Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
BLOGS   WRITE NEW BLOG   EDIT BLOGS  
 
RSS
........................
Posted On 08/22/2008 23:40:14
by leveret
အိပ်ချင်ယောင်ဆောင်သူကို နှိုးရခက်တယ်တဲ့...

နှလုံးသားအိပ်ချင်ယောင်ဆော င်နေသူကို

ကိုယ်ဘယ်လိုနှိုးရမလဲကွယ်

သံစဉ်မရှိတဲ့...သီချင်းတွေဆိုညည်းခဲ့တယ်....

ကာရန်မဲ့တဲ့ ကဗျာတွေ...ရေးတတ်ခဲ့တယ်...

ဥယျာဉ်မှူးမရှိတဲ့...အချစ်ပန်းတစ်ခင်း...

နှလုံးသားမှာ...ပျိုးခဲ့ဖူးတယ်...

ဝေတကာဝေ..ကြွေတာကကြွေနဲ့ပေါ့.......

ရင်ခွင်မှာ လှိုင်းထအောင်....လုပ်ခဲ့တာ

ဘယ်သူလဲ...

အကြည့်တစ်ချက်နဲ့...

ပိုင်ဆိုင်မှုအားလုံးသိမ်းပိုက်သွားတာ...

ဘယ်သူလဲ...

ကဗျာတွေရေးတတ်အောင်...သင်ပေးခဲ့တာ

ဘယ်သူလဲ...

သေချာတာကတော့...မင်းဟာ

ဟန်ဆောင်ကောင်းသူတစ်ယောက်ပါပဲ

ဟန်ဆောင်ကောင်းသူကြီးရေ...

မင်းပဲရေး မင်းပဲရိုက်တဲ့ ပြဇာတ်တစ်ပုဒ်ကို

ဘာဖြစ်လို့ ဇာတ်သိမ်းမလှအောင် လုပ်ခဲ့တာလဲ...

ငါ ဆုတောင်းနေပါတယ်....

တစ်ခန်းရပ်ပြဇာတ်မဖြစ်ပါစေ နဲ့လို့ပေါ့.......


Bookmark:



Copyright © 2008 MyanmarSpace.com. All rights reserved.