Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
infamous13
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 1 - 4 out of 4 Blogs.


မြန်မာနဲ့Hip hop #(၁၉၉၀-၁၉၉၅) -SKIP-
Posted On 06/19/2008 13:07:25

မြန်မာနဲ့Hiphop #(၁၉၉၀-၁၉၉၅) -SKIP-

၉၄။၉၅နောက်ပိုင်းမှာမြန်မာ ပြည်မှာ ဂြိုလ်တုစလောင်းတွေ တပ်ဆင်ခွင့်ရလာလို့ Mtvလိုင်းကိုကြည့်ခွင့်ရခဲ့လို့ ကျွန်တော့်လိုရက်ပ်ပေါတစ်ေ ယာက်အဖို့တော့ရွှေပဲပေါ့ဗျာ ..။ (ရက်ပါမဟုတ်သေးခင်ရက်ပ်ရူးဠ›á€°á€¸á€ąá€”သူကိုကဟျနယ်တဏယတို့ အုပ်စုတွေကြားမှာရက်ပ်ပေါလို့ပဲခေါ်ပါတယ်) MTVဂီတလိုင်းကိုကြည့်ခွင့်ရခဲ့လို့ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီးကမ္ဘာမှာကျော်ကြား နေတဲ့တပြိုင်နက်တည်း ခံစားခွင့်ရခဲ့ပါတယ်..

ကျွန်တော် မှတ်မိသလောက်ကတော့..အဲဒီအချိန်ကMTVမှာ SnoopDoggyDogg ရဲ့ What's MyName ။Dr.Dreရဲ့Fridaysoundtrack-KeepTheHeadsRingin' တို့ခေတ်စားနေချိန်ပါ.။Mtvမှာ Mtv Soul ဆိုတဲ့ ကဏ္ဍသစ်ကို တိုးချဲ့ပြီး လူမဲတွေရဲ့သီချင်းတွေ သီးသန့်တင်ဆက်ပေးနေချိန်ပါ ..။ လူပျိုတောင်မဖြစ်သေးတဲ့ မူလတန်း ကျောင်းသားလေး ကျွန်တော်ကို ဒီ Hiphop ဂီတကအပြီးအပိုင်သိမ်းသွင်း လိုက်ပါတယ်၊ အဲဒီအချိန်ကကျွန်တော်အတွေး မှာဒီဂီတကို အရမ်းမိုက်တယ်၊ဘယ်လိုများဖ န်တီးကြလဲဆိုတဲ့ သိချင်စိတ်ပြင်းစွာနဲ့ ရှိတဲ့ကလေးဥာဏ်လေးနဲ့မြန်မာမဂ္ဂဇင်းတွေမှာလိုက်ရှာပြီး လေ့လာခဲ့ပေမယ့်.. ရှာမရခဲ့ပါဘူး. .တစွန်းတစတောင်..။

ရှားရှားပါးပါး ရှိတဲ့ သပြေ မြန်မာဂီတမဂ္ဂဇင်း ဟာလဲ အဲဒီအချိန်ကာလထိ UnchainedMelodyကမတတ်သေးပါ။ စလောင်းတွေတပ်ဆင်ခွင့်ရတဲ့ အချိန်ထိကျွန်တော်တို့လက်လှမ်းမှီတဲ့ တေးသံသွင်းဆိုင်တွေမှာ McHammer နဲ့ VanillaIce တို့ကလွဲပြီးကျန်တဲ့ HiphopRap Album တွေမရှိခဲ့ပါဘူး..။အဲဒီလောက် ထိကျွန်တော်တို့ မြန်မာနိုင်ငံ ရဲ့ဂီတMovementá€ąá€á€źá€Ÿá€Źá€Ąá€Źá€¸á€›á€–á€­á€Żá‚•á‚”á€ąá€€á €Źá€„ယးခဲ့ပဍတယယ..။

အမှတ်တရအနေနဲ့ KrissKross ဆိုတဲ့ င်္အကျီ။ဘောင်းဘီ ပြောင်းပြန်ဝတ်ပြီး၊ ဆံပင်တိုကိုကျစ်ဆံမြီးကျစ် ထားတဲ့စတိုင်လ်နဲ့ လူမည်းကလေးလေး၂ယောက်ရဲ့ Jump! ဆိုတဲ့ သီချင်းပါဝင်တဲ့ အယ်လဘမ်ကို ကျွန်တော်အတန်းဖော် သူငယ်ချင်းရဲ့ အစ်ကို ရော့ခ်ကာကြီးဆီက ရရှိခဲ့ပါတယ်.. ကျွန်တော့်ဘ၀မှာပထမဦးဆုံး ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ HiphopAlum အခွေပါ...။အဲဒီရော့ခ်ကာကြီးဆီကနေ Mtvမှာ မလာတဲ့Hiphop Underground ဗွီဒီယိုတွေ ကြည့်ပြီး Industry ထဲမရောက်ခင်ဒါမျိုးတွေရှိပါလားဆိုပြီး သိခွင့်ရခဲ့ပါတယ်..။ကျွန်တော်ရက်ပ်ပေါဘ၀ အမှတ်တရတွေပါ..။ဟာသအနေနဲ့ ကျွန်တော်အမှတ်ရနေတဲ့အဖြစ် တစ်ခု ကတော့..Mtv မှကျွန်တော် သဘောကျ နှစ်သက်တဲ့ သီချင်းတွေကို မြို့ထဲ တေးသံသွင်းဆိုင်တွေမှာ Selectionကူးဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါ ..။ နောက်ဆုံးကတ်ဆတ်တစ်လုံးနဲ့ Mtv မှာသီချင်းလာချိန်ကိုTv ရှေ့ထိုင်စောင့်ရင်း လိုချင်တဲ့သီချင်းလာတာနဲ့ TVကSpeaker ကိုကတ်ဆတ်နဲ့ ကပ်ပြီး Recordလုပ်ရင်း လိုချင်တဲ့သီချင်းတွေ ပိုင်ဆိုင်ရဖူးခဲ့တယ်..။

၉၅ ခုနှစ်မတိုင်ခင်ကျွန်တော် ရက်ပ်ပေါရဲ့ ပတ်ဝန်းကျင်မှာ..အသိုင်းအ၀ိုင်းကြားမှာ.. Hiphopကိုရူးသွပ်တဲ့လူချင်း တွေ့ဆုံခွင့်မရ ခဲ့ပါဘူး..။ တစ်ယောက်တည်းကြိတ်ရူးရင်းသီချင်းတွေနဲ့ပဲနေခဲ့ရပါတယ် ..။ Hiphopဆိုတဲ့အရာကိုရှင်းပြနိုင်မယ့်လူ..၊လမ်းညွှန်ပေးနိုင်မယ့်လူတက ယ်မရှိခဲ့ပါဘူး...။

ဒါတွေကကျွန်တော့်အဖြစ်အပျက်တွေဖြစ်တဲ့ အတွက်တခြားလူတွေနဲ့ အမြင်ကွဲလွဲနိုင်ပါတယ်..။

ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ hiphop နဲ့ပတ်သတ်တဲ့ အဖြစ်အပျက်တွေပါ..။ကျွန်တော့် တစ်ဦးထဲရဲ့ သဘောနဲ့ ပြောမယ်ဆိုရင် ၉၅ခုနှစ်မတိုင်ခင် ထိ Hiphopဟာ မြန်မာတွေနဲ့ လက်လှမ်းမမှီသေးတဲ့အရာ..အံမ၀င်သေးတဲ့ဂီတတစ်ခု အဖြစ်သတ်မှတ်ရင်း...နိဂုံးချုပ်လိုက်ပါတယ်...။

ကြိုးစားလျက်...

Tags: MyanmarHiphopHiphopYangonMyanmarRapRapStreetDreamမြန်မာ á


မြန်မာနဲ့Hip hop #(၁၉၉၀-၁၉၉၅)...
Posted On 06/19/2008 12:19:45

မြန်မာနဲ့Hip hop #(၁၉၉၀-၁၉၉၅) -အပိုင်း(၂)

့မြန်မာပြည် MC ပိုင်းမှာတော့အစောဆုံး ဦးဆောင်ခဲ့သူကတော့ ၁၉၉၀ခုနှစ်မှာ“မိုးတွေရွာနေချိန်ချိန်ခဏ” နဲ့ မြန်မာတွေကိုRap ဆိုတာဘယ်လို ဆိုတာမိတ်ဆက်ပေးခဲ့သူ..အသံဖမ်းင်္အဂျင်နီယာ မျိုးကျော့မြိုင်ပါ.. ဒီအယ်လဘမ်ကိုသူအသက် ၁၇ နှစ် ၁၉၈၇ မှာစတင်ဖန်တီး ခဲ့ပါတယ်။

သူရဲ့ဒီ အယ်လဘမ်ထဲမှာဂျေမောင်မောင်ရဲ့ Hit ဖြစ်ခဲ့တဲ့ကျွန်တော်မကောင်းဘူး သီချင်းကို Remix လုပ်ပြခဲ့ပါတယ်။ အခုချိန်ထိ အောင်မြင်နေဆဲ Rapအချစ်သီချင်းဖြစ်တဲ့ “ဘာစတေးရမလဲ” ဟာဒီအယ်လဘမ်မှာပါဝင်ခဲ့ပါတ ယ်.. ၊HumanBeatbox သံနဲ့ဂီတကိုလဲ “အလုပ်သိပ်များနေတယ်” ဆိုတဲ့Blues ဂီတဆန်တဲ့သီချင်းမှာဖန်တီး ပြခဲ့ပါတယ်။ ကိုမျိုးကျော့ရဲ့ဒီ အယ်လဘမ်ဟာ တစ်ခွေလုံး Rap သီချင်းတွေ အပြည့်မပါခဲ့ပေမယ့် မြန်မာလူငယ်တစ်ယောက်အနေ နဲ့ ဒီနိုင်ငံကို ဂီတသစ်တစ်ခုအနေနဲ့ MusicArrangementကအစ လုံးဝအသစ်တွေနဲ့ တင်ဆက်ပြသခဲ့ပါတယ်..။

ဒီအယ်လဘမ်ဟာ မြန်မာတစ်ပြည်လုံးအတိုင်းအ တာ အနေနဲ့မအောင်မြင်ခဲ့ပေမယ့် ရန်ကုန်မြို့မှာတော့သူဟာ လေးစား ရမယ့် လူငယ်ဂီတ ပညာရှင်အဖြစ်အသိအမှတ်ပြုခဲ့ ကျရပါတယ်.. သူဟာဒီနေ့အောင်မြင်နေတဲ့မြ န်မာHiphopလောက ရဲ့ ဦးဆောင်သူ Pioneer တစ်ယောက်ဆိုတာဘယ်သူမှ မငြင်းနိုင်ပါဘူး..။သူနောက်ပိုင်းမှာ Rap ဆန်တဲ့ သီဆိုမှူမျိုးလိုက်လုပ်နို င်ခဲ့တဲ့သူမရှိခဲ့ပါဘူး..။ {စိုးလေး၊ဘရိတ်ကီတို့Rapဆိုခဠ˛á‚•်ပမယယအကိုယယပိုငယဖနယတဎးမဠ˝á€°áŠ ကိုယ်ပိုင်အရည်အချင်းနဲ့ဖန်တီးသူများမဟုတ်လို့ ချန်လှပ်ထားခဲ့ပါတယ်}။

ကိုမျိုးကျော့ဟာသူ့မိတ်ဆွေ Virus3(Bass- ခင်မောင်သန့် ၊ Drum- မရခိုင်၊ Keyboard-အောင်ဒူး) တို့နဲ့အတူ ဒီ ယဉ်ကျေးမှူကို မြန်မာတွေနား နဲ့ရင်းနှီးအောင်လုပ်ပြခဲ့ ပါတယ် ။DrumLooping,KeyBoard Synthesizer တွေနဲ့ လူငယ်ဂီတသစ်ကိုဦးဆောင်ခဲ့ သူ အဖြစ်ဒီနေရာကနေမှတ်တမ်း လိုက်ပါတယ်။ (မျိုးကျော့မြိုင်ရဲ့ ဖန်တီးမှူတွေကိုအချက်အလက်ြ ပည့်ဆုံစွာနဲ့ မှတ်တမ်းဖော်ပြတင်နိုင်အော င်ကြိုးစား ပါဦးမယ်)  ဒီLinkကတော့  မျိုးကျော့မြိုင်ချစ်သူတွေ အတွက်ပါ ..www.myokyawtmyaing.blogspot.com

Graffiti နဲ့ DJ အပိုင်းမှာကတော့ ၉၅မတိုင်ခင်အထိလှုပ်ရှားမှူများ မှာတစ်ဦးတယောက်ချင်းကလြွဲ ပီး ကျယ်ကျယ်ပြန့်ပြန့်လှူပ်ရှားမျိုးမရှိခဲ့ပါဘူးထင်ပါတ ယ်။ အကယ်လို့ကျွန်တော်ထက် အသက်ကြီးပြီး သိမှီခဲ့သူများ ရှိခဲ့ပါက ဒီနေရာမှာပြန်လည်ဖော်ထုတ်ေ ပးဖို့ ကျွန်တော်မေတ္တာရပ်ခံရင်း နိဂုံးချုပ်လိုက်ပါတယ်..။

ကြိုးစားလျက်..

Tags: MyanmarHiphopHiphopYangonMyanmarRapRapStreetDreamမြန်မာ á


Wellcum 2 LanbayEainmatt
Posted On 06/16/2008 12:50:37

မင်္ဂလာပါ ခင်ဗျာ..

ဒီဘလော့ဂ်ကိုစတင်ရေးရခြင်း ရည်ရွယ်ကအများချည်းမရှိပါဘူး။

ကျွန်တော်အင်တာနက်အသုံးပြု ရင်း၊ ဘလောဂ့်တွေဖတ်ရင်းနဲ့တစ်ခု သတိထားလာမိတယ်။
ကျွန်တော်တို့မြန်မာဘလော့ဂ်ဂါတွေဖန်တီးထားတဲ့ ဘလော့ဂ်တွေကို ကျွန်တော်စီးမျောကြည့်ပါတယ်။
နိုင်ငံရေး၊စီးပွားရေး၊ကြီးပွားရေး၊စာပေ၊ရုပ်ရှင်၊နည်းပညာဆိုင်ရာအမျိုးမျိုး စသည်ဖြင့်နယ်ပယ်စုံအကြောင်းကိုရေးကြတာတွေ့ရပါတယ်။ အားလုံဝိုင်းဖတ်ကြတယ်၊ ဆွေးနွေးကြတယ်အမြင်နဲ့အယူအ ဆခြင်းဖလှယ်ကြတယ်.အားရစရာပါ။ သို့ပေမယ့် ကျွန်တော်စိတ်ထဲမှာအစိတ်အပိုင်းတခုခုလိုနေသလိုလို.. မပြည့်စုံသလိုခံစားရပါတယ်...။
အဲဒါကတော့ကျွန်တော်တို့မြန်မာ့ဂီတနဲ့ပတ်သတ်ရင် အရေးတယူလုပ်ပြီးမှတ်တမ်းတင်ထားတဲ့
နေရာဝက်ဘ်ဆိုက်၊ဘလော့ဂ်ကို ရှာလို့မတွေ့တာပါပဲ အလွန်ဆုံးနံမည်ကြီးဟစ်ဖြစ် နေတဲ့လူတွေ.. သူတို့ရဲ့သီချင်းတွေကိုပဲဦးစားပေးပြီးစုဆောင်းထားတာ .. ဒေါင်းလုဒ်ပေးတာဒီလူတွေရဲ့ သီချင်းတွေကိုပဲပြောဆိုကြတာ တွေ့ရပါတယ်. . .။

အထူးသဖြင့်မြန်မာဟစ်ပ်ဟော့ ပ်နဲ့ပတ်သတ်ရင်မတွေ့ရသလောက်ပါပဲခင်ဗျ..

ဘယ်သူကမှအရေးတယူလုပ်ပြီးနေ ရာမပေးသလိုလို.. ကျွန်တော်ခံစားမိတယ်ဗျဘာလို့လဲဆိုတော့.. ကျွန်တော်ကဒီဟစ်ပ်ဟော့ပ်ကို..ဂီတအမျိုးအစားတစ်ခုထက်ပြို ပီးတော့.. ယုံကြည်တဲ့..လူတစ်ယောက်ပါ..။

မြန်မာ့ဟစ်ပ်ဟော့ပ်သက်တမ်း ကတွေးကြည့်မယ်ဆိုရငို ၂၀၀၀ခုနှစ်-အက်ဆစ်အဖွဲ့ စတင်ခြင်းအယ်လဘမ်နဲ့မြန်မာ ပြည်မှာ အောင်မြင်ခဲ့တာ၂၀၁၀ဆိုရင်၁ ၀နှစ်ပြည့်ပြီဗျ..။ ဒီ၈နှစ်အတွင်းမှာ... ဖြစ်ပျက်ခဲ့တဲ့လမ်းမထက်က မြန်မာရက်ပ်ပါလူငယ်တွေရဲ့ ရူးသွပ်မှူ၊အိပ်မက်၊စိတ်ကူးတွေ၊ အနှိမ်ခံရတဲ့ကြားကရုန်းကန် ခဲ့ရတာတွေ၊
တီထွင်ကြံဆပြီးလမ်းသစ်ဖောက်ခဲ့ကြရတာတွေ. . အားလုံးဒီလိုပဲ..
ခေတ်ရေစီးကြားမှာပျောက်သွားရမှာလား . .??? ဒီလိုစိတ်ကူးတွေနဲ့ပဲ.. ဒီဘလော့ဂ်စာမျက်နှာကို စဖွင့်လိုက်ပါတယ် . .။

မြန်မာဟစ်ပ်ဟော့ပ်လောကရဲ့အ ကြောင်းအရာတွေကို ကျွန်တော်အစွမ်းရှိသလောက် ဒီနေရာကနေတင်ပြချင်ပါတယ်.။

အယူအဆခြင်းမတူညီလို့ဝေဖန် ဆွေးနွေးငြင်းခုံတာတွေအားလုံးကိုလက်ခံပါတယ်။
အပြုသဘောပဲဖြစ်ဖြစ်-အပျက်သဠąá€˜á€Źá€•ဲဝဖစယဝဖစယ..အားလုံးကို..လက်ခံပါတယ်။

ဒီဘလော့ဂ်ကို..လမ်းဘေးအိပ်မက်လို့ပေးထားတဲ့အတိုင်းအားလုံး
လမ်းဘေးပလတ်ဖောင်းပေါ်မှြာေ ပာဆိုသလို ပြောဆိုဆက်ဆံလို့ ရပါတယ်

ကျွန်တော်တို့အတူတူ..ဒီလမ်းဘေးမှာ..ထိုင်ရင်း၊ငေးရင်းနဲ့.. ကျွန်တော်တို့ဂီတအကြာင်း ကိုတစေ့တစောင်းလေ့လာကြည့်ဖို့.. ဖိတ်ခေါ်ပါတယ်..။

ဒီဘလော့ဂ်က..ကျွန်တော့်အတွက.်ပထမဦးဆုံးအတွေ့အကြုံဖြစ် နေလို့ အဆင်မပြေတာများမပြည့်ဆုံတာ များရှိခဲ့ရင် အားလုံးဝိုင်းပြီးဝေဖန်အကြံပေးကြပါလို့.

ဒီနေရာကနေစာဖတ်သူအားလုံးကိုတောင်းဆိုပါတယ်ခင်ဗျာ. . . . .။

Tags: Hiphop Street Dream Rap MyanmarHiphop


မြန်မာနဲ့Hip hop #(၁၉၉၀-၁၉၉၅)...
Posted On 06/16/2008 09:30:40

မြန်မာနဲ့Hiphop #(၁၉၉၀-၁၉၉၅) -အပိုင်း(၁)

ကျွန်တော်ဖြတ်သန်းလာတဲ့အချိန်တောက်လျှောက်မှာHiphopယဉ်ကျေးမှုဟာမြန်မာနိုင်ငံကို
ဟိုးစောစောထဲကရောက်နေခဲ့တာ ပါ။၉၀ခုနှစ်နောက်ပိုင်းမှာ ရောက်ရှိလာခဲ့တယ်လို့ကျွန် တော်ထင်ပါတယ်။
(၁၉၉၀မှာကျွန်တော်အသက်ဟာနှဠ…á€šá€Ąá€›á€źá€šá€šá€•á€˛á€›á€˝á€­á€ąá€žá€¸á€œá€­á€Żá€Ąá€™á€˝á€á€šá€™á€˝á€ Źá€¸á€á€˛á€ˇá€›á€„ယ ဒီနေရာမှာပြင်ဆင်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်..)

အနောက်နိုင်ငံတွေမှာ၁၉၇၈နောက်ပိုင်းမှာပြန်နှံ့ခဲ့ ပေမယ့် မြန်မာတွေနဲ့ဟစ်ပ်ဟော့ပ်ပတ်သတ်မိကြတာ၁၉၉၀ခုနှစ်နောက်ပိုင်းမှပါ..။

အဲဒီအချိန်ကတစ်နိုင်ငံလုံး အတိုင်းအတာနဲ့မဟုတ်ရင်တောင်မြန်မာပြည်ရဲ့
မြို့ကြီးများရဲ့လမ်းမတွေေ ပ်ါမှာမိုက်ကယ်လဂျက်ဆင်ရဲ့က ကွက်လိုလို..၊ အရက်မူးသမားသိုင်းကွက်နင်း သလိုလို..၊မျောက်လွှဲကျော်တစ်ကောင်လိုလို ကကွက်တွေကိုအပြိုင်အဆိုင်ေ လ့ကျင့်နေကြတဲ့လူငယ်တွေကို ..
လူကြီးတွေအလွန်တရာမျက်စိနောက်စိနောက်ခဲ့ဖူးပါတယ် အားပေးတဲ့လူကြီးဆိုတာမရှိသ လောက်ပါ..။ လေ့ကျင့်ဖို့အတွက်လဲဗီဒီယိုတွေကပဲအတုယူစရာရှိခဲ့တာပါ ..။ဒီလိုအခက်အခဲတွေ ကြားကပဲကျွန်တော်တို့မြန်မာလူငယ်တွေရဲ့ကြိုးစားမှူဟာ ရန်ကုန်မြို့၊ရပ်ကွက်အလိုက်အကောင်းဆုံး.. အတော်ဆုံးBreakDancerá€ąá€á€źá€ąá€•ášá€‘á€źá€€á€šá€šá€œá €Źá€á€˛á‚•ဖူးပဍတယယ။ မူလတန်းကျောင်းသားကအစမိဘတွေနဲ့ ပြဿနာတတ်လောက်အောင်ကခဲ့ကြတ ယ်ပေါ့ဗျာ။

အအောင်မြင်ဆုံးမှတ်တိုင်အေ နနဲ့... ၁၉၉၃-၉၄၀န်းကျင်က  ကမ္ဘာအေးဘုရားလမ်း၊ချင်းချောင်းခြံရှေ့က ပင်လုံဆို့တဲ့ခြံကျယ်ကြီးထဲမှာ ရန်ကုန်မြို့ပေါ်က.. အကအဖွဲ့တွေ၁ဦးချင်းရော..အုပ်စုလိုက်ယောက်ျား၊မိန်း မအဖွဲ့လိုက်..
ယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲ ကြီးပါ..Musicá€•á€­á€Żá€„á€šá€¸á€Ąá€ąá€”á€”á€˛á‚•á€€á€ąá€á€Źá€ˇá€Ąá€˛á€’á€Žá€Ąá€á €şá€­á€”ယက်ခတယစဏးခဲအတဲအ.. McHammer,KLF,VanillaIce,C+C-MusicFactory..စတဲ့မျိုးကျော့မြိုင်ရဲ့..
Rapသီချင်းသီချင်းဆိုရင်လုံး ၀မကြိုက်..သီချင်းထဲကအဖွဲ့တွေကတော့..
ရေပန်းအစားဆုံးအဖွဲ့တွေပါ..။ အဲဒီအချိန်မှာUSမှာ..EastCoast-Vs-WestCoast.. ပြဿနာဖြစ်ဖို့စစ်ပြင်နေကြပါပြီ...။ ဒီမှာကတော့အပေါစားအနှစ်မရှိတဲ့ပေါ်ပင်အဖွဲ့တွေရဲ့ စည်းချက်တွေနဲ့လေ့ကျင့်ခဲ့ ကြရပါတယ်။ဒီလိုကြားကနေ အဲဒီခေတ်အတိုင်းအတာအရမြန်မာB-boiတွေရဲ့ကကွက်တွေဟာ အဆင့်အတန်းမှီခဲ့ပါတယ်.မညံ့ခဲ့ကြပါဘူး။ ခေတ်စံနစ်အရဒီယဉ်ကျေးမှူဟာ တိုးတက်မလာခဲ့တာဟာ.. ၀မ်းနည်းစရာအဖြစ်တွေးမိပါတ ယ်...။

သကြ`်န်ဆိုရင်..မဏ္ဍာပ်တွေရှေ့မှာကကွက်တွေကို..ကားတစ်စင်းနဲ့တစ်စင်း၊ တစ်ယောက်ချင်းစီယှဉ်ပြိုင် ကာအပျော်အနေနဲ့ကခဲ့ကြတယ်.၊ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်ပိုမို ရင်းနှီးလာတယ်၊မသိသေးတဲ့အရာတွေ.. ပညာချင်းဖလှယ်ခွင့်ရှိလာတယ်။လူငယ်တွေစည်းလုံးလာခဲ့ကြ တယ်။ ဒါ..ညကလပ်ယဉ်ကျေးမှူမပေါ်သေးခင် အချိန်ပါ.. ထိပ်ဆုံးထိလျှမ်းလျှမ်းတော က်ကျော်ကြားခဲ့သူတွေမရှိခဲ့ ပေမယ့်ရပ်ကွက်တွေထဲမှာတော့ .. "အဲဒီဘဲကတာအရမ်းတော်တာ.ဟိုဘက်မြို့နယ်ကဘယ်နေရာမှာ ဘယ်လိုချိန်းပြီး ဘယ်လိုကခဲ့ကြတာ."ဆိုတဲ့အဖြစ်အပျက်တွေဟာ လူငယ်တွေရင်ထဲမှာအားကျဂုဏ် ယူပြီးပြောခဲ့ကြတယ်.။ လူငယ်ရဲ့ရင်ထဲကဂုဏ်ပြုခြင်းကိုရရှိခဲ့ရုံပါပဲ.။ လူကြီးတွေအမြင်မှာတော့..အရူးတစ်ယောက်အပြင်မပိုခဲ့ပါ.။ ဒါတွေဟာ..၀မ်းနည်းစရာ..နာကြင်စရာ..အဖြစ်တွေပါ.။
ခေတ်စံနစ်အရ..ဒီလူတွေဟာထိပ်ကိုမရောက်မလာ ခဲ့ပေမယ့်မျိုးစေ့ချပေးနို င်ခဲ့တယ်
လို့ ကျွန်တော်ဒီနေရာကနေမှတ်တမ်းတင်ရင်းနိဂုံးချုပ်လိုက်ပါတယ်...။

Tags:ံHiphop MyanmarHiphop Streetdream Rap MyanmarRap





Copyright © 2008 MyanmarSpace.com. All rights reserved.