Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
BLOGS   WRITE NEW BLOG   EDIT BLOGS  
 
RSS
အင်ဂျင်ပါဝါဘာကြောင့် တိုးရတယ်
Posted On 08/02/2008 06:50:32
by cyang
အင်ဂျင်တစ်ခုရဲ. ဒီဇိုင်းကိုကြည့်မယ်ဆိုရင် တဖက်မှာပါဝါပိုရအောင်လုပ်ရ သလို တခြားတစ်ဖက်မှာလည်း ပါဝါမဆုံးလေရအောင်လုပ်ဖို.လို
တယ်ဆိုတာသိတာပါတယ် ။ အင်ဂျင်လည်ပတ်ဖို.ဘာတွေလိုသလဲကြည့်ရအောင်လေ ...

နံပတ် ၁ လိုအပ်ချက် fuel 'လောင်စာဆီ'  ။ လောင်စာဆီပေးတဲ့နေရာမှာ ကာဘရိုက်တာပဲ ဖြစ်ဖြစ် နော်ဆယ် ပန်. ပဲဖြစ်ဖြစ် ။
pressure difference ဖိအားပြောင်းလဲမှုကအရေးပါတယ် ။ pressure difference ကဘယ်လောက်အရေးပါသလဲ ဒီနေရာမှာ ကြားဖြတ် ကြော်ညာဝင်လိုက်ဦးမယ် ။ တချိန်က အမေရိကန်တွေ အာကာသပေါ်ရောက်သွားတော့ ဘောပန်(ball pen) တွေက အာကာသမှာစာရေးလို.မရ ဘူးဖြစ်နေတယ် ။
ဖိအားပြောင်းလဲမှု မရှိလို.တဲ.လေ ။ အဲ့ဒီချိန်မှာပဲ ရှရှား က အာကာသမှာ စာရေးတဲ.နည်းပညာကို တီထွင်လိုက်တယ်တဲ့ ။ ဘောပန်နဲ.မရေးပဲ ခဲတံနဲ့ရေးတဲ့နည်းပါ ။ ဟဲဟဲ...မပိုင်ဘူးလား ..ကဲ လောင်စာဆီ အကြောင်းလေး ဆက်ကြရအောင် ။ pressure တွေများလာတာနဲ.မီလောင်းခန်းထဲမှာ ဆီကပေါက်ကွဲတော့မှာပဲ ။
သိပြီးတဲ.တိုင်း cylindar စလင်ဒါထဲက piston ပင်စတင်တွေက ရွေ့လျားပြီး crankshaft ကရိုင်းရှက် တွေကိုလည်ပတ်တာကနေ စွမ်းအင်ရတော့တာပဲလေ ။

နံပတ် ၂ လိုအပ်ချက် က မရှိမဖြစ် 'ရေ' ပါ ။ အင်ဂျင်ကြီး ကရေသောက်လို.လား ။ ဟုတ်ကဲ့ အင်ဂျင်ကြီးမှာ လည်းအပူနဲ.ပါ  ။ ဒါကြောင့် မီးလောင်ခန်း စလင်ဒါကြီးရဲ. အပြင်ဘေး ပတ်ပတ် လည်မှာ ရေစီးလမ်းကြောင်း တွေလုပ်ထားရတာပေါ့ ။ အဲ့ဒီရေလမ်းကြောင်းမှာ စီးနေတဲ့ ရေ တွေက စလင်ဒါထဲက အပူကိုရပြီး ရေငွေ.ပြန်သွားမယ် ။ ရေငွေတွေက ရေတိုင်ကီ အထက်ကိုတက်သွားမယ် ။ ရေတိုင်ကီ ကိုတော့ ပြင်ပကလေတွေ နဲ. အအေးခံပါတယ် ။အဲ့ဒီတော့ ရေတိုင်ကီ ထဲက ရေငွေ.တွေက ပြန်အေးလာပြီး ရေ အဖြစ်နဲ. အင်ဂျင် အတွင်း က ရေစီးလမ်းကြောင်းတွေ ဆီပြန်ရောက်သွားမယ်ပေါ့ ။ ဒါကို သာမွန်-ဆိုင်ပွန်
(Thermo-syphon) နည်းလို.မှတ်သားဘူးတယ်လေ ။ ဘယ်လိုသဘောလဲ ဆိုတော့ လေတိုက် နေတဲ့ ကမ်းခြေတစ်ခုမှာ လေတိုက်တဲ့ဘက်ကို မျက်နှာထားပြီး
မျက်နှာသစ်လိုက် ရင် မျက်နှာကအေးသွားတယ်လေ ။ ဒီသဘောပါပဲ ။ သူဘာသူဖြစ်တဲ့ evaporation effect ကိုသုံးတဲ့နည်း ။ ဒီ (Thermo-syphon) သာမွန်-ဆိုင်ပွန်နည်း အအေးခံဖို.နည်းနည်းတော့ကြာမယ် ။ cooling tank ရေတိုင်ကီ ကြီးလိုက်ရင်တော့ ကောင်းမှာပဲ ။ နောက် နည်းတွေလည်းရှိပါသေးတယ် ။
ဆက်ပါဦးမည် ။

'ဆီ' နဲ. 'ရေ' ပြီးတော့ နောက်မရှိမဖြစ် လိုတာက 'လေ' ပါပဲ ။ ဘယ်လောင်စာ ကို ပဲသုံးသုံး ဒီ အလကားရတဲ့ လေ ကို ဖိအားမြင့် အပူမြင့်ပြီး မှ လောင်ကျွမ်း မှုကို ဖြစ်ပျက်စေတာပါ ။ အင်ဂျင်ထဲကို လေ များများသွင်း နိင်လေ ပါဝါ တိုးလေ လို.သာသာမှတ်လိုက်ပါတော့ ။
ဒါကို(supercharging)စူပါချက်ဂျင်း ၊ (Turbocharging) တာဗိုချက်ဂျင်းရယ်လို.ခေါ်တာပေါ့ ။ ရိုးရိုး သာမန် အင်ဂျင်တွေမှာ ပြင်ပလေပဲဝင်မယ် နို.ဒါပေမယ့် တာဗိုအင်ဂျင်မှာတော့ လေကို ဖိသွင်းတဲ. ကွန်ပရက်ဆာ(compressor)တပ်ဆင်ထားတာ ပေါ့ ။
ဒီ  ကွန်ပရက်ဆာ(compressor) မောင်းတဲ့နည်းကိုလိုက်ပြီး စူပါရယ် ၊ တာဗိုရယ်လို.ကွဲသွားရတာပေါ့ ။ ပေါက်ကွဲခန်း (combustion chamber) ထဲကို လေ တွေ သိပ်သည်းစွာထဲ့လိုက်မယ် ။ ထမင်းချိုင့်ထဲကို ထမင်းတွေ ဖိပြီးသွင်းလိုက် သလိုပဲလေ ။ ဖိအားတွေ လည်းတိုးလာတာပေါ့ ။ ဒီလိုဆို အင်ဂျင်ရဲ.ပေါက်ကွဲအား ကလည်းမြင့်သွားမှာ ။ တခါတစ်လေ လေတွေ တအားပူပြီး ၀င်လာမှာဆိုးလို. အအေးခံ (inter-cool) တပ်ထားတာတွေရှပါတယ် ။ ဒီလို ဆို "ဆီ ရေ လေ" ပြီးသွားပြီ နောက်ဆုံး ၀ိုင် ဆိုတဲ့ ချောဆီ ကိုသွားတာပေါ့ ။ စီနီယာ အကိုတွေကတော့ ရယ်နေတော့မှာပဲ ရီင်္နဲ.နော် သိသလောက် မှတ်သလောက်လေး ဆက်ဖောလိုက်ဦးမယ်နော် ။
နံပါတ် ၄ လိုအပ်ချက်က ၀ိုင်လို.ခေါ်မယ် 'ချောဆီ'ရယ် ။ သူကတော့ အင်ဂျင်မှာ လည်ပတ်လုပ်ရှားနေတဲ့ အစိတ်ပိုင်းတွေကို ချောမွတ်
နေအောင် လုပ်ပေးတာဗျ ။ ဒိတော့များများလည် ပတ်ပြီး ချောဆီ တန်ခိုးနဲ. ပါဝါတိုး ပြန်တာပေါ့ ။ ကိုကို ချော က နောက်ထပ်ကောင်း
တာတွေ လည်းရှိသေးသဗျ ။ သူက အင်ဂျင်ကို လဲ သန်.ရှင်းပေးသေးတယ် ။ အပူ ကိုလည်း ထိန်းညှိပေးမယ်လေ ။ ကို ချော ကို မှန်မှန် ကန်ကန် ရွေးပေးဖို.ပဲလို တာ ။ vicosity no ကိုတော့ကြည့်ပေါ့ဗျာ ။
အင်ဂျင်မှာ တပ်ထားတဲ့ အစိတ်ပိုင်းတွေ မကြပ်ရင် တနည်း bearing clearance များနေရင်
ချောဆီမှာ ဖုန်မှုန်.တွေ ကပ်နေရင်
ချော ဆီ လမ်းကြောင်းတွေ ပိတ်နေ ရင်
ချောဆီ ပန်. ချို.ယွင်းနေရင် ....အင်ဂျင်ကြီး နေမကောင်းဖြစ်နိင်ပါတယ် ။

အင်ဂျင်ပါဝါတိုးဖို. ၊ အင်ဂျင်ကြီး ကျန်းမာရေးကောင်းဖို. သတိ ' ဆီရေလေ၀ိုင်' လို.မှတ်ချက်ပြုလိုက်ကြောင်းပါ ။    ။


Bookmark:



Copyright © 2008 MyanmarSpace.com. All rights reserved.