Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
BLOGS   WRITE NEW BLOG   EDIT BLOGS  
 
RSS
Ang Thoung အတွက်
Posted On 07/17/2008 06:04:18
by Chobu

တစ်ခါကမက်ခဲ့ဖူးတဲ့ အိပ်မက်လေး အခုတော့လည်း အကုန်ပျောက်ကွယ်လုနီးပါးပါ ပဲ။ သာမန်သူငယ်ချင်းတစ်ယောက်လိုပဲ နေတော့မယ်လို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ငါတစ်ယောက်ထဲ လျှောက်ခဲ့တဲ့လမ်းတွေကလည်း ခြောက်သွေ့ လွန်းနေခဲ့တယ်။ ကြိုးချည်ဖို့ထက် ကြိုးဖြည်ဖို့ခက်မှန်းသိလိုက်ရချိန်က ဒီလိုနောက်ကြမြဲပဲလား ...

တစ်ချိန်က နင်ပြောခဲ့ဖူးခဲ့တယ်လေ ငါဆွဲတဲ့ Design ကိုသုံးပြီး မြက်ခင်းပြင်ကျယ်ကြီးထဲမှာ ငါတို့အိမ်ဆောက်ကြမယ်လို့ .. ပြီးတော့ငါတို့နှစ်ယောက်ကြိုက်တဲ့ game တွေလည်းနင်က၀ယ်ထားမယ်ဆိုပြီးတော့ပေါ့။ ငါကလည်းနင်ကြိုက်တဲ့ ရှမ်းခေါက်ဆွဲ ကိုချက်ကျွေးမယ်လို့ပြောခဲ့ ဖူးတယ်လေ .. ပြီးတော့နင်သီချင်းတွေရေးလို့ ပျင်းလာရင်ငါက piano တီးပြမယ်ဆိုပြီးတော့ပေါ့။ ငါတို့ စက်ဘီးတွေလည်းဝယ်ထားဖို့ တိုင်ပင်ခဲ့ကြဖူးတယ်။ နေ၀င်ချိန်ရောက်ရင်စက်ဘီး အတူတူစီးပြီးမောလာရင် မြက်ခင်းပြင်ကြီးထဲမှာ ကလေးတွေလို လှဲအိပ်ကြမယ်။ ညရောက်လို့ကြယ်တွေထွက်လာရင် အတူတူရေကြဖို့လည်း ပြောခဲ့ကြဖူးတယ်။ အဲဒီတုန်းကနင်ပြောဖူးတယ် ငါလက်ထက်ပြီးတဲ့တစ်နေ့ရောက်ရင် နင်ကငါနဲ့အတူတူမနေတော့ဘဲ နေရာအနှံ့လျှောက်သွားမယ်ဆိုပြီးတော့ .. ငါကလည်းဘယ်တော့မှ လက်မထက်ဖူးလို့ ပြန်ငြင်းခဲ့ဖူးတယ်လေ။ နင်လည်းနင်ဝါသနာပါတဲ့ အနုပညာလမ်းမှာ ကြိုးစားလျှောက်လှမ်းနေသလို ငါလည်းငါထူးချွန်တဲ့ ပညာရေးဘက်မှာကြိုးစားနေခဲ့ ကြတယ်။ ငါတို့ ရည်မှန်းချက်တွေ ပြည့်တဲ့တစ်နေ့မှာ Aurora ကိုတူတူသွားကြည့်ဖို့လည်း ကတိတွေပေးခဲ့ကြဖူးတယ်။

ဒါတွေအားလုံးက အိပ်မက်တွေပဲဆိုပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိေ တာ့ ငါတို့ယုံကြည်ခဲ့ကြဖူးတယ်။ ငါယုံကြည်နေဆဲပါပဲ။ ဒါပေမယ့် ဒီအိပ်မက်တွေက အပြစ်ရှိတယ်လို့ ငါစခံစားမိတာက နင်နဲ့ငါ့မှာ ချစ်သူတွေရှိလာတဲ့နေ့က စပြီးတော့ပေါ့။ ဒါတွေအားလုံးက မဖြစ်သင့်တော့ဘူးလို့ ငါခံစားမိတယ်။ ငါတို့က မရည်ရွယ်ပေမယ့်လည်း သူတို့တွေအတွက် တရားပါ့မလား။ ငါတို့ဘယ်သူ့ ကိုမှ လက်မထက်ဖြစ်သည့်တိုင်အောင် ဒီလိုမဖြစ်သင့်တော့မှန်း ငါသိနေခဲ့တယ် ... ငါဆုံးဖြတ်ထားတယ် ... ဒီအိပ်မက်တွေကို ဘယ်တော့မှ လက်တွေ့  ဖြစ်အောင်မကြိုးစားတော့ဘူး လို့။ အရင်တုန်းကလို ဖြူဖြူစင်စင် ဘာမှမသိတဲ့ အချိန်တွေကိုပြန်သွားချင် နေခဲ့တယ် ဒါပေမယ့် အိပ်မက်က အိပ်မက်ပါပဲ ...

ငါနင့်ကိုဟန်ဆောင်ပြီးရယ်ြ ပနေခဲ့လည်း ငါ့အသံတွေက တစိမ်းဆန်နေခဲ့တယ်။ ငါ့အပြုံးလိုပဲ နင်ရေးတဲ့သီချင်းတွေလည်း အသက်မဲ့နေမလား ငါမသိဘူး။ ငါသိတာတစ်ခုပဲရှိတယ် ငါနင့်ကိုအရမ်းချစ်တယ် ...

Tags: Friend Love Dream



Bookmark:



Viewing 1 - 1 out of 1 Comments

07/20/2008 03:52:57

အင်း ... အိမ်မက်တွေမဟုတ်ပါဘူး တကယ့်အဖြစ်အပျက်တွေပါပဲ .... တွေ.ဆုံကြုံကွဲ နေတဲ့ ဘ၀ တိုင်းမှာ ... ဘာကိုများ လွမ်းနေမှာလဲ ...

အိမ်မက်ဆိုတာ ... တစ်ချိန်မှာ နိုးထရတာချည်းပါပဲ .... စစ်မှန်တဲ့ သုခ ဘုံဆိုတာ ဘာမျာလဲလို.လူတိုင်းကိုမေးကြည့်ဘူးပါသ လား ....

 




Copyright © 2008 MyanmarSpace.com. All rights reserved.