောဖဉ်အနာဂတ်ဇာတ်ဆရာမှပဲ သိမယ်ထင်ရဲ့.....

 

 

ကိုသူ

Tags: ဖျားနာနေသော နှလုံးသားတစ်စá€


Posted On 07/17/2008 22:10:59
ဒီနေ့ရောက်တိုင်း ဆွေးမျက်ရည်မို့းရွာ

အာဇာနည်ကိုးဦးကို အမှတ်ရမိပေါ့

မမေ့လျော့ပါ ဒီကျေးဇူးတရား

ကျွန်ုပ်တို့အား တင်ရှိ

ကြီးပါဘိ မွန်မြတ်ခြင်း

သက်စွန့်ရင်း ရယူပေးထားခဲ့ လွတ်လပ်ရေး

အသည်းထက် ကမ္ဓည်းတင်ရေးသွားသော သွေးပန်းချီကား

စွဲမြဲထား ပြည်ချစ်မျိုးချစ်စိတ်

ခတ်နှိပ်ခဲ့ ရင်ထဲအသည်းထဲမှာ

ဆက်လျှောက်ကြပါ တိုင်းပြည်သစ်တစ်ခုသို့

ဖွံဖြိုးလို့ တိုးတက်လို့

ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်ဖို့

မြန်မာဟေ့လို့ ကြွေးကျော်နိုင်ဖို့....

တို့တတွေ...

ဟုတ်တယ် အားလုံးတို့တတွေ

မြန်မာပြည်ဖွား မြန်မာပြည်သားအားလုံးတွေ

စည်းလုံးလို့ညီညွတ်စေ

ဥမကွဲကာ သိုက်မပျက်စေ

ရိုးသား ကြိုးစား

နိုးကြားရှေ့ဆက်

ထက်မြက်ဖျတ်လတ်

တက်ကြွစွာ လျှောက်လမ်းကြလိုက်စမ်းပါ

ညီညွတ်စွာ ဦးထိပ်ထားလျက်

ဆယ့်ကိုးရက်ဒီဇူလိုင်ကို သတိရမှုများစွာနဲ့ပေါ့......

 


ကျွန်တော်ရဲ့ နတ်သမီး
Posted On 07/17/2008 22:10:15
မေတ္တာတရားတွေမွေးဖွားရှင်သ န်

သစ္စာတရားတွေ ချည်နှောင်လို့မြဲမြံ

သံယောဇဉ်ကြိုးတွေ ရစ်ပတ်အထပ်ထပ်

ချစ်ခြင်းတွေကို လှုပ်နှိုးပေါက်ဖွားဖန်းဆင်း ခဲ့တယ်.....

 

တမ်းတမှုတွေ ဒီရေလိုတရိပ်ရိပ်တိုး

လွမ်းဆွတ်မှုတွေ လှိုင်းလို့မြင့်တရွေ့င်္ရေ့တ က်

သတိရမှုမိုးတွေ အသည်းအသန်ရွာသွန်း

မျှော်လင့်မှု တိမ်တိုက်တွေ ရွေ့လျားအောင် စေခိုင်းပြန်တယ်...

 

အင်း.....ကိုယ့်ရေးစပ်တဲ့ကဗျာ...

ကိုယ်သီဆိုခဲ့ တေးသွားများ...

ကိုယ်ရေးချယ်တဲ့ ပန်းချီကားတွေရယ်..

ကိုယ်ထုဆစ်တဲ့ ပန်းပုရုပ်တွေအား...

အများအပြားတရစပ် ထွက်ပေါ်လာအောင်..

ဘာမန္တာန်တွေရွတ်

ဘာဂါထာတွေမှုတ်လိုက်သလည်း

အသည်းနှလုံးကို ပိုင်စိုး

သိမ်းပိုက်ကာ လွှမ်းမိုးထားခဲ့

ကိုယ်ရဲ့ နတ်သမီး ကိုယ်ရဲ့သခင်

ပျော်ရွင်စရာနေ့ရက်လေးတွေေ ရာ ဘယ်တော့များမှာ

ဖန်ဆင်းပေးမှာလို့ စိတ်ကူထားပါသလည်းကွယ်....


တားဆီးလို့ မရနိုင်သော...
Posted On 07/02/2008 23:30:22
  • မြင်နေမှတွေ့မယ်ထင်လား
  • အတွေးများမှာ မင်းကိုတွေ့နေတာ အမြဲလေ....
  • ပြောနေမှ ကြားမယ်ထင်လား
  • စိတ်ကူးများမှာ မင်းအသံတွေ ကြားယောင်နေ...
  • ဆုံစည်းမှ အချစ်ထင်လား
  • နှလုံးသားမှာ ရှိနေသမျှ မင်းကိုချစ်တာ ခိုင်ြမဲစေ...
  • အင်း....အချစ်ကို တားဆီးလို့
  • ပိတ်ပင်ဖို့ ကြိုးစားမှုတွေ
  • ရပ်တန်းကရပ်ပါပေတော့
  • ရှေ့ဆက်ကာ ချစ်နေသည်
  • ကမ္ဘာတည်သရွေ့ ရှိနေစေ
  • ရှင်သန်မည့် ဒီအချစ်တွေ...

  • ကိုသူ

အယူခံအချစ် (၂)
Posted On 07/02/2008 23:27:02
  • သတိရတယ် ကလေးရေ
  • ဘယ်လိုနေရမလဲ
  • ရူးသွားမလောက် ခံစားမှုတွေပြင်းထန်လွန်းတော့
  • တွေးရင်း ငိုချင်မိ
  • မင်းမသိနိုင်တော့
  • ရင်မချိအောင်ကြေကွဲရ
  • ချစ်မိသမျှ ဝေဒနာကဖိစီး
  • နီးစပ်ခွင့်မရှိကြတော့ဘူးလား....
  • အတားအဆီးတွေကများ
  • ကျော်ဖြတ်ဖို့ ခွန်အားကနည်း
  • အသည်းထဲမှာ စူးနစ်မလောက်စွဲငြိနေတော့
  • မသေချာတဲ့ မျက်လှည့်လောကကြီးနဲ့
  • လှောင်ရယ်တတ်တဲ့ ကြမ္မာကို ရိုးမယ်ဖွဲ့
  • အရာရာဟာ အဓိပ္ပာယ်မဲ့
  • ငဲ့ကွက်မိတဲ့ အပြစ်ဒဏ်
  • အသည်းကွဲ မျက်ရည်ကျ
  • မျှော်မှန်းချက် ကမ္ဘာကြီးပျက်သုန်း
  • အကြင်နာဒဏ်ရာတွေ မဆုံးနိုင်တော့
  • စိတ်ကူးယဉ် အိပ်မက်မက်
  • အလွမ်းနေ့ညတွေ ဖြတ်သန်း
  • ကြင်နာသူမရှိတဲ့ ကာရန်မဲ့ဘဝ
  • အနှစ်မရှိတဲ့နေရာ
  • ချစ်မိသူကို သနားငဲ့ညှာစေဖို့
  • သေရာပါ အမာရွတ်ကို
  • အကြင်နာဆေး ပေးစေချင်တယ်ကွယ်....

  • ကိုသူ(3.9.2k,SUN)

နေ့..ည..ဘ၀..
Posted On 07/02/2008 22:22:23
  • ငါရဲ့ည...
  • မှောင်မိုက်လှပါလား
  • ဘယ်သွားနေလည်း
  • ကိုယ့်အသည်း ငွေလမင်းရေ...
  • ငါရဲ့နေ့...
  • ခြောက်သွေ့လှပါလား
  • ဘယ်သွားနေလည်း
  • ကိုယ့်အသည်း ရှင်နေမင်းရေ..
  • ငါရဲ့ဘ၀...
  • ကန္တာရပမာပါလား
  • ဘယ်မှာနားရမလည်း
  • ကိုယ့်အသည်း အိုအေစစ်ကလေးရေ...
  • နေ့တွေ ညတွေ
  • ဘ၀တွေမှာ မင်းသာမပါရင်
  • ရှင်နေပေမယ့် အသက်မရှိသလို
  • မင်းဟာ တစ်ကယ်ဆို
  • ကိုယ်ရဲ့ နေ့ည
  • ကိုယ့်ဘ၀ပါပဲ ချစ်သူရေ...
  • ကိုသူ

မေ့ထားလိုက်တယ်
Posted On 07/02/2008 22:13:14
မေ့ထားလိုက်တယ်

မင်းကို ချစ်တာတွေ....



မေ့ထားလိုက်တယ်

မင်းကို လွမ်းတာလည်း...



မေ့ထားလိုက်တယ်

မင်းကို တမ်းတသမျှ...



မေ့ထားလိုက်တယ်

မင်းနဲ့ ပတ်သက်သမျှ အရာအားလုံး....



မေ့ထားလိုက်တယ်

နုလွန်းတဲ့ ကိုယ့်နှလုံးသားကို....



မေ့ထားလိုက်တယ်

ခံစားတတ်တဲ့ စိတ်ကိုရော...



မေ့ထားလိုက်တယ်

ခိုင်မြဲနေတဲ့ ကိုယ့်အချစ်များစွာအား..



မေ့ထားလိုက်တယ်

ကိုယ့်အမြတ်နိုးထားတဲ့ မင်းအကြောင်းအလုံးစုံ....



အင်း...သတိမရတတ်လို့ မဟုတ်ပါဘူးကွယ်

မေ့တတ်အောင် သင်ပေးထားတာ မင်းပဲရှိတာမို့

မေ့လိုရအောင်ကို မေ့ထားလိုက်တယ်

မင်းနားလည်ပါတယ် မေ့ထားတဲ့သူရယ်.......

လောကဓံ...
Posted On 07/02/2008 22:10:39
လောကဓံ...



မှန်လိုက် မှားလိုက်



ပျော်လိုက် ငိုလိုက်



ချစ်လိုက် ကွဲလိုက်



ရှုံးလိုက် နိုင်လိုက်



ဆုံလိုက် ဝေးလိုက်



မှောင်လိုက် လင်းလိုက်



မိုက်လိုက် တော်လိုက်



ရှော်လိုက် ကောင်းလိုက်



ဟောင်းလိုက် သစ်လိုက်



ဖြစ်လိုက် ပျက်လိုက်



.....လိုက်....လိုက်..နဲ့



ဟုတ်ကဲ့....လောကထဲမှာ နေနေသမျှ



လောကမှာ ရှိတဲ့ လောကဓံကို တွေ့နေကြမှာ



အဲဒီတော့ကာ လောကထဲက လောကဓံကို



ကြံ့ ကြံ့ခံနိုင်သမျှ ခံနိုင်ကျော်ဖြတ်နိုင်ကြပါ စေဗျာ.....





ကိုသူ



Page:  1 | 2 | Next >  Last >>



Copyright © 2008 MyanmarSpace.com. All rights reserved.