Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
winkoko
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 1 - 9 out of 13 Blogs.


Page:  1 | 2 | Next >  Last >>


သွေးစို့ရင်ခွင်
Posted On 06/24/2008 22:41:32
အချစ်တွေ ပေါင်းသင်လို့
စိုက်ပျိုးခဲ့ပေမဲ့ အလွမ်းတွေသာဖူးပွင့်
နေကြာလို မင်းရှိရာအရပ်
မျက်နှာမူခဲ့တယ်
ဘာကြောင့်များ အလွမ်းတွေဖုံးအုပ်
နှလုံးသားကို ကြိုးတုပ်ထားခဲ့တာလဲ
ပျိုးထုတ်ထားတဲ့ အချစ်ကို
ဘယ်လိုရှင်သန်ရမှာလဲ
ဒဏ်ရာတွေ ပျိုးကျဲပေးတဲ့ မင်းကို
သွေးစို့နေတဲ့ ငါ့ ရင်ခွင် ဖွင့်ပြချင်မိတယ်.....


မျှော်လင့် ခြင်းတွေအတွက်
Posted On 06/24/2008 22:19:47

ကြယ်ကြွှေတာမြင်တိုင်း တစ်ခုတည်းသော
ဆုကိုပဲ ထပ်ပြန်တလဲလဲ ငါ......
တောင်းခဲ့မိတယ်
ပြိုကျသွားတဲ့ မျှော်လင့်ခြင်းတွေအတွက်
တခမ်းတနား
အသည်းကွဲပြခွင့် မရခဲ့ဘူး
သွေးရိုးသားရိုး သံယောဇဉ်ကိုမှ
ငါ ... ကဗျာတွေရေးပြီး
လွမ်းနေမှာပါ.....


လွမ်းနေဆဲ
Posted On 06/24/2008 22:17:00

မမေ့နိုင်တဲ့ ဝေဒနာတွေနဲ့
ရင်ထဲကမင်းကို လွမ်းနေဆဲပါ
မဆုံတွေ့နိုင်တော့တဲ့ဘ၀မှာ
ငါ့နှလုံးသားကမင်းကို တောင့်တနေဆဲပါ
ဘာပဲဖြစ်ဖြစ်....မင်းပေးခဲ့တဲ့
အနမ်းတွေနဲ့ပဲ ကျေနပ်နေပါပြီ
သတိရရင် ပြန်လာခဲ့ပါ ချစ်သူရယ်.......

 


မပြောချင်ဘူး....
Posted On 05/26/2008 05:41:41

"Out Of Sight Out Of Mind".... ဆိုသလို
"မင်း" နဲ့ ကွယ်ရာမှာ မေ့ထားချင်တယ် ..
တွေ့တဲ့အခါ ငါ"မင်း" ကို ချစ်လို့
လွမ်းရတာတွေ ဖွင့်မပြောပြချင်ဘူး ။


မင်းကိုသိပ်ချစ်လို့
Posted On 05/26/2008 05:39:59

ကာရန်တွေနဲ့ ပြည့်စုံနေတဲ့ ကဗျာဟာ
အဓိပ္ပါယ်လေးနက်တယ်။
ငါ ရေးတဲ့စာသားတွေက ကဗျာတော့ မဟုတ်ဘူး
မင်းကိုသိပ်ချစ်လို့.. မင်းကပေးတဲ့
ခံစားချက်တွေ
မျိုသိပ်ထားရတာ
တစိမ့်စိမ့်ပြိုကျလာတဲ့
ငါ့အလွမ်းမျက်ရည်စက်တစ်ချို့ကို
ကဗျာအဖြစ်ပြောင်းလဲလိုက်တာ ပါ


မိုးရွာနေတ ယ်
Posted On 05/26/2008 05:34:10

မိုးစက်တွေ မြေပြင်ပေါ် ...
ခပ်ဖွဖွလေး ရွာသွန်းနေတယ် ...
မိုးရနံ့လေးကို ...
ရှုရှိုက်မိတဲ့ အခါတိုင်း ...
မင်းကို သတိရနေမိတယ်ကွာ ...


အခုတော့
Posted On 05/26/2008 05:13:07

နွေရာသီရောက်ခဲ့ပြန်ပြီ
ဟိုးအရင်နွေရာသီတိုင်းမှာ
ပူပြင်းခြောက်သွေ့စွာနဲ့
ငါ ဖြတ်သန်းခဲ့ရတယ်
အခု ငါ အေးမြစိုပြေနေပြီ
အဲဒါ မင်းရဲ့ လှပတဲ့
မျက်ဝန်းတစ်စုံနဲ့ အပြုံးတွေကြောင့်


မင်း...
Posted On 05/26/2008 05:11:38

မင်း...အပြုံးကြောင့် ရင်ခုန်သံ ရပ်တန့်ခဲ့
မင်း...စကားလုံးကြောင့် မျှော်လင့်ချက်အဖြစ် ထင်မိခဲ့
မင်း...မျက်ဝန်းကြောင့် ငါ့အချစ် နိုးထခဲ့ရ
မင်း...ကိုတွယ်တာ သံယောဇဉ်ဖြစ်မိခဲ့
ငါ...မင်းကို သိပ်ချစ်မိသွားပြီကွာ


ကြားရတယ်
Posted On 05/26/2008 05:10:36

မျှော်လင့်မထားတဲ့ နေ့တစ်နေ့မှာ မင်းကိုတွေ့ရှိခဲ့တယ်
မထင်မှတ်ပဲ ငါ့ရင်ခုန်သံ တဒိတ်ဒိတ် သံစဉ်မညီ
မင်းကိုတွေ့မှ ခုန်ခဲ့တယ်
မတောင့်တဖူးတဲ့ စွဲလမ်းမှုနဲ့
မင်းကို နောက်တစ်ကြိမ်တွေ့ချင်ခဲ့တ ယ်
မဖိတ်ခေါ်ဘဲနဲ့
မင်းရဲ့ စကားသံလေးကြားချင်တယ်
ငါ့ရင်ထဲက စကားသံကြားရတယ်
"မင်း ကို သိပ် ချစ် တယ်"




Page:  1 | 2 | Next >  Last >>



Copyright © 2008 MyanmarSpace.com. All rights reserved.