Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
phoezayar
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 1 - 1 out of 1 Blogs.


မိုးသည်းသောနေ့တစ်နေ့
Posted On 06/13/2008 01:10:28
ဒီနေ့ ရာသီဥတု စွတ်စိုနေသည်။ လမ်းပေါ်တွင် လူသူ ကင်းရှင်းနေသည်။ ဒီအချိန် ကျူရှင်သွားရင် အတော်ပင်။ ထို့နောက် လွယ်အိတ်ကိုယူရင်း ကျူရှင်သို့ ထွက်လာခဲ့ သည်။ မကြာမီပင် နေ၏အလင်းရောင် ဖျော့ဖျော့လေးဖြစ်သွားသည်။ တိတ်များ အငြိုးကြီးစွာ ငိုတော့မည့်ပုံပင်။ ထို့ကြောင့် လွယ်အိတ်ထဲတွင် ပါလာသော ထီးလေးကို ဖွင့်ပြီး ဆောင်းလိုက် သည်။ အမှန်ပင် တိမ်တို့၏ မျက်ရည် မိုးစက်များသည် ကမ္ဘာမြေပြင်ပေါ်သို့ တစ်ပွင့်ချင်းစီ ကျလာနေသည်။ ထိုအချိန်၌ ကောင်ကင်ထက်၌ လျှပ်စီးလင်းလက်သွားသည်။ ထို့နောက် ကျယ်လောင်လှတဲ့ မိုးချိန်းသံကို ကြားခဲ့ရသည်။ ငိုနေသော တိမ်များသည် မိုးချိန်းသံကို ကြားလိုက်၍လားမသိ တိမ်များ ရှိုက်ကြီးတငင် ငိုလေပြီး။ မိုးများ သည်းထန်လာသည်နှင့် အမျှ လေပါ တိုက်လာသည်။ မိုးနှင့်လေ တပြိုင်နက် ရွာချလာသောကြောင့် ပတ်ဝန်းကျင်ေ၀၀ါး သွားခဲ့သည်။ ထိုအချိန် ရှေ့တည့်တည့်၌ စက်ဘီးတစ်စီး ဘွားကနဲပေါ်လာပြီး ကိုယ့်ကိုဝင် တိုက်လေသည်။ ထိထိချင်း ကိုယ့် ထီး၊လွယ်အိတ်၊ မျက်မှန် သည်လည်း အဝေးသို့ လွင့်စင်သွား သည်။ ကိုယ်တစ်ခုနအတွင်း ဒေါသထွက်မိသည်။ ထို့ကြောင့် ကိုယ်ကိုဝင်တိုက်သူထံသွား ခဲ့သည်။ ကိုယ်ကြည့်မိလိုက်ရာ စက်ဘီးတစ်စီးသည် လှဲနေသည်။ ထိုဘေးတွင် လူတစ်ယောက် ခေါင်းငိုက်စိုက်၍ထိုင်နေသ ည်။ ကိုယ်လည်း ဒေါသတကြီးနဲ့နင်ဘယ်လိုလုပ် လိုက်တာလည်း လို့မေးလိုက်တဲ့အချိန်မှာ ထိုသူသည် ခေါင်းကိုမော့၍ ကိုယ့်ကိုကြည့်သည်။ ကောင်မလေး တစ်ယောက်ပင်ဖြစ်သည်။ ကိုယ့်ကို မော့ကြည့်သော မျက်လုံးများ နီနေသည်။ ပါးများ ပန်းရောင် သန်းနေသည်။ နှုတ်ခမ်းများ ပြာနေသည်။ အမှန်တကယ်ပင် ထိုသူသည် ငိုနေသည်ဟု ထင်သည်။ ကိုယ်လည်း စိတ်မကောင်းဖြစ်သွားပြီး စက်ဘီးကိုထူပေးပြီး အိမ်ပြန်ခဲ့ရသည်။ နောက်တစ်နေ့ ကျောင်းတွင် မြန်မာဘာသာရပ်သင်သော ဆရာမက စာစီစာကုံးတစ်ပုဒ် ပေးသည်။ ခေါင်းစဉ်မှာ မိုးသည်းသောနေ့တစ်နေ့ ပင်ဖြစ်သည်။ ထို့ကြောင့် ကိုယ် ပြုံးလိုက်မိသည်။ မနေ့က အဖြစ်အပျက်ကို ထည့်ရေးလိုက်ရရင် ကောင်းမည်ဟု တွေးမိသည်။

Tags: B2





Copyright © 2008 MyanmarSpace.com. All rights reserved.