Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
BLOGS   WRITE NEW BLOG   EDIT BLOGS  
 
RSS
ဗုဒ္ဓဖြစ်စဥ် (၆)
Posted On 10/11/2008 02:57:40
by jqyrbc
ဘုရားဆုပန်သူပေါ်လာပြီးတဲ့ေ နာက် အဲဒီဘုရားလောင်းအတွက် ကမ္ဘာကိုစောင့်ကြည့်တဲ့ ဗြဟ္မာ ဘိုးသက်ရှည်ကြီးတွေဟာ ကမ္ဘာတစ်ခုဖြစ်တည်ရင် တစ်ကမ္ဘာလို့ စတင်ရေတွက်မှတ်တမ်းတင်ပါတယ်။ အဲဒီကမ္ဘာပျက်လို့ နောက်ဒုတိယကမ္ဘာပေါ်လာရင်နှစ်ကမ္ဘာလို့ ထပ်မံတွက်ပါတယ်။ တတိယကမ္ဘာရောက်လာရင် သုံးကမ္ဘာစသဖြင့်ပေါ့။ လေးငါကမ္ဘာ ၊ ငါးကမ္ဘာ၊ ခြောက်ကမ္ဘာ၊ (လ) သိန်း၊ သန်း၊ ကုဋေ စသဖြင့် ကမ္ဘာတစ်လုံးချင်းစီ တွက်သွားပါတယ်။ ကုဋေနောက်မှာ တွက်လို့ရတဲ့ သင်္ချာအရေအတွက်ပေါင်း ၁၄ မျိုးရှိပါသေးတယ်။ သုညအလုံးပေါင်း ၁၄၀ သုအထိတွက်လို့ရတယ်။ အဲဒီကနေဆက်တွက်ဦးဗျာ။ အဲလို မှတ်တမ်းတင်ရင်းနေ ဂဏန်းအရေအတွက်ဟာ ရှုပ်ထွေးလာတယ်။ များပြားလာတယ်။ မှတ်သားရခက်လာတယ်။ 
            &nb sp;      ငါတို့ရဲ့ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘောစတဲ့ ဗြဟ္မာတွေတွက်ထားတဲ့ သင်္ချာအရေအတွက်ကို ငါတို့မမှတ်နိုင်တော့ဘူး။ အသစ်ကနေ ပြန်မှတ်ရအောင်ကွာလို့။ နောက်မှ ရောက်လာတဲ့ဗြဟ္မာတွေဟာ ကမ္ဘာကို တစ်ကမ္ဘာလို့ ပြန်လည်ရေတွက်ပါတယ်။ နောက်များဖြင့် ဂျေဂျူဝိုင် ဗြဟ္မာ့ပြည်အထိတက်ပြီး ဝေဖန်နေမှာစိုးလို့ သူတို့ မတွက်နိုင်တဲ့ ကမ္ဘာအရေအတွက်ကို တစ်ခါမတွက်နိုင်တိုင်း တစ်သင်္ချေလို့ မှတ်တမ်းတင်လိုက်ပါတယ်။ အဲလို မရေတွက်နိုင်တဲ့ အကြိမ်ပေါင်းက လေးကြိမ်တောင်ဖြစ်ခဲ့တယ်။ ဒါကြောင့် လေးသင်္ချေလို့ ပြောပြောကြတယ်။ ပြန်ရေတွက်နေတုန်း ကမ္ဘာတစ်သိန်းရောက်လာတယ်။ တစ်သိန်းအတိအကျမဟုတ်ဘူးလို့ တော့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးလိုက်တယ်။ သေတော့မသေချာဘူး။ သိတဲ့သူများရှိရင် ပြောပေးကြပေါ့။ မသိရင်လည်း ဂျေဂျူဝိုင်တက်မေး ပေးမယ်လေ။ နည်းနည်းတော့ ကြာမယ်။ အ၀ီစိမှာ တစ်ကမ္ဘာလောက်များသွားနေနေရ ဦးမလားမသိပါဘူး။ ကယ်ကြပါဦး။ သားသားကြောက်တယ်။ ခုမှ ရှင်ဇနက (ဘာသာဋီကာဆရာတော်) ရဲ့ စကားကို ပြေးသတိရမိတယ်။ “တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ” ဆိုတာလေးပေါ့။ ထားပါ။ အလောင်းတော် ဘုရားဖြစ်ချိန်ရောက်တဲ့ ကမ္ဘာရောက်လာတယ်။
            &nb sp;            အဲလိုရှည်လျှားထွေပြားလှတဲ့  ကမ္ဘာပေါင်း လေးသင်္ချေနှင့် တစ်သိန်းလုံးလုံး ဖြည့်ကျင့်ခဲ့တဲ့ စွန့်ခြင်းကြီးငါးပါး။ ပါရမီ ၁၀ ပါးရဲ့ အကျိုးဆက်ကို အလောင်းတော်ဟာ ဘယ်ဘ၀မှာမှ ယောင်လို့မှ ဘ၀စည်းစိမ် ခံစားရပါလို၏လို့  တစ်ခါမှ ဆုမတောင်းခဲ့ဖူးဘူးဗျ။ အဲဒီအရှိန်အဟုန်တွေ အားလုံးဟာ ဘုရားဖြစ်ဖို့တာစူနေပါပြီ။ ကြားဖြတ်ပြောပါရစေ။ သူငယ်ချင်းတစ်ယောက်ကမေးလာလို့ပါ။ ဘုရားတော့ ဘုရား တရားမဟောတဲ့ ဘုရားဆိုတာ ပစ္စေကဗုဒ္ဓါ ဆိုတဲ့ ဘုရားပါ။ သူက ပါရမီ ၁၀ ပါးကိုတော့ဖြည့်ကျင့်တယ်။ စွန့်ခြင်းကြီးငါးပါးကို မဖြည့် ကျင့်နိုင်လို့ တရားမဟောနိုင်တာပါ။ အဲလိုပါပဲ။ အဂ္ဂသာဝကတို့ မဟာသာဝကတို့လည်း ပါရမီ ၁၀ ပါးကိုတော့ဖြင့် ဖြည့်ကျင့်ရပါတယ်။ ဒီလိုနဲ့ ၁၀၃ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ နံနက်နေရောင်ခြည်နဲ့အတူ အလောင်းတော်ဟာ အာသ၀က္ခယဥာဏ်ရဲ့ ဦးတည်ရာဖြစ်တဲ့ သဗ္ဗညုတဥာဏ်ကိုရှိပြီး ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ 
            &nb sp;      ဘုရားဖြစ်ပြီးနောက် သတ္တာဟ စံတော်မူပါတယ်။ ပထမသတ္တာဟမှာ နတ်တွေက ဘုရားရှင်ကို ဘုရားမဖြစ်ဘူးလို့ ထင်သွားတယ်။ ဒါကိုသိလို့ ဘုရားရှင်ဟာ ဒုတိယသတ္တာဟမကူးမီမှာ နတ်ပြည်တက်ပြီး ရေမီး အစုံ တန်ခိုးပြတော်မူပါသေးတယ်။ ပြီးတော့မှ သတ္တာဟ ဆက်လက်စံတော်မူတယ်။
            &nb sp;         ထူးဆန်းတာက ပဉ္စမသတ္တာဟဖြစ်တဲ့ အဇပါလညောင်ပင်မှာဖြစ်တဲ့ အဖြစ်အပျက်တွေပါဘဲ။ အဲဒီ အဇပါလမှာ ဘုရားရှင်စံနေတော်မူတော့ ယောင်တိယောင်ကန်းနဲ့ ပုဏ္ဏားတစ်ယောက်ရောက်လာတယ်။ သူက ဘုရားရှင်ကို သင်ဘယ်သူလဲ တဲ့။ ဘုရားရှင်က “ငါဘုရားပါ”လို့ ပြောပါတယ်။ ဒါဆိုရင်ကျူပ်ကို ဗြဟ္မာ့ပြည်ရောက်တဲ့ နည်းလေးဘာလေးပေးပါလားဗျာတဲ့ ။ သတိရမိပါတယ်။ ဘုန်းကြီးကျောင်းရောက်ပြီး ခါမှာ ဒီတစ်ပတ်ဘယ်ဂဏန်းကောင်းတုန်းမေးတဲ့ မိန်းမတွေ။ မာရ်နတ်လည်းတစ်ကြိမ်လာပါတယ်။ သူက ဘုရားရှင်ကို “ဘာဖြစ်လို့ တောထဲလာပုန်းနေတာလဲ၊ လူသတ်လာတာလား၊ အကြွေးတွေထူလို့လား” စသဖြင့် လာချွန်တယ်။ ဘုရားတစ်ခွန်းနှစ်ခွန်းပဲေ ပြာလိုက်ရတယ်။ ပါရမီ၁၀ ပါးနှင့် စွန့်ခြင်းကြီးငါးပါးကို ဖြည့်ကျင့်ထားတာဘာအတွက် ညာအတွက်ပေါ့။ မာရ်နတ်လှည့်ပြန်ရတယ်။ အဖေမနိုင်ရင် သမီးတို့ လှည့်ဖြားစမ်းပါမယ်။ မိန်းမတို့မာယာနဲ့ဆို ဘယ်ယောကျာ်းမှာ မခံနိုင်ဘူးတဲ့။ (စကားမစပ် အဲဒီအခန်းကိုများရှာဖတ်မိရ င် မာယာလေးဆယ်တို့ ယောကျာ်းတွေ ဘယ်လိုမိန်းမမျိုးကိုကြိုက်တတ်တယ်ဆိုတာတို့ ပါတယ်ဗျ။) ကျွန်တော်အထင်တော့ ရှင်ဗုဒ္ဓဃောသလက်ချက် ထင်တာပဲ။ သူအကြည်ညိုလွန်ပြီးရေးထားတဲ့ အချို့အချို့သော ဂုဏ်ပုဒ်တွေဟာ ဗုဒ္ဓအကြောင်းကောင်းကောင်း မသိသူ။ သဒ္ဓါတရားနည်းပါးသူတွေကို နည်းနည်းတွေဝေသွားစေတယ်။ (ကန်တော့ပါဘုရား၊ အရှင်ဘုရားသာ ရေးမထားဘူးဆိုရင် ဒါတွေကို တပည့်တော် မသိပါဘူး) တဏှာ ရဂါ အရတိ ဆိုတဲ့ မာရ်နတ်သမီးသုံးယောက်ရဲ့ ဖြားယောင်းမှုကို ဘုရားရှင်က ကိလေသာအားလုံးကို ငါပယ်ပြီးပြီဖြစ်တဲ့အကြောင်းပြောလိုက်တာနဲ့ ထွက်ပြေးရတာပဲ။ အဲဒီသုံးယောက်ဖြားယောင်းတာ က အိန္ဒိယ ရုပ်ရှင်ကားထဲကလိုတော့ ကမနေလောက်ဘူး ထင်တာပါပဲ။ 
            &nb sp;      အဲဒီအဇပါလမှာပါပဲ။ ဘုရားရှင်ဟာ ငါတစ်ဦးတစ်ယောက်ကို အလေးအမြတ်ပြုပြီး နေမှ သင့်တော် မယ်လို့ စဉ်းစားမိပါတယ်။ ဒါနဲ့ လောကသုံးပါးမှာရှိတဲ့ ဘုရားရှင်ထက်မြတ်တဲ့ ပုဂ္ဂိုလ်ကို သူလိုက်ရှာပါတယ်။ မတွေ့ ပါဘူး။ ဒါကိုသိတဲ့ သဟမ္ပတိဗြဟ္မာရောက်လာပြီး မိမိကိုယ်ကိုယ်သာ အလေးအမြတ်ပြုပါလို့ လာလျှောက်ပါတယ်။ သံဃာပေါ်ပြီးနောက်ပိုင်းမှာ တော့ ဘုရားရှင်ဟာ သံဃတော်ကိုသာလျှင် အလေးအမြတ်ပြုခဲ့ပါတယ်။ မှန်ပါတယ်။ ဘုရားရှင်ကိုယ်တိုင်သံဃာတော်ကို အလေးအမြတ်ပြုခဲ့ကြောင်းကို နောက်နောင် အရိမေတ္တယျအကြောင်းပြောဖြစ် ခဲ့ရင် ပြောပြပါမယ်။ 
            &nb sp;            သတ္တာဟမှာ လေးဆယ့်ကိုးရက်လုံးလုံး သုဇာတာကပ်တဲ့ ဆွမ်းလေးဆယ့်ကိုးလုပ်နဲ့ နေနေခဲ့တာပါ။ အဲဒီနောက် သတ္တာဟအထွက်မှာ တဖုဿနဲ့ ဘလ္လိကကပ်တဲ့ ပျားရည်မုံ့ကို ဘုဉ်းပေးပါတယ်။ ဘုရားရှင်က အဇပါလကို ပြန်သွားတယ်။ အဇပါလလည်းရောက်ရော ဘုရားရှင်က တရားတော်ကိုဆင်ခြင်လိုက်တဲ့  အခါ တရားတော်က မြင့်လွန်းပြီး လူတွေဟာ ကိလေသာ ထူပြောလွန်းတယ်လို့ တွေ့ရတယ်။ ဒါနဲ့ တရားမဟော တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သဟမ္ပတိရောက်လာတယ်။ တရားဟောဖို့ တောင်းပန်ပါတယ်။ ဘုရားရှင် လက်ခံတော်မူပါတယ်။
 
 
ေ မးခွန်း
 
၁။ ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်ဟာ ဘယ်နေ့ပါလဲ။
၂။ စွန့်ခြင်းကြီးငါးပါးဆိုတာ ဘာလဲ။
၃။ လောကသုံးပါးဆိုတာကကော ဘာလဲ။ 

Tags: ဗုဒ္ဓြ ဖစ်စဥ် ၆



Bookmark:



Viewing 1 - 1 out of 1 Comments

10/11/2008 22:58:11
ဘာသာရေး အကြောင်းတွေ Post ပေးတာ ကောင်းတယ်ဗျို့။ 



Copyright © 2008 MyanmarSpace.com. All rights reserved.