Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
phoezayar
PROFILE   ဓါတ်ပုံများ   BLOGS   ဧည့်မှတ်တမ်း   သူငယ်ချင်းများ   အကြိုက်ဆုံးများ   ဗီဒီယိုများ  
 

သူများတွေ ရေးထားတဲ့ Blog လေးတွေ ဖတ်ရတာ အရမ်းကြိုက်လို့ လိုက်ရေးကြည့်မိပါသည်

mem_normal OFFLINE
Male
19 years old
myawaddy
Myanmar
Profile Views: 407
[ 57 ]


အလုပ်အကိုင်: ကျောင်းသား Student
နှလုံးသားရေး: ချစ်ချင်တယ် Lookin
ဘာသာတရား: Buddhist
MEMBER စဖြစ်တဲ့နေ့: 06/09/2008
နက္ခဂြိုလ်: Aquarius
နောက်ဆုံး LOGIN တဲ့အချိန်: 09/05/2008 08:06:46
ရထားတဲ့ RATING: 8.50

မျှော်လင့်သောအကြည့်




မျှော်လင့်သောအကြည့်


အကြင်နာ မထားခဲ့ပါ … ကြေကွဲဖို့ကောင်းလိုက်တာ …
လေဖိအားနည်းဖြစ်ပေါ်တဲ့ လေမုန်တိုင်းနောက်ကွယ်မှာ ….
ပျက်သုန်းဖို့ စတင်တာလို့ … အဆိပ်သင့် မျက်ရည်ရွှဲစို …
လတ်လတ်ဆက်ဆက် အနိဌာရုံ …
ခေါင်မိုးများ လွင့်ထွက်ကာ … သစ်ကိုင်းကြီးများကျိုးကျ …
ဒီရေလှိုင်းများ လိုက်ပါတော့ သူမြင်ရာအမိအရဆွဲခေါ်သွား
ရှောင်ပြေးဖို့ မဖြစ်နိုင်တာမို့ ဆိတ်သုန်းမဲ့ ၀ိညာဉ်များစွာ သေခြင်းနဲ့ မျောပါသွား

နွေတိမ်တိုက်တို့ပြိုလဲ ရက်စက်လွန်းတဲ့ မုန်တိုင်းရယ်
ပူဆွေးသောကပင်လယ် လောင်မြိုက်သော မီးထက်ပူတယ်
အကုန်ခေါ်သွားတော့တာပဲ .. မျက်ရည်များသာကျန်ခဲ့တယ်
တကယ်ကြမ်းတမ်းလွန်းပါတယ် ဆုံးရှုံးခြင်းတွေသာ ကျန်နေခဲ့

မြင်ကွင်းက ထိတ်လန့်စရာ သွေးပျက်လွန်းလို့ပါ
နိတ္ထိ ကွင်းပြင်ထဲ ဟိုဒီ အပြေးအလွှား အသက်လုရင်း
ဘယ်လို ရုန်းထွက် ပုန်းရှောင်မလဲ
အိပ်မက်ထက်ပိုတဲ့ အဖြစ်ဆိုး … သက်ပြင်းချအားတွေငယ် …

ဒဏ်ရာမျက်ဝန်းက မျက်ရည်ဝဲ .. ကမ်းလက်များကိုမျှော်လင့်မ ယ်
အကူဖေးမခဲ့ပါကွယ် ဒါဟာ အလင်းတစ်စက်ဖြစ်နိုင်တယ်
ဘယ်လိုရှေ့ဆက်လို့ရမှာလဲ .. သူ့ရဲ့ အသိုက်ငုံကြေမွခဲ့
သဘာဝရဲ့ ဘေးအန္တရာယ် ခါးသီးခြင်းတွေသာ ကျန်နေခဲ့

အားပေးစကားလေး တစ်ခွန်းဆိုလဲ .. ဒါဟာ သူ့ဘ၀တွက် မျှော်လင့်ချက်ပါ
နှစ်သိမ့်မှု တစ်စုံတစ်ရာသည်လဲ ဒါဟာ သူ့အတွက်တော့ အားဆေးတစ်ခွက်စာ
ဒီအချိန်မှာ မျက်ကွယ်မပြုပါနဲ့ မျှော်နေမယ် မင်းရဲ့ ကမ်းလက်ကိုတူဆွဲ
မနက်ဖြန်များကို ယူဆောင်နှင်းသွားနိုင်မယ် ….

ဒဏ်ရာ မျက်ဝန်းက မျက်ရည်ဝဲ .. ကမ်းလက်များကိုမျှော်လင့်မ ယ်
အကူဖေးမခဲ့ပါကွယ် ဒါဟာ အလင်းတစ်စက်ဖြစ်နိုင်တယ်
အကုန်ခေါ်သွားတော့တာပဲ .. မျက်ရည်များသာချန်ရစ်ခဲ့
တကယ်ကြမ်းတမ်းလွန်းပါတယ် ဆုံးရှုံးခြင်းတွေသာ ကျန်နေခဲ့

မနက်ခင်းများစွာ … ထွန်းငြိတေးဆိုသား .. နက်ရှိုင်းသော အဓိပ္ပာယ်နဲ့
အတူတူတွဲလို့ ဆွဲထူစို့ မထားခဲ့လိုက်ပါနဲ့ အားပေးအပြုံးတွေနဲ့လေ …
မျှော်လင့်သော အကြည့်တွေအတွက် …
မျှော်လင့်သော အကြည့်တွေအတွက် …


10 စက္ကန့်အရူးထခြင်း




မင်းမရှိတဲ့နေ့




ကြာပါတယ်ကွာ




သူငယ်ချင်းများစွာ




Website Speed Test

မိမိရဲ့ Page Download Speed ကို ကြည့်နိုင်ပါတယ်



အယ်လ်အမ်ပီ








Mobile ဖုန်းများအတွက် Ubifind English - Myanmar Dictonary ဟုခေါ်သည့် Software ကို ဈေးကွက်မိတ်ဆက်သည့် အခမ်းအနားတစ်ရပ်ကို (26.7.2008)ရက်၊ နေ့လယ် (၃)နာရီက ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ဝင်အတွင်းရှိ Myanmar Info-Tech မှာ SIDA Technology ကုမ္ပဏီလီမိတက်မှ ဦးစီးကျင်းပခဲ့ပါသည်။ Software အသစ်ကို Sida က ကိုယ်ပိုင်တီထွင်ထုတ်လုပ်ထားခြင်းလည်း ဖြစ်ပါသည်။
Mobile ဖုန်းဆောင်ထားသူတိုင်းဟာ အဘိဓါန်တစ်အုပ်ကို အလေးခံ၊ နေရာအပုတ်ခံပြီး ယူဆောင်သွားရန်မလိုဘဲ မိမိသိလိုတဲ့ အင်္ဂလိပ်စာလုံးကို Mobile ဖုန်းအသုံးပြုပြီး အဓိပ္ပာယ်ကို အမြန်ဆုံးသိရှိနိုင်တဲ့အတွ က် လွယ်ကူသက်သာပြီး များစွာ အထောက်အကူ ပြုတဲ့အဘိဓာန်ဖြစ်ပါတယ်။ Ubifind မှာ မြန်မာနိုင်ငံမှာ လူသုံးများနေသော Modern English-Myanmar အဘိဓာန်များကို အခြေခံပြီး စာလုံးရေ (၅)သောင်းကျော် ပါဝင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် Mobile ဖုန်းသုံးစွဲနေတဲ့ ပြည်တွင်းပြည်ပရှိ မြန်မာများလုပ်ငန်းခွင် များမှာ အလုပ်လုပ်ကိုင်နေသူများ၊ ကျောင်းသားကျောင်းသူများအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ထုလုပ်ခြင်းဖြစ်တယ် လို့ သိရပါသည်။
Ubifind Dictionary ကို ၀ယ်ယူလိုပါက အဆင်ပြေစေရန်အတွက် နည်းလမ်းနှစ်မျိုးနဲ့ ရောင်းချပေးမှာဖြစ်ပြီး ကျွန်ပျူတာ ကျွမ်းကျင်ပြီး မိမိကိုယ်တိုင် Install ပြုလုပ်လိုပါက အင်တာနက်ရှိ http://www.sitatechasia/ မှ demovision ကို Download ပြုလုပ်ကာ မိမိ Phone ပေါ်သို့ ထည့်သွင်းကာ စမ်းသပ်အသုံးပြုနိုင်ပါသည် ။ စမ်းသပ်ရာမှာ ကြိုက်နှစ်သက်ပြီး ၀ယ်ယူလိုပါက ရန်ကုန်မြို့ရှိ စိန်ဂေဟာစူပါမားကတ်များ အားလုံးအပါအ၀င် အခြား Cash Drop Off Center များမှာ ငွေသွင်းကာ Activation Code ကိုရယူနိုင်ပါတယ်။ ဆိုင်မှာ ထည့်သွင်းလိုသူများ အတွက် ရန်ကုန်ရှိ ဖုန်းအရောင်းဆိုင်ကြီးများ နဲ့ မန္တလေးရှိ ဖုန်းအရောင်းဆိုင်များမှာ လွယ်လွယ်ကူကူဝယ်ယူထည့် သွင်းနိုင်ပြီး အဲ့ဒီဆိုင်များမှာ ရောင်းချပေးကာ လိုအပ်တာများကို ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါသည်။
Cash Drop Off Center နဲ့ရောင်းချပေးမယ့် Mobile ဖုန်းအရောင်း ဆိုင်များစာရင်းကို
http://www.sitateach.asia/ မှာ ကြည့်ရှုနိုင်ပြီး စာရေးလုံး(၅၀၀၀၀)á€ąá€€á€şá€Źá€šá€•á€Ťá€›á€˝á€­á €á€˛á€ˇ Ubifind (Proversion) ကို မြန်မာငွေ(19000)ကျပ်နဲ့ ၀ယ်ယူနိုင်ပြီး စာလုံးရေ (25000)ကျော် ပါဝင်တဲ့ (Live Version)ကို မြန်မာငွေ (9500)ကျပ်နဲ့ ၀ယ်ယူအသုံးပြုနိုင်ပြီးဖြစ်ကြောင်း သိရှိရပါသည်။
---------
Snap Shot (News Journal)


အလွန်အသုံးဝင်တဲ့ Mobile Phone Java Application အကြောင်း နည်းနည်း ပြောချင်လို့ပါ။
အခု ကျွန်တော် Sony Ericcson W810i ကို အသုံးပြုပါတယ်။
Sony Ericcson ဆိုတာ ကျွန်တော်အရမ်းကြိုက်တဲ့ အမျိုးအစားဖြစ်ပါတယ်။
ဒါပေမယ့် Sony Ericcson W810i က Model နည်းနည်းနိမ့်လို့ Nokia N70 တို့လိုတော့ ဘယ်သုံးလို့ရမလဲ။
Mobile Java software မှာ အရမ်းကြိုက်တာကတော့ Google map ပေါ့ဗျာ။
Java Application ပါတဲ့ ဖုန်းတိုင်းအသုံးပြုလို့ရပါတယ်။ Google map ကိုတော့
Mobile phone internet ကနေ http://www.mobilelife.com/ မှာ Free Download
လုပ်နိုင်ပါတယ်။ အရင်တုန်းကတော့ Mobile Phone တွေကို ဖုန်းပြောဖို့လောက်ပဲ
တွက်ထားခဲ့တာပါ။ အခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ အခုဆိုရင် Multimedia တော်တော်
များများကို Mobile Phone တစ်လုံးတည်းနဲ့ အရမ်းအဆင်ပြေနေပြီးပေါ့ဗျာ ။
ဥပမာပြောရရင်- Gmail ဖတ်တာတို့၊ Gtalk ပြောတာတို့ မြန်မာအဘိဓာန် ကြည့်တာတို့ကို
ကိုယ်ပိုင် Mobile ဖုန်းတွေနဲ့ ကြည့်လို့ရတာတွေ ဟာ အရမ်းကို အသုံးဝင်ပါတယ်။
အခုဆို မြန်မာနိုင်ငံက ပညာရှင်များကလည်း MYSM တို့ UBifind တို့လို java software တွေကို
ရေးနေကြတာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေပါပြီး။
ကျွန်တော်ကတော့ java game တို့ software တို့ကို Internet ပေါ်ကယူပြီး တင်လိုက်၊ ဖြတ်လိုက် လုပ်တာ
တော်တော် အချိန်ကုန်သွားပြီး။ အသုံးဝင်တဲ့ ကြိုက်တဲ့ software တွေ တော်တော်များများ
ရှိတယ်။ အခုဆိုရင် Nokia ဖုန်းတော်တော်များများမှာလ ည်း sis တွေလည်း အသုံးပြုနေပါပြီး။
နောက်ပိုင်း Mobile Phone တွေဟာ ကွန်ပျူတာ တစ်လုံးကဲ့သို့ အလုပ်လုပ်နိုင်ခြင်းကို တွေ့ရတာ
တကယ်ပီတိ ဖြစ်မိတယ်ဗျာ။

------------------
Gmail
ဒီ jar software ဟာ mobile phone တွေမှာ အလွယ်တကူ gmail ဖတ်နိုင်အောင် ပြုလုပ်ထားပေးတာ ဖြစ်ပါတယ်။ phone တစ်လုံးမှာ တစ်ခါပဲ Sign In ပြုလုပ်၍ရခြင်းကြောင့် မိမိကိုယ်ပိုင် phone မှာသာ မိမိ ID name နဲ့ password ထားပါ။ တစ်ခါလုပ်ပြီး နောင်တစ်ကြိမ် ပြန်ဖွင့်လျှင် အရင်က မိမိလုပ်ခဲ့သော username ပင် သုံးနိုင်သည်။ Sign out လုပ်၍မရပါ။ သို့အတွက်ကြောင့် မိမိ mail အတွက် လုံခြုံမှုတော့မရသေးပါ။ အခြားသူတစ်ဦး မိမိဖုန်းမှ GMAIL ကို ဖွင့်ကြည့်လျှင်လည်း မိမိ၏ ကိုယ်ပိုင် gmail account သာပွင့်သည့်အတွက်ကြောင့် အခြားသူများကို ပေးကိုင်ခြင်း မပြုနိုင်ပါ။
Download: http://www.lasyk.net/download/76026/14/-196836160/Gmail76026.jar

အခုလွယ်လွယ်ကူကူ ထိထိရောက်ရောက် ဖြစ်မယ့် အကြောင်းအရာတစ်ခု
ပြောချင်လို့ပါ။
ဒါကတော့ ကွန်ပျူတာသမားတိုင်း သိကြတဲ့ System Restore လုပ်ခြင်းပါပဲ။ ကဲ ကျွန်တော်တို့တွေ ပြုလုပ်ကြည့်ကြရအောင်။ System Restore ရဲ့ အကြမ်းမျဉ်းကို နည်းနည်းလေးပြောချင်ပါတယ်။ အလွယ်နည်းပဲ ပြောကြရအောင်။ ဥပမာ. ကျွန်တော်က System Restore လုပ်ခြင်းကို Undo လုပ်ခြင်းလို့ အကြမ်းမျဉ်းပြောချင်ပါတယ်။
အရင်းဆုံး .. 1. (1.1.2010) ရက်နေ့မှာ Pagemaker7.0 ဆိုတဲ့ Software ကို Install လုပ်ကြည့်တယ်။
2. (2.1.2010)ရက်နေ့မှာ Photoshop7.0 ကို ထပ်ပြီး Install လုပ်တယ်။
3. (3.1.2010)ရက်နေ့မှာ Norton Antivirus ကို ထပ်ပြီး Install လုပ်ကြမယ်ပေါ့။ (1.1.2010)ကနေ (3.1.2010)ရက်နေ့ထိ Computer မှာ ဘာပြဿနာမှ မရှိသေးဘူးနော်။
4. ကဲ့နောက် (4.1.2010)ရက်နေ့မှာ Bluetooth Software ကို Install လုပ်ကြည့်တော့ စက်က နည်းနည်း ကြောင်ချင်လာပြီး။ Window တက်လာပြီးလဲ တော်တော်လေးကြားသွားတယ်။ ဒါကြောင့် Bluetooth Software ကို Uninstall ပြန်လုပ်လိုက်တယ်။ ဒါတောင် စက်က အရင်ကလို ပြန်မမြန်လာဘူး။ ဒါဆိုစိတ်ညစ်ရပြီး။

ကဲဒါဆိုဘာလုပ်မလဲ?

ဟုတ်ပြီး.. မိမိ Computer ရဲ့ အပြစ်ကို ရှာမတတ်တာပဲဖြစ်ဖြစ်။ ရှာမတွေ့တာဘဲဖြစ်ဖြစ်။ အကောင်းဆုံးလုပ်ပေး စေချင်တာကတော့ System Restore လုပ်ပေးလိုက်စေချင်ပါတယ်။

System Restore ကို ဘယ်လိုလုပ်ကြမလဲ….
အလွယ်နည်း- System Restore ကို Start All Programs Accessories System Tools System Restore ကိုသွားပါ။ ပြီးလျှင် Store my computer to an earlier time ကို mark ပေးပြီး Next ပြီးရင် ခုနက မိမိစက်ဟာ ဘယ်နေ့ကထိ ကောင်းနေသေးတယ်ဆိုတာ သိရင် (ဥပမာ- (3.1.2010) ထိကောင်းနေချိန်) အဲ့ဒီ Date ကို select လုပ်ပြီး Next ဖြစ်သွားပါ။ ဒီလိုနဲ့ Computer တာ ချက်ချင်း System Restore လုပ်နေပါလိမ့်မယ်။ Restart ဖြစ်ပြီး Window ပြန်တက်လာတဲ့အခါ မိမိ Select လုပ်လိုက်တဲ့ Date အတိုင်းပြန်လည် ရောက်ရှိသွားပြီး Computer system တွေ ပြန်မှန်သွားပါလိမ့်မယ်။ သို့သော် Bluetooth Software တော့ ရှိတော့မည်မဟုတ်ပါ။ သို့သော် မိမိ Save လုပ်ထားသော Data တွေတော့ မပျက်ပါ။ ဂမ္ဂီရသဘောနဲ့ပြောရရင် မနေ့ကအချိန်ဆီကို ပြန်သွားတာပေါ့။ ဒါကြောင့် System Restore ဟာလည်း အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။
(system restore အကြောင်းကို အတိုချုပ်ရေးထားတဲ့အတွက် အမှားများပါရှိပါက တောင်းပန်အပ်ပါသည်။)


phoezayar has 14 friend(s)



Displaying 8 out of 8 comments
09/11/2008 07:33:03
~~~ko zayar~~bal tway pyauk nay lel~~~ma arr tot buu lar~~~


09/11/2008 07:28:02

colorfull .. Pictures, Images and Photos

colorfull Pictures, Images and Photoscolorfull Pictures, Images and Photos

COLORFULL Pictures, Images and Photos

 colorfull Pictures, Images and Photos

colorfull Pictures, Images and Photos

colorfull! Pictures, Images and Photos


09/04/2008 23:04:29
hey MaN


08/25/2008 22:20:51

လာလည်သွားပါတယ် ခင်လို့ရမလားမသိဘူး....

ွ 



08/21/2008 07:14:25


08/19/2008 07:55:54


08/19/2008 07:51:43


08/19/2008 00:00:51

ညီမ ပို့ထားပေးတာဘာလို့ဖျက်လို က်တာလဲ

နောက်မပို့ပေးပဲ နေလိုက်မယ် ဟွန့်~_~ 

ImageChef.com - Custom comment codes for MySpace, Hi5, Friendster and more



Copyright © 2008 MyanmarSpace.com. All rights reserved.