Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
BLOGS   WRITE NEW BLOG   EDIT BLOGS  
 
RSS
ကမ်းခြေမဲ့ ကောင်းကင်
Posted On 09/04/2008 05:44:42
by ehlar


(၁)
ကောင်မလေးရေ
နင့်ကိုသတိရတဲ့ ငါ့စိတ်အရေပြားဟောင်းကို ဆုတ်ခွာပစ်ပြီး
အသစ်လဲတပ်ဆင်လို့ မရနိုင်သေးပါလားကွယ်။
သိပ်လွမ်းတာပဲ...(ငါ့ကို အားမလိုအားမရ ဖြစ်တဲ့အခါတိုင်း)
နင့်လက်သည်းချွန်ချွန်လေးေ တွနဲ့ တိုးတိတ်ဆိတ်ဆွဲခံခဲ့ရဖူးတဲ့
ငါ့ရဲ့ညာဘက်ပါးလေးမှာ အိပ်မက်တွေက တဖျပ်ဖျပ်လွင့်လို့
တိတိကျကျပြောရရင် ရှန်ပူရနံ့လေးတွေ ထုံသင်းပျံ့နေတဲ့ နင့်ရဲ့
ပျော့ပျောင်းအိဆံနွယ်လေးတွေနဲ့ တို့ဝေ့ဖက်ပွေ့ ကျီစယ်အနမ်း
ခံရဖူးတဲ့ ငါ့ရဲ့ညာဘက်ပါးလေးရဲ့လေချွ န်သံကလည်းစီးဆင်းလို့
မှတ်မှတ်ရရစက္ကန့် ၆၀တိတိ အသံတိတ်စိတ်ကောက်တတ်လို့
နင့်ရဲ့လက်မောင်းအိုးအိအိေ လးကိုဖက်ထားရင်း ချော့သိပ်ခဲ့ဖူးတဲ့
ငါ့ရဲ့ညာဘက်ပါးလေးကလည်း ဆေးမပြယ်နိုင်သေးလို့.........
"သွား...လာမချော့နဲ့...ခုမှ"အာဖရိကဗုံသံလို ငါ့ရဲ့ရင်ဘတ်ကို
လက်သီးဆုပ်နုနုလေးနဲ့ ဖွဖွလေးထုရင်း ငါ့အချစ်ကိုလန့်နိုးအောင်
နင့်မျက်စောင်းလေးက အမြန်ချောစာနဲ့ ရောက်လာလို့........
နင်နဲ့ဆုံတွေနေကျ တနင်္ဂနွေနေ့လေးတွေက မီးနီပြနေပြီး
ကြွေလုလုငါ့အလွမ်းတွေက လက်ပန်းကျနေလို့ ခွဲခွာမှုက
နင့်မျက်ဝန်းထဲမှာ စံပယပ်ပန်းပွင့်တွေပွင့်ခွ င့်ပေးတဲ့ မိုးရာသီ...
ဝေးကွာမှုနဲ့အစားထိုးခံနေရ တဲ့ ငါ့ရာသီဥတုကလည်း မိုးရာသီ..

(၄)
ဒီည...ငါ့အချစ်ဒီရေတက်ချိန်စောတယ် ကောင်မလေးရေ...

(၅)
"ချစ်လို့ရှိရင် စိတ်ရှည်ရှည်ထားရမယ်"
"ချစ်လို့ရှိရင် သဘောထားကြီးရမယ်"
ကောင်မလေးရဲ့ မိုးခြိမ်းသံ စကားအဆုံးမှာ ငါ့နလုံးသားရဲ့
အသက်ရှူသံက တိုးတိတ်စွာနဲ့ လိပ်ပြာတစ်ကောင်လို
ပန်းတစ်ပွင့်ရဲ့ရှေ့မှောက် မှာ ဒူးထောက်လက်နက်ချခဲ့ရတယ်...။

(ဝိုင်ဝိုင်ပန်ဦး)
နင်နဲ့ငါရဲ့ သတိရခြင်းအိမ်မက်တစ်ခုမှာေ တာ့ နှလုံးသားတွေ
မိုးမစိုခဲ့ဘူးဆိုတာ သေချာပါတယ် ကောင်မလေးရယ်...

(၂)
ကောင်မလေးရေ
ချစ်သူရဲ့မိုးခြိမ်းသံကိုေ ကြာက်လို့ မကြားရအောင် ဗန်ဂိုးက
သူ့နားရွက်တစ်ဖက်ကို ဆွတ်ခူးပစ်လိုက်တယ်တဲ့...
"ဟိုရောက်ရောက်ချင်းဖုန်းဆဠ€á€šá€œá€­á€Żá€€á€šá€™á€šá€šá€ąá€”ဏယ"
နင့်ရဲ့မိုးသံလေသံကို နားထောင်ဖို့အတွက် ငါကတော့
ယုန်တစ်ကာင်ရဲ့ နားရွက်တွေကို တပ်ဆင်ထားမိတယ်။
အချစ်ဆိုတာ ဧဒင်ဥယျာဉ်ထဲမှာ ဧဝကိုက်စားဖူးတဲ့ပန်းသီးတစ်လုံးလား....
ဒါမှမဟုတ်ရင် ဆဒ္ဒန်ဆင်မင်းရဲ့အစွယ်တစ်ဆူ လား...
ဒါမှမဟုတ်ရင် မအိုဇာရဲ့ ကွမ်းတစ်ယာရေတစ်မှုတ်လား...
ဒါမှမဟုတ်ရင် နီဂူဒါရဲ့ ပိတောက်ပန်းလား...
ဒါမှမဟုတ်ရင် ဆိုဖီယာရဲ့ ပေါင်တံလှလှလား...
ဒါမှမဟုတ်ရင် ပင်လယ်ထဲက ဆားငန်ရေလား...
ဒါမှမဟုတ်ရင် နင့်လက်ခုပ်ထဲက ညနေခင်းလား...
ဒါမှမဟုတ်ရင် ကိုးပါးဆေးလား...
အဲ့ဒီ မတိကျ မသေချာမှုတွေကပဲ အရာရာကို မသေချာခဲ့တာ
သေချာပါတယ် ကောင်မလေးရယ်...

(၃)
ကောင်မလေးရေ
ငါလည်း(ဆရာ သစ္စာနိ)လို မတော်တဆ အသည်းကွဲပြီး
အယောင်ယောင်အမှားမှားနဲ့ ခြေချော်လက်ချော် ကဗျာဆရာ
ဖြစ်လာခဲ့ရတာပါ။
ငါ့အသည်းက သီးကင်းနုလေးမို့ လေတိုးမခံရခင်ကပဲ ကြွေချင်နေတာ။
စိမ်းမြလဲ့ နင့်မျက်နှာ လမင်းကို ဖူးတွေ့ချင်နေတဲ့ ငါ့စိတ်ကူးစွန်လေးက
ပိတောက်ကိုင်းတစ်ခုမှာ ချိတ်ငြိနေတုန်းပဲ။
မရောင့်ရဲနိုင်တဲ့ ငါ့အချစ်တွေကို ဝိုင်ခွက်ထဲနှစ်သတ်လိုက်မိ တယ်။
အလွမ်းတွေက ငါ့နှလုံးသားမြိုရိုးပေါ်မှာ ချွဲချွဲပျစ်ပျစ် ကွက်ကြားမိုး
ရွာလို့ မျက်ရည်ထူထူလိမ်းထားတဲ့ မိုးခေါင်ရေရှား နင့်ဗုံသံလေးက
ငါ့မျော်လင့်ချက်ဘူတာဆီကို ကြွေမကျနိုင်သးဘူး။
ရေမှာအရောင်အဆင်းနဲ့အရသာမရှိဘူးတဲ့ငါဘယ်နှစ်တန်းတုန်းက
လဲ မမှတ်မိတော့ဘူး။ဖတ်တော့ဖတ် ဖူးခဲ့တယ်။
ငါ့အချစ်မှာတော့ အရောင်အဆင်း အနံ့ အရသာရှိတယ်
အရောင်အဆင်းက အပြာရောင်ကောင်းကင်ပေါ်က တိမ်ဖြူဖြူလေး
တွေလို ဖြူရှင်းသန့်တယ်။အနံ့က နှင်းဆီရနံ့လို ထုံသင်းမြကြည်တယ်...
အရသာက စွန်ပလွန်သီးလို ချိုအီမွေးတယ်...
နင့်အချစ်ကတော့ ချစ်သူများကျွန်းက ရေသူမအရုပ်ကို ထဘီစကတ်
ဝတ်ပေးထားသလိုလည်း ဖြစ်နိုင်တာပဲ...
တောင်ပံတပ်ထားတဲ့ ဆောင်းလေလိုလည်း ဖြစ်နိုင်တာပဲ...
နားတစ်ဖက်ထဲရှိတဲ့ မြစ်ရဲ့အပြုံးလိုလည်း ဖြစ်နိုင်တာပဲ...
အရေခွံလဲထားတဲ့ မြွေတစ်ကောင်ရဲ့သရုပ်ဆောင် မှုမျိုးလည်း
ဖြစ်နိုင်တာပဲ...ငရုတ်သီးတစ်တောင့်လိုလိုလည်း ဖြစ်နိုင်တာပဲ...
ဖြစ်နိုင်တာပဲ...ဖြစ်နိုင်တာပဲ...ဖြစ်နိုင်တာပဲ...
အဲဒီမသေချာမှုတွေကလည်း အရာရာကို သေချာဖို့အတွက်
ဖြစ်နိုင်တာပဲမဟုတ်လား ကောင်မလေးရယ်...

(၄)
ဒီည...ငါ့အချစ်ဒီရေတက်ချိန်စောတယ် ကောင်မလေးရေ...

(၅)
"ချစ်လို့ရှိရင် စိတ်ရှည်ရှည်ထားရမယ်"
"ချစ်လို့ရှိရင် သဘောထားကြီးရမယ်"
ကောင်မလေးရဲ့ မိုးခြိမ်းသံ စကားအဆုံးမှာ ငါ့နလုံးသားရဲ့
အသက်ရှူသံက တိုးတိတ်စွာနဲ့ လိပ်ပြာတစ်ကောင်လို
ပန်းတစ်ပွင့်ရဲ့ရှေ့မှောက် မှာ ဒူးထောက်လက်နက်ချခဲ့ရတယ်...။

(ဝိုင်ဝိုင်ပန်ဦး)


Tags: ကဗျာ



Bookmark:



Copyright © 2008 MyanmarSpace.com. All rights reserved.