Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
radium
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 1 - 9 out of 28 Blogs.


Page:  1 | 2 | 3 | 4 | Next >  Last >>


နေရစ်ခဲ့ကေ လးရယ်.
Posted On 07/08/2008 06:44:00
နေရစ်ခဲ့ကလေးရယ်.........

မထားရက်ချင်ပေမယ့်

လောကရဲ့မာယာပြဇာတ်ထဲမှာ

က   နေရတာ

ငါမွန်းကျပ်လွန်း လို့

ဒီဇာတ်နဲ့ ဝေးရာကိုသွားပါရစေ။

 

နေရစ်ခဲ့ကလေးရယ်.........

နှုတ်မဆက်ချင်ပေမယ့်

ဟန်ဆောင်စကားတွေကို

ကြားနေရတာ

ငါနားခါးလွန်း လို့

ဒီအရပ်က ပြေးထွက်သွားပါရစေ။

 

နေရစ်ခဲ့ကလေးရယ်.........

ဆုံဆည်းခွင့်ရခဲ့ပေမယ့်

ချစ်ခြင်းတစ်ခုကလွဲလို့

ဘာတစ်ခုမှမင်းအတွက်

ဖန်တီးမပေးနိုင်ခဲ့တာ

နာကျင်ကြေကွဲရ လွန်းလို့

မင်းဘ၀ထဲကထွက်ခွာသွားပါရစေ ။


နေရစ်ခဲ့ကလေးရယ်.........

နေရစ်ခဲ့ကလေးရယ်.........


ခ်စ္သူမသိေ သာ
Posted On 07/02/2008 08:32:00
လွမ်းရတာတွေ



စာမရေးချင်ဘူး



ငါ့အလွမ်းတွေ.............



မင်းသိအောင်လို့



ပြောပြစရာ စကားလုံးရှာမရဘူး ။



ခံစားရတာတွေ



ရင်ဖွင့်မပြချင်ဘူး



ငါ့ခံစားချက်တွေ.............



မင်းနားလည်အောင်လို့



ရှင်းပြစရာ အကြောင်းရင်းရှာမတွေ့ဘူး ။



သတိရခြင်းတွေလည်း



မဖွဲ့နွဲ့ချင်တော့ဘူး



သတိတရနဲ့လွမ်းရတဲ့ခံစားချက်တွေ..............



အရှိန်ပြင်းပြင်းနဲ့မက်ခဲ့ တဲ့



ငါ့အိမ်မက်တွေ.............



လက်တွေ့နဲ့တခြားစီပဲမို့



လောကကြီးကိုလည်း



မတိုင်တည်ချင်တော့ဘူး ။



ဒီဘ၀မှာ.........



မင်းရှိခဲ့တဲ့အတွက်



ငါ့အလွမ်းတွေ ဝေဆာခဲ့ရတယ်



ငါ့ခံစားချက်တွေ ပြည့်စုံခဲ့ရတယ်



ငါ့အိမ်မက်တွေ လှပခဲ့ရတယ်



မင်းမသိသော



သတိရခြင်းတွေကြားမှာဘဲ...........................။

ဒီလောက
Posted On 07/02/2008 08:30:28
ပိုင်ဆိုင်တာတွေလည်း ဆုံးရှုံးဖူးခဲ့ပြီ

ရည်ရွယ်တာတွေလည်း ပျက်စီးခဲ့ပြီးပြီ

လိုချင်တာတွေလည်း ပျောက်ဆုံးသွားခဲ့ပြီ



အစီအစဉ်တွေလည်း လွဲချော်ခဲ့တယ်

ချစ်သောသူတွေလည်း စွန့်ခွာသွားခဲ့တယ်

မရည်ရွယ်တာတွေနဲ့ပဲ ဆုံတွေ့ခဲ့တယ် ။



ဖြစ်ပြီးရင်ပျက်တယ်

ဒါ.....နိယာမ တဲ့

မဖြစ်ခင်ကတည်းက ပျက်စီးနှင့်ပြီးသား

ဒီလောကဓံတရားအောက်မှာတော့

ပျက်သုန်းခြင်း ၊ ပြိုလဲခြင်း

ကျဆုံးခြင်းတွေနောက်မှာ

ငါဘ၀ ........

ဘယ်တော့ဖြစ်တည်ခွင့်ရမှာလဲ ...............။



မှောင်မိုက်ခြင်းတွင်းနှုတ် ခမ်းထက်မှာ

မျှော်လင့်ခြင်းအလင်းမှိန် မှိန်အောက်

ငါတစ်ယောက်ထဲ

စမ်းတ၀ါးဝါးလျှောက်လှမ်းဆဲ

ရုတ်တရက်

ငါ့မီးအိမ်ကို ဘယ်သူမီးငြိမ်းလိုက်တာလဲ .................။။။

ရွက်လွှင့်ည
Posted On 07/02/2008 08:28:39
တမ်းတမျှော်ရည်



ပျော်ရွှင်ခဲ့တဲ့



အိပ်မက်ဆိတ်သုန်း



တရေးနိုးသော်



ဝေဒနာဟောင်း



ရင်မှာခညောင်း



အသဲကွဲဒဏ်ရာ



နာကျင်စွာဖြင့်



မေ့ခဲ့ခြင်လည်း



အမြဲခြောက်လှန့်



ဒီလိုညတိုင်း



မျက်ရည်ပင်လယ်ထဲ



စိတ်တွေရွက်လွှင့်နေခဲ့တယ် . . . . . . . ။


ကျွန်မနှင့် ကောင်ကလေး...
Posted On 07/02/2008 08:26:54
ကျွန်မက

ထွန်းထွန်းနဲ့စိုင်းစိုင်း ခမ်းလှိုင်ကို

ကြိုက်လို့တဲ့

မကျေနပ်တဲ့ကောင်လေးတွေရှိတ ယ် ။



Bigbag ကိုကြိုက်တယ်ပြောမိလို့

မိန်းကလေးဖြစ်ပြီး

နှုးညံမှုမရှိဘူးလို့အပြောခံ ရတယ်။



JMe ကိုကြိုက်ပြန်တော့လည်း

မိန်းမ မဆန်လိုက်တာလို့

အပြစ်တင်ပြန်တယ်။



ရဲလေးနဲ့ရသ ကိုလည်း

ကျွန်မကြိုက်တာပဲဆိုလို့

စိတ်ဆိုးချင်တဲ့ကောင်လေးတွေရှိတယ် ။



တစ်ကယ်ဆို

ကျွန်မအကြိုက်ဆုံးက

ဇော်ဝင်းထွဋ် ဆိုတာ

သူတို့သိရင်ဘာပြောကြမလဲမသိဘူးနော် ။ ။ ။

အဆင်ပြေပါတ ယ်
Posted On 07/02/2008 08:23:05

ချစ်ခဲ့မိတာ

အစစ်အမှန်ပဲမို့

ဖြစ်ခဲ့သမျှအတွက်

အပြစ်ဖွဲ့စရာလို့လည်း

ငါမတွေးပါဘူး ..........

ကြုံဆုံခဲ့တာ

အိပ်မက်မဟုတ်မှတော့

ခံစားရတာတွေက

လေတိုက်ယုံနဲ့လွင့်ပျောက်မ သွားနိုင်ဘူး ............
ဒဏ်ရာဆိုပေမယ့်

နာကျင်စရာလို့မတွေးပါဘူး 

အချိန်ကာလကြားမှာ

နေသားကျအောင်နေထိုင်ရင်း

မင်းမရှိပေမယ့်

ငါ..........အဆင်ပြေပါတယ် ။



ချန်ထားခဲ့တာလား

ကျန်နေခဲ့တာလား

ဝိုးတ၀ါးနဲ့ပါပဲ

လမ်းခွဲခဲ့တာမဟုတ်ပေမယ့်

မင်းနဲ့ငါ

လမ်းကွဲခဲ့တာတော့ သေချာတယ်............

ပြန်ပြင်လို့မရမှတော့

အတိတ်ဆိုတာ တွေးတွေးပြီး

ငါနောင်တမရပါဘူး ..................

ဒီအချိန်မှာ

တစ်ယောက်တည်းဆိုပေမယ့်

ငါ..........အဆင်ပြေပါတယ် ။



ငါမညာပါဘူး

တိုင်တည်စရာလူမရှိ

ခိုလှိုစရာရင်ခွင်မရှိလို့

တခါတခါ

အထီးကျန်ဆန်ပေမယ့်

ပြန်ဆုံခွင့်ကိုတော့

ယောင်ယမ်းပြီးမှတောင်

ငါမတမ်းတပါဘူး................

မှန်တယ်ထင်လို့

လျှောက်ခဲ့ပြီးမှတော့

ငါ့ကိုပြန်လှည့်မကြည့်ပါနဲ့  .............

နင်တန်ဖိုးမထားခဲ့တဲ့အရာတွေက

အမှတ်တရပေါင်းစုံနဲ့

တစ်သက်လုံးစာ သတိရဖို့

ငါ့အတွက်တော့ လုံလောက်ပါတယ်..............

ငါ့ဘေးမှာ နင်မရှိတာကလွဲလို့

ပတ်သက်ခဲ့သမျှတွေက

ဘယ်အချိန်ပဲဖြစ်ဖြစ်

အရင်ကလိုနွေးထွေးဆဲပဲမို့

အသည်းကွဲခဲ့ပေမယ့်

ငါ..........အဆင်ပြေပါတယ် ။ ။ ။


မလွမ်းလောက်တော့ပါဘူး
Posted On 07/02/2008 08:17:40
* ရွှင်ကြည်တဲ့မျက်နှာ



နူးညံ့တဲ့အပြုံး



ချိုသာတဲ့စကားသံ



အို.....အားလုံးအားလုံး



မင်းရဲ့မာယာတော မှာ



ကိုယ်ပျော်ဝင်ခဲ့ဘူးတယ် ။







* ရွှင်ကြည်တဲ့မျက်နှာနောက်မှာ



နူးညံ့တဲ့အပြုံးတစ်ဘက်မှာ



ချိုသာတဲ့စကားသံအဆုံးမှာ



ဟန်ဆောင်လှည့်စား



ပြဇာတ်တစ်ခန်း



အဆုံးသတ်ပြီ ။







* ချစ်သူရယ် အခုတော့ .......



မင်းနဲ့ပတ်သက်ခဲ့သမျှ အရာအားလုံး



ကိုယ် ..........



မလွမ်းလောက်တော့ပါဘူး ။။။



online friend
Posted On 07/02/2008 08:15:22
သူငယ်ချင်း ......

ကိုယ့်ကမ္ဘာမှာ

နှောင်ဖွဲ့မှုမရှိဘူး

ချုပ်ချယ်မှုမပြုဘူး

တားဆီးမှုမလုပ်ဘူး

လာချင်လာ သွားချင်သွား

မင်းဆန္နတစ်ခုတည်းပါ ။



ဝင်လာခဲ့တဲ့အတွက်

ဆုံတွေ့ခွင့်ရခဲ့လို့

မင်းကိုကျေးဇူးတင်ပါတယ်။



နေပေးခဲ့တဲ့အတွက်

အတူတူရှိခဲ့ချိန်တွေကို

ကိုယ်တန်ဖိုးထားပါမယ်။



သွားမယ်ဆိုရင်လည်း

မင်းပျော်ရွင်ဖို့ပဲ

ဆုတောင်းရင်းနဲ့နှုတ်ဆက်ပါတ ယ် ။



ခွဲရချိန်တန်လို့

ဝေးခဲ့ကျရင်လည်း

ဝမ်းနည်းမနေချင်ဘူး

မင်းနဲ့ခင်မင်ခွင့်ရခဲ့ခြင်းကသာ

ကိုယ့်အတွက်

အကောင်းဆုံးဆုလာဘ်တစ်ခုပါ ။ ။ ။

လူ့ဘဝ
Posted On 07/02/2008 08:13:20

လူ့ဘဝ
ရလာခိုက် ဒီဘ၀မှာ
လွမ်းစရာတွေး
သောကတွေမွေးနေခဲ့ရင်
လောကစည်းစိမ်
ချမ်းသာခြင်းသုခ
သင်မတွေ့ရှိဘဲ
လောကငရဲ
ဒုက္ခဆင်းရဲကိုသာ
သင်ပိုင်ဆိုင်ရလိမ့်မယ် ။
ဒါကြောင့်
တရွေ့ရွေ့ကုန်ဆုံးနေတဲ့
လူ့ဘဝ

အချိန်တိုလေးအတွင်းမှာ
အချစ်နဲ့အတူ
အခက်အခဲ ဟူသမျှကျော်လွား
လောကမှာ
ပျော်ပျော်နေလိုက်စမ်းပါ။&nb sp; 




Page:  1 | 2 | 3 | 4 | Next >  Last >>



Copyright © 2008 MyanmarSpace.com. All rights reserved.