Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
cyang
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 1 - 3 out of 3 Blogs.


စီဝိုင်ရေး သောအိမ်မက်...
Posted On 08/22/2008 06:28:59

ကျွန်တော် သည်အေးချမ်းမှုကို လိုအပ်တိုင်း ဒီရေကန်ဘေးမှာ ထိုင်ဖြစ် ခဲ့တယ် ။ သည် ရေကန်ကြီးက အေးချမ်းတယ်လေ လူတွေမှာ ဒီလောက် လောဘ တွေဒေါသတွေနဲ. ဖြစ်တည်နေတာ မလား ။ကျွန်တော် သူငယ်ချင်းတော်တော် ကတော့ ဒီလောဘတွေကြောင့်ပဲ လူသားတွေတိုးတက် လာတာတဲ့လေ ။ ဒီလောဘ တွေက ပဲ လူသားတွေကို ပျက်စီးစေတာ လား ။
မေးခွန်း နဲ. စတဲ. ကျွန်တော် အတွေး မေးခွန်း နဲ. ဆုံးသတ် သွားခဲ.တယ် ။ '

ဒီလို ထိုင်နေရင်း နဲ. ကျွန်တော် သည် ရေစပ် က ကျောက် တုံး လေး ဖြစ်သွားသည် ။ ထိုအခါ မှ ကျွန်တော် သည် မည်သူ ပြောမှန်း မသိသော စကားကို အကောင်ထည် ဖော် လို လာသည် ။ ငုတ်မိသဲတိုင် တက်နိင်ဖျားရောက်ဆိုတာ လေ ။
ကျွန်တော် လည်း ဟိုး.ပင်လယ် ရေအောက် ကြမ်းပြင် ကို လိမ့် လို တဲ. စိတ်ဖြစ်လာတယ် လေ ။ ကျွန်တော် အားစိုက်ပြီးလိမ့် ကြည့်တယ် ။ လိမ့်ရင်းလိမ့် ရင်း နဲ. ပဲ ရေစီး သန်တဲ.နေရာ တစ်ခုကို ရောက်သွားတယ် လေ ။
ရေစီး ကြောင့် အားစိုက် ဖို. မလိုတော့ အောင် လိမ့်သွားတယ် ။ ကျွန်တော် လို ကျောက်တုံး တစ်တုံး နဲ.သွားတွေ.တယ် ။
ကျွန်တော် ကစ ပြီး စကားဆိုလိုက်တယ် ။

“ကျွန်တော် တို.ရောက်နေတာ ဘယ်နေရာ လဲဗျ ”
“ပုဇွန်တောင် ချောင်း လို.သူကဖြေတယ် ”

ကျွန်တော်ရောက် နေတာ ပုဇွန်တောင် ချောင်း ဆို တော့ ကျွန်တော်ပျော် သွားတယ် ပုဇွန်တောင် ချောင်း ပြီးရင် ပဲခူးမြစ်
ထဲ က ကြေးခေါင်းလောင်း ကြီးကို သွားကြည့်မယ် ။ ပြီးရင် သန်လျင် ကျောက်တန်း ရေလယ် ဘုရားကို သွားရဦးမယ် ။
ပြီးရင် ပင်လယ် ထဲသွားပြီး တိုက်တန်းနစ် ကို လေ့လာမယ် ပေါ့လေ ။ အခုတော့ ရေစီး အရှိန် နဲ.လိမ့် နေတုန်းပဲ ။

ကျွန်တော် လိမ့်နေရင်းနဲ. ရေစုပ် စက် ကြီး ကဆွဲ ခေါ် သွားတယ် ။ နောက်တော့ လော်လီကားကြီးနဲ. လူတွေနေတဲ့ ကုန်းမြေပေါ် ရောက်လာ ခဲ.တယ် ။ ကျွန်တော် ကျောက်ခဲ စဖြစ် ကတည်း က ကုန်းမြေပေါ်သို. ရောက်ဘူး ခြင်း မရှိပါ ။
ကုန်းမြေ သည်ပူလောင် လွန်းတဲ့တွက် ကျွန်တော် ကိုယ်ပေါ်မှ ရေ စက် ကလေး များ ကပင် ကျွန်တော် ကို နှုတ်ဆက် ထွက် ခွာဖို. ပြင်ဆင်နေကြတယ် ။ သူတို.သည် မိုးတိမ်တွေ အဖြစ် ကျွန်တော် ကို နှုတ်ဆက်သွားသည် ။

ရေစက် ကလေးများ ထွက်သွားတော့ ကျွန်တော် ကိုယ်လည်းခြောက် သွေ.သွားတယ် ။ ကျွန်တော် လို ကျောက်ခဲ လေးအများ ကြီးကို ကျွန်တော် တွေ.လိုက် ရတယ် ။ကျွန်တော် ကို သူတို. ကမတူသလို မျိုးကြည့်နေလေ ရဲ. ။ ဘာဖြစ်လို.လည်း ဆိုတော့ ကျွန်တော် ကမည်းနက်နေ ပြီး သူတို. နဲ.မတူလို.ပဲ ။ ဒါက ကံတရား ပဲလို.ကျောက်ခဲ ကြီး တစ်လုံး ကလာပြော သည် ။ အို...မတူညီ မှုတွက် မမျှတတဲ့ ကံတရား လား ။ ထိုအချိန်မှာ မိုးကောင်းကင်ပေါ် မှာ ကျွန်တော် ရဲ.မိတ်ဆွေ ဟောင်း တွေဖြစ်တဲ့ တိမ်တိုက် လေး တွေကို တွေ.တော့ ကျွန်တော် လက်ပြ နှုတ်ဆက် လိုက် တယ် ။ သူတို.က အရေးမလုပ် ပဲ လေနှင် ရာ လွင့်သွား တော့တယ် ။အရင်တုန်းကဆိုရင် ကျွန်တော် ဖြစ်ချင်တာ ကို သူတို. က လိုက် ပို.ရတာမလား ။
လမသာတဲ့ ည တစ် ညကို ကျော်ဖြတ်လိုက်တယ် ။

နောက် တစ်နေ.မှာတော့ ကျွန်တော် မိတ်ဆွေ သစ်တွေ ရလိုက် တယ် ။ ကျွန်တော် ကိုယ်ပေါ် ရောက်လာ တဲ. သဲပွင့်လေး တွေပဲ ပေါ့ ။ သူတို.က သူတို.ရဲ.ဖြစ်တည် မှု အကြောင်း ကိုပြောပြတယ် ။ သူတို.သဲပွင့် လေးတွေဟာ ဖြစ်တည်လာကတည်းက ပေးဆပ်လာ ခဲ.သူများဖြစ်ကြောင်း ။ ဒီလို ပေးဆပ် လာ တာကြောင့် မြေကြီး ပေါ်တွင် လူသန်းပေါင်း များစွာ နေနိင် ပြီဖြစ်ကြောင်း ဂုဏ်ယူစွာပြောလေတယ် ။ကျွန်တော် လည်း ၀မ်းနည်းမိသည် ။ကျွန်တော် နှင့် ယှဉ်လျှင် များစွာ သေးငယ်သော သဲပွင့် လေးတွေက ပေးဆပ်ခြင်း နဲ. ဖြစ်တည်နေ ပြီး ကျွန်တော် ကတော့ ကိုယ့် အတွက်ကို ကြည့်နေ မိသောကြောင့် ဖြစ်သည် ။ လူတိုင်းသာ သဲတစ်ပွင့် လိုပေးဆပ် မည်ဆိုရင် လူ.လောက ကြီးသည် နေချင် စရာ အကောင်းဆုံး နေရာတစ်ခု ဖြစ်လာလိမ့် မည့် ဟု ကျွန်တော် တွေးပစ်လိုက် သည် ။(ထိုအတွေးကို တွေးပြီး နောက် အပြစ်ရှိသူတစ်ယောက်လို ခံစားရသောကြောင့်မေ့ ပစ်လိုက် ခြင်းဖြစ်ပါသည်)

နောက်တော့ ကျွန်တော် သည်ပေးဆပ် ဖို. အခွင့်ကြုံလာသည် ။ ပေတရာလမ်းမ ပေါ်သို.ရောက်သွားပြီး လမ်း ခင်းကျောက် ဖြစ်သွားတယ် ။ ကျွန်တော် လည်း လမ်းကြိတ်စက် ကြီးအောက်မှာ လမ်း မအဖြစ်ပြောင်းလည်း သွားတယ် ။ လူတွေ ကျွန်တော် ကိုယ်ပေါ်မှ နင်းသွားတိုင်း ၊ လူတွေ ရဲ. ချွေးတွေ ကျွန်တော် ကိုယ်ပေါ် ကြတိုင်း ပေးဆပ် ခြင်း ဆိုတာသတိ ရတယ် ။ တစ်နေ. တော့ မိုးသားတွေ ဟာ မည်းမှောင် ပြီး မိုးတွေ ရွာ ချတော့ တယ် ။ ကျွန်တော် မိတ်ဆွေဟောင်းတွေဖြစ်တဲ.ရေ စက်လေးတွေ ပဲပေါ့ ။ သူတို.က ကျွန်တော် ကိုတောင်းပန် ကြတယ် ။ ကျွန်တော် လည်း ခွင့်လွှတ် စကားဆိုလိုက် ပြီး စကား တစ်ခွန်း ပြောလိုက်တယ် ။

`ငါ .. တို.တွေ သဲတစ်ပွင့်လို ပေးဆပ် ကြအောင် လေ ´ ။

ပြီးတော့ ကျွန်တော် အိပ်ရာ က နှိုးလာတယ် ။ အိမ်မက်ကို တော့ မမေ့သေးဘူး ။

.........

ကျွန်တော်တို့ တွေအသက်ရှင်ဖို. စားသောက်ရတယ် ။ ဒီလို စားသောက်ဖို.လည်းရှာဖွေ ရတယ်လေ ။ အပင်တွေမှာ သာ အစိမ်းရောင် ကလိုရိုဖီး (chlorophyll) ရှိလို.နေရောင်ခြည် နဲ.အစာချက်နိင်တာလို. ဘိုင်အို ဆရာမ ကပြောဘူးတယ် ။

ဒါနဲ.ပဲ ကျွန်တော်ဟာ အစာ ရှာနည်း တွေကို လေ့လာချင် လို့လောက ဥယျာဉ်မှုး ဆီကိုသွား ခဲ့တယ် ။ သူက လောက ဥယျာဉ်ထဲကို ကျွန်တော် ကို လိုက်ပြတယ် လေ ။ ကျွန်တော် လည်းလေ့လာခွင့် ရခဲ့တယ် ။

ပထမဆုံး ကြက်ဖကြီး တစ်ကောင်က သူရောက်တဲ့ နေရာတိုင်း မှာ မြေကြီး ကို ယှက်ပြီး စားသောက်တာတွေ့တယ် ကြက်ဖကြီးစားနည်း လို.မှတ်သားလိုက်တယ် ။

နောက်ထပ် တွေ့ တဲ့ မျောက်တစ်ကောင် ကတော့ သူနေတဲ့ သစ်ကိုင်း ကိုလက်တစ်ဖက် ကကိုင် ပြီး နောက် လက်တစ်ဖက်နဲ. ဌက်ပျောသီး စားနေတယ် ။ ကျွန်တော်လည်း မျောက်လွှဲကျော် စားနည်းလို. မှတ်လိုက်ပြန်တယ် ။

နောက် ကျားကြီးတစ်ကောင် ကတော့ သူ့ရှေ့ က အသား ကို ဝေါင်း....ဟု ဟိန်း ဟောက်ပြီးမှားနေတယ် ။ ဟောက်စား လို. ကျွန်တော် စာအုပ်ထဲ ရေးမှတ်လိုက် တယ် ။

နောက်တော့ သက်သက်လွတ်မြက် ပဲစားတဲ့ နွားကြီး တစ်ကောင်ကို တွေ့တယ် ။ သူက ခွန်အားဗလ ရှိတဲ့ ကောင်ကြီးပဲ
သက်သက်လွတ် စားသောကြောင့် ဖြစ်မည် ဟု ကျွန်တော် ယူဆ လိုက်သည် ။ အထူး သဖြင့် နွားကြီး သည် ပခုံးအလွန်ကောင်း သည် ။

အဲ့ဒီ ထဲမှာ ပါဝါ အကြီးဆုံး စားတဲ့ နည်းကတော့ ရေမြင်း ကြီးပဲဖြစ်မည် ထင်သည် ။ သူက ပါးစပ်ဟ လိုက်တာ နဲ. ဥယျာဉ်မှုး ကြီးက ကပ်စွန်းရွက်(ကန်စွန်းရွက်ဠ€á€˛á€ˇá€žá€­á€Ż.အစိမ်းရောင်ရွက်) များကျွေးသည် ။ ပါးစပ်ကြီး ကလည်း ကြီးမှကြီးပဲလေ ။

ပြီးတော့ ဥယျာဉ်မှုး ကြီး ကကျွန်တော် ကို မေးတယ် ဘယ်စားနည်း ကို အကြိုက်ဆုံး လည်းတဲ့ ။ ကျွန်တော် က ရေမြင်းစားနည်း ကို အကြိုက်ဆုံး ဖြစ်ကြောင်း ၊ ကျွန်တော် ထမင်းဝါးနည်း မသင်ယူ မီတုန်း က မာမီ ၀ါးပြီးသား ထမင်းများကို ကျွန်တော် က ရေမြင်း ကြီးလို ပါးစပ်ဟ ပြီးစားခဲ့ ကြောင်း ပြောတယ် ။ ပြီးတော့ ကျွန်တော် စာအုပ်ထဲမှာ ရေးမှတ် လိုက်တယ် ။ မ၀ါးတက်သောသူများ ရေမြင်းကြီး လိုအကောင်ကြီး ရန်လိုသည် ။ ။

အဲ့ဒီမှာ တင် ဥယျာဉ်မှုး ကြီးက ကျွန်တော် ကို စကားတစ်ခွန်းပြောပြန်တယ် ။ ပုံမှန်စားသုံး မျိုးမတုန်း တဲ့ ။ ကျွန်တော်တို.ရဲ့
အိမ်မက်များ ကိုပုံမှန် စားသုံးပါက အိမ်မက်များ မပျောက်ပျက်ပဲ တည်နေမည် ။ နောက်ပိုင်းတော့ ကျွန်တော်လည်း အိမ်မက်များကို ပုံမှန်စားသုံး တော့ သည် ။ ရေခံမြေခံကောင်း ခြင်းများ လျော့နည်းလာ ပြီး အိမ်မက်များ လိုအပ်လာသောအခါ နိင်ခံခြားမှ အိမ်မက်များ ကို မှာယူစားသောက် ရတော့ သည် ။ ကျွန်တော် လည်း နိင်ခံခြားဖြစ် အိမ်မက်များ စားပြီးသောအခါ အစာမကြေမှုများ ဖြစ်လာသည် ။ သီချင်းနားထောင် လည်း အစာမကြေ ။ ဖက်ရှင်ရှိုး ကြည့် တော့ လည်း အစာမကြေ ။ ဘောလုံးပွဲ ကြည့်တော့ လည်း အစာမကြေ ။ ဘီယာဆိုင်မှာ လည်းအစာမကြေ.....နေရာတိုင်း
အစာမကြေဖြစ် လာတယ် .... နောက်ဆုံးတော့ ...

အိမ်မက်များ အလွန်စားသုံးသော အစာအိမ် ရောင်းရန်ရှိသည် ။ ဆက်သွယ်ရန် - အမှတ် ၄၂၀ ၊ အိမ်မက်ဂေဟာ ၊ စိတ်ကူးလမ်း ၊ လက်တွေမြို.တော် ဟု အိမ်မက်ဒေါ့ကွန်း တွင်ကြေညာ လိုက်တယ် ။
........................................ ...... .......

.....'ဟဲ့ စီရံ ထစမ်း ...ထ ...ထ နင့် လိုက် ဘိုင်အို ကျက် ခိုင်းထားတာ ။ အိမ်ဆေးကျွေးထား တာ မဟုတ်ဘူး ။ သွားမျက်နှာသွားသစ်ချေ ။'

......'ဟုတ်..ကဲ့ ဆရာမ ကျွန်တော် စာအိပ် ရင်းနဲ. ဆရာမ ကို စောင့် နေတာ ။'

.....'.အစာချေဖျက်ခြင်း စနစ် ကျက်ပြီး ပြီလား ။ '

......'မကျက်ရသေးဘူး ဆရာမ ။။။'

......'ဒီလောက် အချိန်တွေ အကြာကြီး စာမကျက်ပဲ ဘာလုပ်နေတာ လဲ '

................ "ကျွန်တော် ...အဲ..ကျွန်တော် အိမ်မက်များ စားသုံးနေတာ ဆရာမ" ။ ။

.....

Tags: Books


အင်ဂျင်ပါဝါဘာကြောင့်...
Posted On 08/02/2008 06:50:32
အင်ဂျင်တစ်ခုရဲ. ဒီဇိုင်းကိုကြည့်မယ်ဆိုရင် တဖက်မှာပါဝါပိုရအောင်လုပ်ရ သလို တခြားတစ်ဖက်မှာလည်း ပါဝါမဆုံးလေရအောင်လုပ်ဖို.လို
တယ်ဆိုတာသိတာပါတယ် ။ အင်ဂျင်လည်ပတ်ဖို.ဘာတွေလိုသလဲကြည့်ရအောင်လေ ...

နံပတ် ၁ လိုအပ်ချက် fuel 'လောင်စာဆီ'  ။ လောင်စာဆီပေးတဲ့နေရာမှာ ကာဘရိုက်တာပဲ ဖြစ်ဖြစ် နော်ဆယ် ပန်. ပဲဖြစ်ဖြစ် ။
pressure difference ဖိအားပြောင်းလဲမှုကအရေးပါတယ် ။ pressure difference ကဘယ်လောက်အရေးပါသလဲ ဒီနေရာမှာ ကြားဖြတ် ကြော်ညာဝင်လိုက်ဦးမယ် ။ တချိန်က အမေရိကန်တွေ အာကာသပေါ်ရောက်သွားတော့ ဘောပန်(ball pen) တွေက အာကာသမှာစာရေးလို.မရ ဘူးဖြစ်နေတယ် ။
ဖိအားပြောင်းလဲမှု မရှိလို.တဲ.လေ ။ အဲ့ဒီချိန်မှာပဲ ရှရှား က အာကာသမှာ စာရေးတဲ.နည်းပညာကို တီထွင်လိုက်တယ်တဲ့ ။ ဘောပန်နဲ.မရေးပဲ ခဲတံနဲ့ရေးတဲ့နည်းပါ ။ ဟဲဟဲ...မပိုင်ဘူးလား ..ကဲ လောင်စာဆီ အကြောင်းလေး ဆက်ကြရအောင် ။ pressure တွေများလာတာနဲ.မီလောင်းခန်းထဲမှာ ဆီကပေါက်ကွဲတော့မှာပဲ ။
သိပြီးတဲ.တိုင်း cylindar စလင်ဒါထဲက piston ပင်စတင်တွေက ရွေ့လျားပြီး crankshaft ကရိုင်းရှက် တွေကိုလည်ပတ်တာကနေ စွမ်းအင်ရတော့တာပဲလေ ။

နံပတ် ၂ လိုအပ်ချက် က မရှိမဖြစ် 'ရေ' ပါ ။ အင်ဂျင်ကြီး ကရေသောက်လို.လား ။ ဟုတ်ကဲ့ အင်ဂျင်ကြီးမှာ လည်းအပူနဲ.ပါ  ။ ဒါကြောင့် မီးလောင်ခန်း စလင်ဒါကြီးရဲ. အပြင်ဘေး ပတ်ပတ် လည်မှာ ရေစီးလမ်းကြောင်း တွေလုပ်ထားရတာပေါ့ ။ အဲ့ဒီရေလမ်းကြောင်းမှာ စီးနေတဲ့ ရေ တွေက စလင်ဒါထဲက အပူကိုရပြီး ရေငွေ.ပြန်သွားမယ် ။ ရေငွေတွေက ရေတိုင်ကီ အထက်ကိုတက်သွားမယ် ။ ရေတိုင်ကီ ကိုတော့ ပြင်ပကလေတွေ နဲ. အအေးခံပါတယ် ။အဲ့ဒီတော့ ရေတိုင်ကီ ထဲက ရေငွေ.တွေက ပြန်အေးလာပြီး ရေ အဖြစ်နဲ. အင်ဂျင် အတွင်း က ရေစီးလမ်းကြောင်းတွေ ဆီပြန်ရောက်သွားမယ်ပေါ့ ။ ဒါကို သာမွန်-ဆိုင်ပွန်
(Thermo-syphon) နည်းလို.မှတ်သားဘူးတယ်လေ ။ ဘယ်လိုသဘောလဲ ဆိုတော့ လေတိုက် နေတဲ့ ကမ်းခြေတစ်ခုမှာ လေတိုက်တဲ့ဘက်ကို မျက်နှာထားပြီး
မျက်နှာသစ်လိုက် ရင် မျက်နှာကအေးသွားတယ်လေ ။ ဒီသဘောပါပဲ ။ သူဘာသူဖြစ်တဲ့ evaporation effect ကိုသုံးတဲ့နည်း ။ ဒီ (Thermo-syphon) သာမွန်-ဆိုင်ပွန်နည်း အအေးခံဖို.နည်းနည်းတော့ကြာမယ် ။ cooling tank ရေတိုင်ကီ ကြီးလိုက်ရင်တော့ ကောင်းမှာပဲ ။ နောက် နည်းတွေလည်းရှိပါသေးတယ် ။
ဆက်ပါဦးမည် ။

'ဆီ' နဲ. 'ရေ' ပြီးတော့ နောက်မရှိမဖြစ် လိုတာက 'လေ' ပါပဲ ။ ဘယ်လောင်စာ ကို ပဲသုံးသုံး ဒီ အလကားရတဲ့ လေ ကို ဖိအားမြင့် အပူမြင့်ပြီး မှ လောင်ကျွမ်း မှုကို ဖြစ်ပျက်စေတာပါ ။ အင်ဂျင်ထဲကို လေ များများသွင်း နိင်လေ ပါဝါ တိုးလေ လို.သာသာမှတ်လိုက်ပါတော့ ။
ဒါကို(supercharging)စူပါချက်ဂျင်း ၊ (Turbocharging) တာဗိုချက်ဂျင်းရယ်လို.ခေါ်တာပေါ့ ။ ရိုးရိုး သာမန် အင်ဂျင်တွေမှာ ပြင်ပလေပဲဝင်မယ် နို.ဒါပေမယ့် တာဗိုအင်ဂျင်မှာတော့ လေကို ဖိသွင်းတဲ. ကွန်ပရက်ဆာ(compressor)တပ်ဆင်ထားတာ ပေါ့ ။
ဒီ  ကွန်ပရက်ဆာ(compressor) မောင်းတဲ့နည်းကိုလိုက်ပြီး စူပါရယ် ၊ တာဗိုရယ်လို.ကွဲသွားရတာပေါ့ ။ ပေါက်ကွဲခန်း (combustion chamber) ထဲကို လေ တွေ သိပ်သည်းစွာထဲ့လိုက်မယ် ။ ထမင်းချိုင့်ထဲကို ထမင်းတွေ ဖိပြီးသွင်းလိုက် သလိုပဲလေ ။ ဖိအားတွေ လည်းတိုးလာတာပေါ့ ။ ဒီလိုဆို အင်ဂျင်ရဲ.ပေါက်ကွဲအား ကလည်းမြင့်သွားမှာ ။ တခါတစ်လေ လေတွေ တအားပူပြီး ၀င်လာမှာဆိုးလို. အအေးခံ (inter-cool) တပ်ထားတာတွေရှပါတယ် ။ ဒီလို ဆို "ဆီ ရေ လေ" ပြီးသွားပြီ နောက်ဆုံး ၀ိုင် ဆိုတဲ့ ချောဆီ ကိုသွားတာပေါ့ ။ စီနီယာ အကိုတွေကတော့ ရယ်နေတော့မှာပဲ ရီင်္နဲ.နော် သိသလောက် မှတ်သလောက်လေး ဆက်ဖောလိုက်ဦးမယ်နော် ။
နံပါတ် ၄ လိုအပ်ချက်က ၀ိုင်လို.ခေါ်မယ် 'ချောဆီ'ရယ် ။ သူကတော့ အင်ဂျင်မှာ လည်ပတ်လုပ်ရှားနေတဲ့ အစိတ်ပိုင်းတွေကို ချောမွတ်
နေအောင် လုပ်ပေးတာဗျ ။ ဒိတော့များများလည် ပတ်ပြီး ချောဆီ တန်ခိုးနဲ. ပါဝါတိုး ပြန်တာပေါ့ ။ ကိုကို ချော က နောက်ထပ်ကောင်း
တာတွေ လည်းရှိသေးသဗျ ။ သူက အင်ဂျင်ကို လဲ သန်.ရှင်းပေးသေးတယ် ။ အပူ ကိုလည်း ထိန်းညှိပေးမယ်လေ ။ ကို ချော ကို မှန်မှန် ကန်ကန် ရွေးပေးဖို.ပဲလို တာ ။ vicosity no ကိုတော့ကြည့်ပေါ့ဗျာ ။
အင်ဂျင်မှာ တပ်ထားတဲ့ အစိတ်ပိုင်းတွေ မကြပ်ရင် တနည်း bearing clearance များနေရင်
ချောဆီမှာ ဖုန်မှုန်.တွေ ကပ်နေရင်
ချော ဆီ လမ်းကြောင်းတွေ ပိတ်နေ ရင်
ချောဆီ ပန်. ချို.ယွင်းနေရင် ....အင်ဂျင်ကြီး နေမကောင်းဖြစ်နိင်ပါတယ် ။

အင်ဂျင်ပါဝါတိုးဖို. ၊ အင်ဂျင်ကြီး ကျန်းမာရေးကောင်းဖို. သတိ ' ဆီရေလေ၀ိုင်' လို.မှတ်ချက်ပြုလိုက်ကြောင်းပါ ။    ။

စက်မှုအင်ဂျင်နီယာ(Mechanic al...
Posted On 08/01/2008 06:36:57

နိဒါန်း

စက်မှုအင်ဂျင်နီယာဆိုတာ အင်ဂျင်နီယာပညာရပ်တစ်ခုပါပဲ...အဲဒီပညာရပ်မှာ ပိုင်းခြားစိတ်ဖြာလေ့လာချက်(analysis)၊ပုံစံ(design)၊ကုန်ထုတ်လုပ်မှု(manufacturing) နဲ့ 
စက်မှုဖွဲ့ စည်းပုံစနစ်တွေရဲ့ ပြုပြင်ထိန်သိမ်းထောက်ပံ့ မှု(maintenance of mechanical systems) တွေအတွက်
ရူပဗေဒအခြေခံနိယာမသဘောတရား (principles of physics)á€€á€­á€Żá€Ąá€žá€śá€Żá€¸á€á€şá€ťá€á€„á€šá€¸á€ąá€á€źá€•á€Ťá€á€„á €šá€•ဍတယယ...
စက်မှုအင်ဂျင်နီယာပညာရပ်မှာ ရွေ့ လျားမှုနှင့်စွမ်းအင်ဆိုင်ရာသိပ္ပံပညာရပ်(mechanics)၊အား(သို့ )ဒြပ်ထု
တွေနဲ့ ဆက်နွယ်မှုမရှိပဲအရာဝတ္ထုေ တွရဲ့ ရွေ့ လျားမှုကိုလေ့လာသောပညာရပ် (kinematics)၊
အပူအားနှင့်အခြားစွမ်းအင်များ ဆက်စပ်ပုံကိုလေ့လာသောပညာရပ်(thermodynamics) နှင့် စွမ်းအင်ဆိုင်ရာပညာရပ်(energy) စတဲ့ပညာရပ်တွေရဲ့ အဓိကယူဆချက်သဘောတရားတွေကို လုံးလုံးနားလည်ဖို့ လိုအပ်ပါတယ်...စက်မှုအင်ဂျင်နီယာပညာရှင်ေ တွဟာ ရူပဗေဒအခြေခံနိယာမသဘောတရား တွေအပြင်
မော်တော်ယာဉ်(motor vehicles)၊လေယာဉ်ပျံ(aircraft)၊အပူအအေးဠąá€•းစနစယ(heating & cooling systems)၊
ရေယာဉ်သင်္ဘော(watercraft)၊ကုန်ထုတ်လုပ်မှုစက်ရုံတွေ(manufacturing plants)၊စက်ရုံသုံးပစ္စည်း(industrial equipment)တွေနဲ့ အခြားသောဆေးဝါးနှင့်ဆိုင် တဲ့စက်ပစ္စည်းတွေရဲ့  ပုံစံဒီဇိုင်းထုတ်လုပ်မှု နဲ့  ပိုင်းခြားလေ့လာချက်တွေကို အသုံးပြူကြပါတယ်...

ဖွံ့ ဖြိုးတိုးတက်မှု

စက်မှူအင်ဂျင်နီယာပညာရပ်ကို ကမ္ဘာပေါ်တွင် ရှေးဟောင်းခေတ်နဲ့ အလယ်ခေတ်
လူ့ ဘောင်အဖွဲ့ အစည်းတလျှောက်လုံးတွေ့ ရှိခဲ့ပါတယ်...ရှေးဟောင်းဂရိခေတ်တွင်လဲ အာခီမီးဒီး(Archimedes)(287 BC-212 BC)၊ဟီရွန်အလက်စ်ဇန်းဒရီးယား (Heron of Alexandria)
(10-70 AD)တို့ ရဲ့ လုပ်ဆောင်တွေ့ ရှိချက်တွေကလဲ အနောက်တိုင်းရဲ့ 
ရွေ့ လျားမှုနှင့်စွမ်းအင်ဆိုင်ရာသိပ္ပံပညာရပ်(mechanics)
တွေအပေါ်နက်နက်ရှိုင်းရှိုင်းလွှမ်းမိုးခဲ့တာကိုတွေ့ ရပါတယ်...
အရှေ့ တိုင်းဖက်ကိုကြည့်မယ်ဆိုရ င်လဲ ရှေးဟောင်းတရုတ်ပြည်မှာ ဇန်ဟန်း(Zhang Heng)
(ရေအားသုံးအာကာသနဲ့ ဆိုင်သောစက်လုံး(Armillary sphere)ကိုတီထွင်သူ)၊
မာဂျူး(Ma Jun)(á€‚á€Žá€šá€Źá€žá€śá€Żá€¸á€Ąá€­á€™á€šá€ąá€ťá€™á€Źá€„á€šá€€á€­á€Żá€á€Žá €‘ဟငယသူ) စတဲ့ထင်ရှားတဲ့
ပုဂ္ဂိုလ်တွေကိုတွေ့ နိုင်ပါတယ်...အလယ်ခေတ်တရုတ်ပြည်မှာတော့န တ္ခတ္တပညာရှင်တဖြစ်လဲ
အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ စူဆုန်း(Su Song)ဟာဆိုရင်လဲ escapement လို့ ခေါ်တဲ့ အဆက်မပျက်လည်ပတ်နေတဲ့စွမ်း အင်ကို ကွဲပြားခြားနားတဲ့ရွေ့ လျားမှုသို့ ပြောင်းလဲပေးတဲ့
ပစ္စည်းကိုအသုံးပြုတဲ့ရွေ့ လျားမှုပညာရပ်ကို သူ့ ရဲ့ နက္ခဗေဒနာရီစင်မှာ ထည့်သွင်းအသုံးပြုခဲ့တာဆို ရင်လဲ အလယ်ခေတ်ဥရောပရဲ့ escapement သုံးနာရီစင်များထက်ကို (၂)á€›á€Źá€…á€Żá€ąá€…á€Źá€ťá€•á€Žá€¸á€Ąá€žá€śá€Żá€¸á€ťá€•á€łá€á€˛á€ˇá€á €Źá€€á€­á€Żá€‘ငယရှဏးစဟဏ
တွေ့ နိုင်ပါတယ်....သူ့ ရဲ့ စက်မှုနည်းပညာသုံး escapement ဟာလဲ ကမ္ဘာပထမဆုံးအဆုံးမရှိတဲ့
အားထုတ်လုပ်မှု chain drive လို့ ပြောရင်လဲမမှားပါဘူး...
မြန်မာ့သမိုင်းကိုပြန်ကြည့် မယ်ဆိုရင်လဲ မြတ်စွာဘုရားလက်ထက်(BC ၅ရာစု)ကတည်းပင်စက်မှုနည်းပဠŠá€Źá€‘ဟနယးကဏး
တာကိုသိနိုင်ပါတယ်...ဥက္ကလာပမင်းကြီးဟာအိန္ဒိယမှပ င့်ဆောင်လာတဲ့ မြတ်စွာဘုရားရှင်ရဲ့ 
ဆံတော်မြတ်လေးဆူကိုရွှေတိဂုံစေတီတော်မြတ်မှာထည့်သွင်း ဌာပနာတဲ့အခါမှာ ဆံတော်မြတ်တွေကို
ကာကွယ်ရန်အတွက်ဓားစက်၊လှံစ က်တွေကိုပါထည့်သွင်းထားခဲ့ ပါတယ်...ငယ်ငယ်တုန်းက ကြားဖူးတာတစ်ခုကတော့ ရွှေတိဂုံစေတီရဲ့ ဌာပနာတိုက်နဲ့ ရန်ကုန်မြစ်ရေဟာ ဆက်စက်နေတာပါပဲ...အခုမှသေချာစဉ်းစားမိတော့ အဲဒီဓားစက်၊လှံစက်တွေဟာ ဒီရေအတက်အကျကိုလိုက်ပြီးရွေ့ လျားမှုနှင့်စွမ်းအင်ဆိုင်ရာသိပ္ပံပညာရပ်(mechanics)
သုံးတယ်ယူဆနိုင်ပါတယ်...ဒါကတော့မြန်မာ့သမိုင်းသိသာ နိုင်တဲ့စက်မှုအင်၈ျင်နီယာ ဖွံ့ ဖြိုးတိုးတက်မှုပါပဲ...

အိန္ဒိယဘက်မှာလဲ မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးမကြာမီအဇာတသတ်မင်း ကြီးဟာမြတ်စွာဘုရားရှင်ရဲ့ 
ဓာတ်တော်မွေတော်တွေကိုကြီး မားတဲ့ဌာပနာတိုက်ကြီးတည်ဆောက်ပြီး ဓားစက်၊လှံစက်တွေအပြင် ရှေးခေတ်ခေါမတိုင်းကပညာရှင်များကို စက်ရုပ်(robot)တွေတီထွင်ခိုင်းဠťá€•ဎး ဌာပနာတိုက်ကို
စောင့်ရှောက်စေခဲ့ပါတယ်...အဲဒီကတည်းက စက်မှုအင်ဂျင်နီယာပညာရပ်အြ ပင်
ရိုဘော့တစ်အင်ဂျင်နီယာပညာရ ပ်(Robotic Engineering) ပါတိုးတက်နေပြီလို့ ဆိုနိုင်ပါတယ်...

(http://www.myanmarengineer.org/forum)





Copyright © 2008 MyanmarSpace.com. All rights reserved.