အိုဘားမားနှင့် ခေတ်မီနည်းပညာ
ရေးသားသူ - ဇေယျာစိုး ၊ နေ့စွဲ - 24/01/2009

သမ္မတ အိုဘားမားသည် IT ခေတ်တွင် ကြီးပြင်းလာသည့်သူ တစ်ဦး ဖြစ်သည့် အားလျော်စွာ ရွေးကောက်ပွဲဝင်စဉ် ကာလအတွင်း အခြား ရွေးကောက်ပွဲဝင်သူများနှင့် မတူ၊ တမူထူးခြားစွာဖြင့် ခေတ်မီ နည်းပညာများကို အကျိုးရှိစွာ အသုံးချခဲ့ပါသည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် သူ့အား ထောက်ခံသည့် လူငယ်ကျောင်းသားများအား မဲထည့်ဖို့မမေ့ကြရန် Cell phone များသို့ SMS text message များပို့လွှတ်ခဲ့ပါသည်။ သူ၏ ကိုယ်ပိုင် website ဖြစ်သော barackobama.com ကို လာရောက် လည်ပတ်သူများထံမှလည်း email address များတောင်းခံကာ တခါတရံ email များပို့၍ သူ၏ policy များအကြောင်းရှင်းပြခဲ့ပါသည်။ ထို့အပြင် barackobama.com မှနေ၍ အလှူငွေများကို တိုက်ရိုက် လက်ခံနိုင်သဖြင့် အလှူငွေအမြောက်အများလည်း ရရှိခဲ့ပါသည်။ ထိုကြောင့် အိုဘားမားသည် ပြိုင်ဖက်များထက် အမြဲတမ်း တပန်းသာခဲ့ပါသည်။

သမ္မတဖြစ်လာသော အခါတွင်လည်း သူအမြဲ ကိုင်ဆောင်လေ့ရှိသော Blackberry cell phone (အမေရိကားတွင် လူသုံးများသည့် email များဖတ်ရှုနိုင်ပြီး၊ အင်တာနက် သုံး၍ရသော လက်ကိုင်ဖုန်း)  ကို ဆက်လက်ကိုင်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ပထမပိုင်းတွင် သူ၏ လုံခြုံရေးအရာရှိများက နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မည်စိုးရိမ်သောကြောင့် ကန့်ကွက်ခဲ့သော်လည်း နောက်ဆုံးတွင် သဘောတူ အဆင်ပြေသွားခဲ့ပါသည်။ အမေရိကန်သမ္မတ၏ cell phone သို့ PDA ဖြစ်သည့်အားလျော်စွာ hacker များရန်မှ ကာကွယ်ရန် အတွက် Super Encryption ကို pentagon စစ်ဌာနချုပ်မှ အထူးစီမံပေးထားပါသည်။ သူ၏ ဖုန်းနံပါတ်နှင့် email ကိုလည်း လျှို့ဝုက်ထားပြီး နီးစပ်အနည်းငယ်ကို အသိပေးထားပါသည်။ သမ္မတစီမှ ပေးပို့သော Message များကို Forward လုပ်၍ မရရန်လည်း အထူးစီမံပြုလုပ်ပေးထားပါသည်။

ယခင် သမ္မတဟောင်းများသည် cell phone များကို ကိုယ်တိုင် မကိုင်တွယ်ပါ။ လက်ထောက်များ၊ သက်တော်စောင့်များသာ ကိုင်တွယ်ကြပါသည်။ အိုဘားမားသည် အမေရိကန် ရာဇ၀င်တွင် ပထမဦးဆုံးသော Cell Phone ကို ခါးတွင် ချိတ်၍ ကိုယ်တိုင် ကိုင်တွယ်သော သမ္မတ ဖြစ်လာပေတော့မည်။



တခြား စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများ

ထင်မြင်ချက်များ (6)

ထင်မြင်ချက်လေးထားခဲ့ပေးပါ