Myanmar Community Site

Welcome Guest Login or Signup | PUBLIC CHAT ROOMS | PRIVATE VIDEO CHAT | BOOKMARK
 
BLOGS   WRITE NEW BLOG   EDIT BLOGS  
 
RSS
အဆင်ပြေပါတ ယ်
Posted On 07/02/2008 08:23:05
by radium

ချစ်ခဲ့မိတာ

အစစ်အမှန်ပဲမို့

ဖြစ်ခဲ့သမျှအတွက်

အပြစ်ဖွဲ့စရာလို့လည်း

ငါမတွေးပါဘူး ..........

ကြုံဆုံခဲ့တာ

အိပ်မက်မဟုတ်မှတော့

ခံစားရတာတွေက

လေတိုက်ယုံနဲ့လွင့်ပျောက်မ သွားနိုင်ဘူး ............
ဒဏ်ရာဆိုပေမယ့်

နာကျင်စရာလို့မတွေးပါဘူး 

အချိန်ကာလကြားမှာ

နေသားကျအောင်နေထိုင်ရင်း

မင်းမရှိပေမယ့်

ငါ..........အဆင်ပြေပါတယ် ။



ချန်ထားခဲ့တာလား

ကျန်နေခဲ့တာလား

ဝိုးတ၀ါးနဲ့ပါပဲ

လမ်းခွဲခဲ့တာမဟုတ်ပေမယ့်

မင်းနဲ့ငါ

လမ်းကွဲခဲ့တာတော့ သေချာတယ်............

ပြန်ပြင်လို့မရမှတော့

အတိတ်ဆိုတာ တွေးတွေးပြီး

ငါနောင်တမရပါဘူး ..................

ဒီအချိန်မှာ

တစ်ယောက်တည်းဆိုပေမယ့်

ငါ..........အဆင်ပြေပါတယ် ။



ငါမညာပါဘူး

တိုင်တည်စရာလူမရှိ

ခိုလှိုစရာရင်ခွင်မရှိလို့

တခါတခါ

အထီးကျန်ဆန်ပေမယ့်

ပြန်ဆုံခွင့်ကိုတော့

ယောင်ယမ်းပြီးမှတောင်

ငါမတမ်းတပါဘူး................

မှန်တယ်ထင်လို့

လျှောက်ခဲ့ပြီးမှတော့

ငါ့ကိုပြန်လှည့်မကြည့်ပါနဲ့  .............

နင်တန်ဖိုးမထားခဲ့တဲ့အရာတွေက

အမှတ်တရပေါင်းစုံနဲ့

တစ်သက်လုံးစာ သတိရဖို့

ငါ့အတွက်တော့ လုံလောက်ပါတယ်..............

ငါ့ဘေးမှာ နင်မရှိတာကလွဲလို့

ပတ်သက်ခဲ့သမျှတွေက

ဘယ်အချိန်ပဲဖြစ်ဖြစ်

အရင်ကလိုနွေးထွေးဆဲပဲမို့

အသည်းကွဲခဲ့ပေမယ့်

ငါ..........အဆင်ပြေပါတယ် ။ ။ ။



Bookmark:



Copyright © 2008 MyanmarSpace.com. All rights reserved.