Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
radium
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 


Viewing 28 - 28 out of 28 Blogs.


<< First  < Previous | Page:  1 | 2 | 3 | 4 |


သူငယ်ချင်း
Posted On 07/02/2008 06:30:39
သူငယ်ချင်း .......



ခင်မင်မှုကိုတန်ဖိုးထားတတ်မ ယ်ဆိုရင်



ရိုးသားမှုနဲ့အတူဝင်လာခဲ့ပါ



လွပ်လပ်စွာနားခိုနိုင်သလို



အတားအဆီးမဲ့စွာပဲပြန်ထွက်သွားခွင့်ရှိတဲ့



ကိုယ်ကမ္ဘာဟာ



မင်းအတွက်တော့



ပျော်စရာနေရာလေးတစ်ခုဖြစ်မှာပါ။







သူငယ်ချင်း ......



ဒီနေရာမှာ



မင်းဝမ်းနည်းတဲ့အခါ



မင်းကိုနှိမ့်သိမ့်ခွင့်ပြုပါ .....



မင်းပျော်ရွင်တဲ့အခါ



မင်းနဲ့အတူခံစားခွင့်ပေးပါ .....



မင်းစိတ်ညစ်တဲ့အခါ



မင်းကိုအားပေးခွင့်ပြုပါ ....။







သူငယ်ချင်း ......



အောင်မြင်ခြင်း ၊ ရှုံးနိမ့်ခြင်း



ကြင်နာခြင်း ၊ နာကျင်ခြင်း



ချစ်ခြင်း ၊ မုန်းခြင်း



အတက်အကျဒီရေလှိုင်းတွေ



မင်းရင်ကိုရိုက်ခတ်လာချိန်



ဝေဒနာမှန်သမျှ



ဒီနေရာလေးမှာဖွင့်ချခဲ့ပါ။







သူငယ်ချင်း ......



ခံစားချက်တွေနဲ့မွန်းကျပ်လာခဲ့ရင်



မင်းတစ်ယောက်အတွက်



ဒီကမ္ဘာရဲ့ တစ်နေရာမှာ



ရှင်သန်နေတဲ့ကိုယ့်ကို



သတိရလိုက်ပါ ၊









<< First  < Previous | Page:  1 | 2 | 3 | 4 |



Copyright © 2008 MyanmarSpace.com. All rights reserved.