ကျွန်တော်တို့ Blogမှာ ရေးသားထားသော နည်းပညာများ၊ လမ်းညွှန်ချက်များ၊ အကြံပေးချက်များက ခင်ဗျားတို့ကို အထောက်အကူ ပြုသည်၊ ဗဟုသုတ ရစေသည် ဆိုလျှင် ကျွန်တော်တို့ အင်မတန် ၀မ်းမြောက် ပါသည်။ သို့သော် ကျွန်တော်တို့သည် မဟော်သဓါ သုခမိန်များ၊ ကွန်ပြူတာစက်ရုပ်များ မဟုတ်ကြပါ။ ကျွန်တော်တို့သည် ခင်ဗျားတို့လို လူသားများသာဖြစ်၍ တခါတလေ အမှားအယွင်းများ ပြောမိရေးမိချင် ရေးမိလိမ့်မည်။ ထို့ကြောင့် ကျွန်တော်ရေးသားထား သောအရာများကို အမြဲတမ်း ရာနှုန်းပြည့် မှန်မည်ဟု မယူဆစေလိုပါ။ ကိုယ်ပိုင်အသိဥာဏ်ဖြင့် စဉ်းစား၍ အခြေအနေနှင့် အချိန်အခါပေါ်မူတည်ကာ အသုံးချသင့်သည်။ ကျွန်တော် ပြောသည့်၊ ရေးသည့် အရာများသာ မဟုတ်ပါ။ မည်သူ ပြောသည့်၊ ရေးသည့် အရာပဲဖြစ်ပါစေ ကိုယ်တိုင် စဉ်းစားဆင်ခြင် ပြီးမှသာ လုပ်ဆောင်သင့်သည်။ 

ထို့အပြင် ကျွန်တော်တို့သည် မည်သည့် အဖွဲအစည်းကိုမှလည်းကိုယ်စားမပြုပါ။ ကျွန်တော်တို့ အလုပ်ရှင်များ ကိုလည်းကိုယ်စား မပြုပါ။ ဤအတွေးအမြင်များသည် ကျွန်တော်တို့ ၏ ကိုယ်ပိုင်အတွေးအမြင် သက်သက်သာ ဖြစ်ပါသည်။