ကျွန်တော် သည်အေးချမ်းမှုကို လိုအပ်တိုင်း ဒီရေကန်ဘေးမှာ ထိုင်ဖြစ် ခဲ့တယ် ။ သည် ရေကန်ကြီးက အေးချမ်းတယ်လေ လူတွေမှာ ဒီလောက် လောဘ တွေဒေါသတွေနဲ. ဖြစ်တည်နေတာ မလား ။ကျွန်တော် သူငယ်ချင်းတော်တော် ကတော့ ဒီလောဘတွေကြောင့်ပဲ လူသားတွေတိုးတက် လာတာတဲ့လေ ။ ဒီလောဘ တွေက ပဲ လူသားတွေကို ပျက်စီးစေတာ လား ။
မေးခွန်း နဲ. စတဲ. ကျွန်တော် အတွေး မေးခွန်း နဲ. ဆုံးသတ် သွားခဲ.တယ် ။ '
ဒီလို ထိုင်နေရင်း နဲ. ကျွန်တော် သည် ရေစပ် က ကျောက် တုံး လေး ဖြစ်သွားသည် ။ ထိုအခါ မှ ကျွန်တော် သည် မည်သူ ပြောမှန်း မသိသော စကားကို အကောင်ထည် ဖော် လို လာသည် ။ ငုတ်မိသဲတိုင် တက်နိင်ဖျားရောက်ဆိုတာ လေ ။
ကျွန်တော် လည်း ဟိုး.ပင်လယ် ရေအောက် ကြမ်းပြင် ကို လိမ့် လို တဲ. စိတ်ဖြစ်လာတယ် လေ ။ ကျွန်တော် အားစိုက်ပြီးလိမ့် ကြည့်တယ် ။ လိမ့်ရင်းလိမ့် ရင်း နဲ. ပဲ ရေစီး သန်တဲ.နေရာ တစ်ခုကို ရောက်သွားတယ် လေ ။
ရေစီး ကြောင့် အားစိုက် ဖို. မလိုတော့ အောင် လိမ့်သွားတယ် ။ ကျွန်တော် လို ကျောက်တုံး တစ်တုံး နဲ.သွားတွေ.တယ် ။
ကျွန်တော် ကစ ပြီး စကားဆိုလိုက်တယ် ။
“ကျွန်တော် တို.ရောက်နေတာ ဘယ်နေရာ လဲဗျ ”
“ပုဇွန်တောင် ချောင်း လို.သူကဖြေတယ် ”
ကျွန်တော်ရောက် နေတာ ပုဇွန်တောင် ချောင်း ဆို တော့ ကျွန်တော်ပျော် သွားတယ် ပုဇွန်တောင် ချောင်း ပြီးရင် ပဲခူးမြစ်
ထဲ က ကြေးခေါင်းလောင်း ကြီးကို သွားကြည့်မယ် ။ ပြီးရင် သန်လျင် ကျောက်တန်း ရေလယ် ဘုရားကို သွားရဦးမယ် ။
ပြီးရင် ပင်လယ် ထဲသွားပြီး တိုက်တန်းနစ် ကို လေ့လာမယ် ပေါ့လေ ။ အခုတော့ ရေစီး အရှိန် နဲ.လိမ့် နေတုန်းပဲ ။
ကျွန်တော် လိမ့်နေရင်းနဲ. ရေစုပ် စက် ကြီး ကဆွဲ ခေါ် သွားတယ် ။ နောက်တော့ လော်လီကားကြီးနဲ. လူတွေနေတဲ့ ကုန်းမြေပေါ် ရောက်လာ ခဲ.တယ် ။ ကျွန်တော် ကျောက်ခဲ စဖြစ် ကတည်း က ကုန်းမြေပေါ်သို. ရောက်ဘူး ခြင်း မရှိပါ ။
ကုန်းမြေ သည်ပူလောင် လွန်းတဲ့တွက် ကျွန်တော် ကိုယ်ပေါ်မှ ရေ စက် ကလေး များ ကပင် ကျွန်တော် ကို နှုတ်ဆက် ထွက် ခွာဖို. ပြင်ဆင်နေကြတယ် ။ သူတို.သည် မိုးတိမ်တွေ အဖြစ် ကျွန်တော် ကို နှုတ်ဆက်သွားသည် ။
ရေစက် ကလေးများ ထွက်သွားတော့ ကျွန်တော် ကိုယ်လည်းခြောက် သွေ.သွားတယ် ။ ကျွန်တော် လို ကျောက်ခဲ လေးအများ ကြီးကို ကျွန်တော် တွေ.လိုက် ရတယ် ။ကျွန်တော် ကို သူတို. ကမတူသလို မျိုးကြည့်နေလေ ရဲ. ။ ဘာဖြစ်လို.လည်း ဆိုတော့ ကျွန်တော် ကမည်းနက်နေ ပြီး သူတို. နဲ.မတူလို.ပဲ ။ ဒါက ကံတရား ပဲလို.ကျောက်ခဲ ကြီး တစ်လုံး ကလာပြော သည် ။ အို...မတူညီ မှုတွက် မမျှတတဲ့ ကံတရား လား ။ ထိုအချိန်မှာ မိုးကောင်းကင်ပေါ် မှာ ကျွန်တော် ရဲ.မိတ်ဆွေ ဟောင်း တွေဖြစ်တဲ့ တိမ်တိုက် လေး တွေကို တွေ.တော့ ကျွန်တော် လက်ပြ နှုတ်ဆက် လိုက် တယ် ။ သူတို.က အရေးမလုပ် ပဲ လေနှင် ရာ လွင့်သွား တော့တယ် ။အရင်တုန်းကဆိုရင် ကျွန်တော် ဖြစ်ချင်တာ ကို သူတို. က လိုက် ပို.ရတာမလား ။
လမသာတဲ့ ည တစ် ညကို ကျော်ဖြတ်လိုက်တယ် ။
နောက် တစ်နေ.မှာတော့ ကျွန်တော် မိတ်ဆွေ သစ်တွေ ရလိုက် တယ် ။ ကျွန်တော် ကိုယ်ပေါ် ရောက်လာ တဲ. သဲပွင့်လေး တွေပဲ ပေါ့ ။ သူတို.က သူတို.ရဲ.ဖြစ်တည် မှု အကြောင်း ကိုပြောပြတယ် ။ သူတို.သဲပွင့် လေးတွေဟာ ဖြစ်တည်လာကတည်းက ပေးဆပ်လာ ခဲ.သူများဖြစ်ကြောင်း ။ ဒီလို ပေးဆပ် လာ တာကြောင့် မြေကြီး ပေါ်တွင် လူသန်းပေါင်း များစွာ နေနိင် ပြီဖြစ်ကြောင်း ဂုဏ်ယူစွာပြောလေတယ် ။ကျွန်တော် လည်း ၀မ်းနည်းမိသည် ။ကျွန်တော် နှင့် ယှဉ်လျှင် များစွာ သေးငယ်သော သဲပွင့် လေးတွေက ပေးဆပ်ခြင်း နဲ. ဖြစ်တည်နေ ပြီး ကျွန်တော် ကတော့ ကိုယ့် အတွက်ကို ကြည့်နေ မိသောကြောင့် ဖြစ်သည် ။ လူတိုင်းသာ သဲတစ်ပွင့် လိုပေးဆပ် မည်ဆိုရင် လူ.လောက ကြီးသည် နေချင် စရာ အကောင်းဆုံး နေရာတစ်ခု ဖြစ်လာလိမ့် မည့် ဟု ကျွန်တော် တွေးပစ်လိုက် သည် ။(ထိုအတွေးကို တွေးပြီး နောက် အပြစ်ရှိသူတစ်ယောက်လို ခံစားရသောကြောင့်မေ့ ပစ်လိုက် ခြင်းဖြစ်ပါသည်)
နောက်တော့ ကျွန်တော် သည်ပေးဆပ် ဖို. အခွင့်ကြုံလာသည် ။ ပေတရာလမ်းမ ပေါ်သို.ရောက်သွားပြီး လမ်း ခင်းကျောက် ဖြစ်သွားတယ် ။ ကျွန်တော် လည်း လမ်းကြိတ်စက် ကြီးအောက်မှာ လမ်း မအဖြစ်ပြောင်းလည်း သွားတယ် ။ လူတွေ ကျွန်တော် ကိုယ်ပေါ်မှ နင်းသွားတိုင်း ၊ လူတွေ ရဲ. ချွေးတွေ ကျွန်တော် ကိုယ်ပေါ် ကြတိုင်း ပေးဆပ် ခြင်း ဆိုတာသတိ ရတယ် ။ တစ်နေ. တော့ မိုးသားတွေ ဟာ မည်းမှောင် ပြီး မိုးတွေ ရွာ ချတော့ တယ် ။ ကျွန်တော် မိတ်ဆွေဟောင်းတွေဖြစ်တဲ.ရေ စက်လေးတွေ ပဲပေါ့ ။ သူတို.က ကျွန်တော် ကိုတောင်းပန် ကြတယ် ။ ကျွန်တော် လည်း ခွင့်လွှတ် စကားဆိုလိုက် ပြီး စကား တစ်ခွန်း ပြောလိုက်တယ် ။
`ငါ .. တို.တွေ သဲတစ်ပွင့်လို ပေးဆပ် ကြအောင် လေ ´ ။
ပြီးတော့ ကျွန်တော် အိပ်ရာ က နှိုးလာတယ် ။ အိမ်မက်ကို တော့ မမေ့သေးဘူး ။
.........
ကျွန်တော်တို့ တွေအသက်ရှင်ဖို. စားသောက်ရတယ် ။ ဒီလို စားသောက်ဖို.လည်းရှာဖွေ ရတယ်လေ ။ အပင်တွေမှာ သာ အစိမ်းရောင် ကလိုရိုဖီး (chlorophyll) ရှိလို.နေရောင်ခြည် နဲ.အစာချက်နိင်တာလို. ဘိုင်အို ဆရာမ ကပြောဘူးတယ် ။
ဒါနဲ.ပဲ ကျွန်တော်ဟာ အစာ ရှာနည်း တွေကို လေ့လာချင် လို့လောက ဥယျာဉ်မှုး ဆီကိုသွား ခဲ့တယ် ။ သူက လောက ဥယျာဉ်ထဲကို ကျွန်တော် ကို လိုက်ပြတယ် လေ ။ ကျွန်တော် လည်းလေ့လာခွင့် ရခဲ့တယ် ။
ပထမဆုံး ကြက်ဖကြီး တစ်ကောင်က သူရောက်တဲ့ နေရာတိုင်း မှာ မြေကြီး ကို ယှက်ပြီး စားသောက်တာတွေ့တယ် ကြက်ဖကြီးစားနည်း လို.မှတ်သားလိုက်တယ် ။
နောက်ထပ် တွေ့ တဲ့ မျောက်တစ်ကောင် ကတော့ သူနေတဲ့ သစ်ကိုင်း ကိုလက်တစ်ဖက် ကကိုင် ပြီး နောက် လက်တစ်ဖက်နဲ. ဌက်ပျောသီး စားနေတယ် ။ ကျွန်တော်လည်း မျောက်လွှဲကျော် စားနည်းလို. မှတ်လိုက်ပြန်တယ် ။
နောက် ကျားကြီးတစ်ကောင် ကတော့ သူ့ရှေ့ က အသား ကို ဝေါင်း....ဟု ဟိန်း ဟောက်ပြီးမှားနေတယ် ။ ဟောက်စား လို. ကျွန်တော် စာအုပ်ထဲ ရေးမှတ်လိုက် တယ် ။
နောက်တော့ သက်သက်လွတ်မြက် ပဲစားတဲ့ နွားကြီး တစ်ကောင်ကို တွေ့တယ် ။ သူက ခွန်အားဗလ ရှိတဲ့ ကောင်ကြီးပဲ
သက်သက်လွတ် စားသောကြောင့် ဖြစ်မည် ဟု ကျွန်တော် ယူဆ လိုက်သည် ။ အထူး သဖြင့် နွားကြီး သည် ပခုံးအလွန်ကောင်း သည် ။
အဲ့ဒီ ထဲမှာ ပါဝါ အကြီးဆုံး စားတဲ့ နည်းကတော့ ရေမြင်း ကြီးပဲဖြစ်မည် ထင်သည် ။ သူက ပါးစပ်ဟ လိုက်တာ နဲ. ဥယျာဉ်မှုး ကြီးက ကပ်စွန်းရွက်(ကန်စွန်းရွက်ဲ့သို.အစိမ်းရောင်ရွက်) များကျွေးသည် ။ ပါးစပ်ကြီး ကလည်း ကြီးမှကြီးပဲလေ ။
ပြီးတော့ ဥယျာဉ်မှုး ကြီး ကကျွန်တော် ကို မေးတယ် ဘယ်စားနည်း ကို အကြိုက်ဆုံး လည်းတဲ့ ။ ကျွန်တော် က ရေမြင်းစားနည်း ကို အကြိုက်ဆုံး ဖြစ်ကြောင်း ၊ ကျွန်တော် ထမင်းဝါးနည်း မသင်ယူ မီတုန်း က မာမီ ၀ါးပြီးသား ထမင်းများကို ကျွန်တော် က ရေမြင်း ကြီးလို ပါးစပ်ဟ ပြီးစားခဲ့ ကြောင်း ပြောတယ် ။ ပြီးတော့ ကျွန်တော် စာအုပ်ထဲမှာ ရေးမှတ် လိုက်တယ် ။ မ၀ါးတက်သောသူများ ရေမြင်းကြီး လိုအကောင်ကြီး ရန်လိုသည် ။ ။
အဲ့ဒီမှာ တင် ဥယျာဉ်မှုး ကြီးက ကျွန်တော် ကို စကားတစ်ခွန်းပြောပြန်တယ် ။ ပုံမှန်စားသုံး မျိုးမတုန်း တဲ့ ။ ကျွန်တော်တို.ရဲ့
အိမ်မက်များ ကိုပုံမှန် စားသုံးပါက အိမ်မက်များ မပျောက်ပျက်ပဲ တည်နေမည် ။ နောက်ပိုင်းတော့ ကျွန်တော်လည်း အိမ်မက်များကို ပုံမှန်စားသုံး တော့ သည် ။ ရေခံမြေခံကောင်း ခြင်းများ လျော့နည်းလာ ပြီး အိမ်မက်များ လိုအပ်လာသောအခါ နိင်ခံခြားမှ အိမ်မက်များ ကို မှာယူစားသောက် ရတော့ သည် ။ ကျွန်တော် လည်း နိင်ခံခြားဖြစ် အိမ်မက်များ စားပြီးသောအခါ အစာမကြေမှုများ ဖြစ်လာသည် ။ သီချင်းနားထောင် လည်း အစာမကြေ ။ ဖက်ရှင်ရှိုး ကြည့် တော့ လည်း အစာမကြေ ။ ဘောလုံးပွဲ ကြည့်တော့ လည်း အစာမကြေ ။ ဘီယာဆိုင်မှာ လည်းအစာမကြေ.....နေရာတိုင်း
အစာမကြေဖြစ် လာတယ် .... နောက်ဆုံးတော့ ...
အိမ်မက်များ အလွန်စားသုံးသော အစာအိမ် ရောင်းရန်ရှိသည် ။ ဆက်သွယ်ရန် - အမှတ် ၄၂၀ ၊ အိမ်မက်ဂေဟာ ၊ စိတ်ကူးလမ်း ၊ လက်တွေမြို.တော် ဟု အိမ်မက်ဒေါ့ကွန်း တွင်ကြေညာ လိုက်တယ် ။
........................................ ...... .......
.....'ဟဲ့ စီရံ ထစမ်း ...ထ ...ထ နင့် လိုက် ဘိုင်အို ကျက် ခိုင်းထားတာ ။ အိမ်ဆေးကျွေးထား တာ မဟုတ်ဘူး ။ သွားမျက်နှာသွားသစ်ချေ ။'
......'ဟုတ်..ကဲ့ ဆရာမ ကျွန်တော် စာအိပ် ရင်းနဲ. ဆရာမ ကို စောင့် နေတာ ။'
.....'.အစာချေဖျက်ခြင်း စနစ် ကျက်ပြီး ပြီလား ။ '
......'မကျက်ရသေးဘူး ဆရာမ ။။။'
......'ဒီလောက် အချိန်တွေ အကြာကြီး စာမကျက်ပဲ ဘာလုပ်နေတာ လဲ '
................ "ကျွန်တော် ...အဲ..ကျွန်တော် အိမ်မက်များ စားသုံးနေတာ ဆရာမ" ။ ။
.....

Tags: Books