Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
laynyinlay7
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 1 - 3 out of 3 Blogs.


တစ်နေ့ကပေါ့ 
Posted On 06/22/2008 03:51:19
ဆုတောင်းချွေမိတာ ဒီတစ်ခုထဲပါ 
အနေဝေးလို့သွေးအေးသွားပြီလားကွယ်.. မတွေ့တာကြာလို့ အချစ်တွေ လျော့သွားပြီးလားကွာ..မောင့်ဆီက ဘာသတင်းမှ မကြားရရင် မနေတက်တော့ဘူး .. တစ်ယောက်ထဲဘယ်လိုနေရမလဲ.. အရင်ကနေတက်ခဲ့ပေမယ့် အခု နင်မရှိရင် ငါ့မှာလောက ကြီးနဲ့ရင်ဆိုင်စရာ ခွန်းအားမရှိတော့သလိုပဲ.. မနက် ဖြန်အတွက် ငါ့အသက်ရှင်ဖို့ အင်အားမရှိတော့ဘူး... နင့်ကိုအရမ်းသတိရနေ တဲ့စိတ်က ရူးမတက်ပဲ .. နင်နေကောင်းရဲ့လား.. ငါ့ရဲ့မျက်ကွယ်မှာ အဆင်ပြေ ရဲ့လား... ငါ့စိတ်ပူတယ်...နင်ကို အချိန်းတိုင်း နေရာတိုင်း သတိရတဲ့စိတ်က ငါ့ကို တော်တော်နှိပ်စက်နေပြီး... အခုလိုမျိုး နင်မပါပဲ တစ်ယောက်ထဲလျှောက် နေရတဲ့ လမ်းတွေ ဘယ်အချိန်အတိုင်းအတာထိလျှောက်နေရမှာလဲ.. ငါ့ မနေ့ကအင်းယားလမ်းမှာလျှောက်ခဲ့တယ် .. အိုး လွမ်းလိုက်တာချစ်သူရဲ့.. ငါ့တို့ ခွဲခွာခဲ့ရတာ ၂ လတောင်မပြည့် သေးဘူးနော်.. တွေ့ခွင့်ရတဲ့ ၁ လကို ငါ့မှာ ၁ နှစ်စာအလွမ်းဖြေရတော့မယ်ချ စ်သူရယ် ... ငါ့မသွားချင်ဆုံးကအင်းယားလ မ်းပဲ ..သေလောက်အောင်လွမ်းတယ်ကွာ..ချစ်ရတဲ့နေ့တွေက ကုန်မြန်လွန်းပြီး အလွမ်းတာ ရှည်လွန်းဘာဘိ....ကျေးဇူးပြုပြီး ငါ့အတွက် ငါမနက်ဖြန် တိုင်း ရှင်သန်နေဖို့ ငါကို အင်အားတွေပေးပါချစ်သူ.. အများကြီး မဟုတ်ပါဘူး.. ငါ့ကို မေ(လ်)လေးပို့ပေးဖို့ပါပဲ.. ...

Tags:


21/6/2008
Posted On 06/21/2008 21:31:02

nothing

ဒီနေ့

ငါ့ဘ၀ကြီးတစ်ခုလုံးစုတ်ပြတ်သတ်သွားခဲ့ပါသည်။ ငါ့မထင်မှတ်ထားခဲ့မိဘူး... အိမ်မက်မက်ခဲ့ဘူးတယ်ဆိုရင် တောင် အဲဒီအိမ် မက်ကြီးကို ငါ့စွန့်ပစ်ခဲ့တာ ကြာပါပြီး...လုပ်ရက်ခဲ့တယ်နော်... လုပ်ရက်ခဲ့တယ်ဆိုတာထက်.. လုပ်သင့်လို့ လုပ်ခဲ့တာလား... ဖြေရှင်းချက်တွေလည်း မလိုချင်တော့ဘူး...အကြီမ်ကြီမ် လှည့်စားခံခဲ့ရပြီးပေမယ့် ... ဒီတစ်ကြီမ် ယုံစားခဲ့မိ တာမှ ...ဘယ်သူ အမှား မှ မဟုတ်ပါဘူး... ငါ့ကိုယ်တိုင်က ရုံးမထွက်မိခဲ့တာ.. တကယ်တမ်းတော့ ငါ့ကမမက်သင့်အိမ်မက်တစ်ခုရဲ့ လှည့်စားတာကိုခံနေမိတာကိုး ...အကြီမ်ကြီမ် နိုးထပေမယ့်လည်း နောက်ဆုံးတော့လည်း ဒီသံသရာကိုပဲ လှည်ပတ်နေ မိပြန်တယ်... ငါ့ဘာလုပ်သင့်လဲ.. အခုငါ့ဘ၀က သေတာထက်ဆိုးနေပြီး... ရှုံးနိမ့်ခဲ့ခြင်းဆိုတာ ငါ့အတွက် မဆန်းသော လောကရဲ့ နိယာမတစ်ခုပဲနော်... ငါ့ကိုယ်တိုင်မယှဉ်ပြိုင်ပဲနဲ့ ရှုံးနိမ့်နေတဲ့ဘ၀ပါလားဆိုတာ ငါ့မသိခဲ့ဘူး... ၀ဋ်လည်မှာ မကြောက်ဘူးလားဆိုတဲ့ လူတွေရဲ့ အမေးတွေကို ငါ့ရဲရဲဝံ့ဝံ့ ဖြေဆိုနိုင်ခဲ့တယ်... ငါ့ချစ်တဲ့သူအတွက် ငါ့ဝဋ်ပြန်လည်တာ ခံနိုင်ရည်ရှိခဲ့ပါ တယ်ဆိုတဲ့ငါ... အဲဒီသတ္တိတွေ ဘယ်ရောက်ကုန်တာလဲ ... သေချာတယ် ငါ့ခံနိုင်ရည်ခုခံနိုင်ဖို့ စွမ်းအား ငါ့မှာမရှိတော့ဘူး... ဒီလောက်လက်စားချေရရင် ကျေနပ်ရောပေါ့.. ဒီနေ့အတွက်ရော နောက်နေ့တွေ အတွက်ပါ ငါ့မှာ ဘာဆိုဘာမှမရှိလာနိုင်တော့ဘူး...ငါ့အရမ်းလည်းပင်ပန်းနေပြီး ...ငါ့နှလုံးသား လဲဒဏ်ရာတွေဗရဖွနဲ့ နာကျဉ်နေပြီး....ငါ့ကိုလွှတ်ပေးပါတော့နော်...ငါ့လုပ်ခဲ့ တာတွေအတွက် ငါ့ပြန်ပေးဆက်ပြီးပြီး ...ကျေနပ်ပါတော့.... အမှတ်တရ အပျော်တွေနဲ့ချစ်ခဲ့ကြတယ်... ချစ်ဖို့လွယ်ခဲ့ပေမယ့်... မုန်းဖို့ကြတော့ ငါ့ဘ၀ နဲ့ရင်းပြီးခံခဲ့ရတယ်... ဒါတောင်မကျေနပ်သေးဘူးနော်... ငါ့ကိုထက်ခါ ထက်ခါ ပြိုလဲကျအောင် .. ငါ့စိတ်ကိုအသေသတ်ပစ်ရက်တယ် ... ငါ့ဘ၀မှာ ဘာမှ မရှိပါဘူး..ငါ့မှာရှိတာ... နင့်ကိုချစ်တယ်ဆိုတဲ့ ချမ်းသာမှုတစ်ခုပဲရှိတယ်.. အဲဒါ လည်း ကုန်ဆုံးသွားပြီးး.. မုန်းရတော့မယ်.. ငါ့နာကျဉ်းသင့်ပြီး... ငါ့အချစ်ကို ဈေးတွက်မတွက်ပါဘူး... ပေးဆပ်မှုအတွက်နည်းနည်းလေးေ တာ့ တုန်ပြန်မှု လေးမျှော်လင့်မိတာငါ့အမှား လား... ဘာလို့များငါ့တို့တွေဆုံစည်းမိတာလဲ.... ငါပျော်ခဲ့မိခဲ့ပါတယ်.. ပျော်ဖို့ချစ်ခဲ့တာမဟုတ်ပေ မယ့်.. ချစ်လို့ငါပျော်ခဲ့ရတာ ပါ...ထွက်ခွာသွားတော့မယ်...နင့်နှလုံးသားနဲ့အဝေးဆုံးကို....ငါ့မှာ ပိုင်ဆိုင်ခွင့် လည်းမရှိတော့ဘူး... ချစ်နေခွင့်လည်းမရှိတော့ဘူး... ပြီးပြီးနော်..... ငါ့ဘ၀က ငါအတွက်ပဲဖြစ်နေရမယ်ဆိုတဲ့ အသိတစ်ခုပဲ ငါ့အတွက် နောင်တတစ်ခု အဖြစ် ကျန်ခဲ့တယ် ...

 

each 


ပုဂံ
Posted On 06/20/2008 05:12:18

 Bagan

 

     2005 ခုနှစ်ရဲ့ နိုဝင်ဘာလမှာ ငါ့တို့တွေ ဘုရားဖူးထွက်ခဲ့ကြတယ်နော် ...  ငါ့မတွေးထားမိဘူး ဒါက ငါ့ရဲ့ ခရီးလမ်းအစပဲဆိုတာကို  ဒီခရီးရဲ့အစမှာတင် ငါ့နှလုံးသားတွေ စည်းချက်မညီနိုင်ပဲ တီးခတ်နေမိနေတယ်ဆိုတာ င့ါကိုယ့်ငါတောင်မသိလိုက်ဘူး... ဒါဟာအပျော်ပဲလို့ထင်ထားမိတ ယ်.. ဒါပေမယ့် အခုချိန်မှာ ဘ၀တစ်ခုဖြစ်လာခဲ့တယ် .. ထိန်းချုပ်ထားပေမယ့်လည်း အကြီမ်ကြီမ်ပဲပြိုလဲနေမိတာ ငါ့ရဲ့အကျင့်လား... ဝေး၀ါးနေတတ်တဲ့ငါ့ရဲ့စိတ်ကို မြင်ယောင်လာအောင်စွမ်းဆောင်ပေးတတ်တယ်နော်... နင့်ဟာငါ့ရဲ့ ကောင်ကင်က ဓူဝံကြယ်လေးပါ... ငါ့ကို လမ်းပြပေးနေတဲ့ နင်ကြောင့် အခုဆိုရင် နင်မရှိပဲငါ့ ငါ့ဘယ်ရှေ့ဆက်ရမှာလဲ... ငါ့တို့တွေ လှောင်ပြောင်မှုတွေနဲ့ အမှတ်တရဖြစ်လာခံရတယ်  အမှတ်တရအနေနဲ့ ညစဉ်ညတိုင်းမက်တဲ့ အိမ်မက်လေးတစ်ခုဖြစ်လာပြန် ရော .. စွဲလန်းတဲ့စိတ်ကနေ တမ်းတရင်း အချစ်ဆိုတဲ့ ပိုက်ထွေးမှုနဲ့ ရင်မှာဖြစ်လာတယ်နော်...တစ်နေ့မှမေ့မရဘူးမောင်ရယ်...ဘယ်အချိန်ပြန်စဉ်းစားစဉ်းစား ဟောင်းနွမ်းမသွားတဲ့ င့ါတို့ရဲ့ အတိတ်ခရီးလမ်းလေးပဲနော်...





Copyright © 2008 MyanmarSpace.com. All rights reserved.