Archive for the 'မြန်မာစပေ့' Category...
ဤဆောင်းပါးကို မြန်မာစပေ့ ကဏ္ဍအောက်တွင်ထားသည်။
မင်္ဂလာပါ။ မြန်မာဘလော့ဂါများ အတွက် မင်္ဂလာရှိတဲ့ သတင်းတစ်ခုကြေငြာပါရစေ — “မြန်မာစပေ့တွင် wordpress ဝေါ့ပရပ်စ် ဘလော့ များကို စတင်အသုံးပြုနိုင်ပါပြီ။”

Wordpress ကို ဘလော့ဂါတော်တော်များများ ကြားဖူး၊ အသုံးပြုဖူးကြမှာပါ။ မကြားဖူးသူများကို အနည်းငယ် အကျဉ်းချုံး၍ ရှင်းပြလိုပါတယ်။ Wordpress ဆိုသည်မှာ ကမ္ဘာ့နံပါတ်တစ် ဘလော့ ပလက်ဖောင်းပါ။ Blogger/Blogspot တို့ထက် feature တွေပိုစုံ၊ ပြောင်းလဲပြင်ဆင်ရတာလွယ်ကူပြီး ကမ္ဘာတ၀ှမ်းက Professional Bloggers (ဘလော့ရေးခြင်းဖြင့် အသက်မွေးဝှမ်းကျောင်းပြုနေသူများ) အသုံးပြုများတဲ့ ဘလော့ script တစ်ခုဖြစ်ပါတယ်။
ဒီနေရာမှာ မေးစရာရှိလာတာက “လက်ရှိမြန်မာစပေ့က ဘလော့ featureက ကောင်းနေသားပဲ။ ဘာလို့ wordpress ဘလော့နဲ့ အစားထိုးချင်ရတာလဲ” လို့ မေးစရာရှိလာပါတယ်။ တကယ်တော့ လက်ရှိမြန်မာစပေ့မှာ အသုံးပြုနေတဲ့ ဘလော့က အင်မတန်ရိုးရှင်းတဲ့ “အခြေခံ” ဘလော့လေးပါ။ Wordpress ကတော့ ပိုပြီးအဆင့်မြင့်တဲ့ feature တွေကို အသုံးပြုပြီး ဘလော့ဂါတွေ စိတ်ကြိုက်၊ လိုအပ်သလို ပြောင်းလဲဖန်တီးယူလို့ရပါတယ်။ ဒါပေမဲ့ အစစရာရာ သာလွန်သွားမှာတော့ မဟုတ်ဘူး။ တချို့ feature အနည်းအကျဉ်းတော့ လက်လွှတ်လိုက်ရလိမ့်မယ်။ အောက်က ဇယားမှာ လက်ရှိသုံးနေတဲ့ မြန်မာစပေ့ဘလော့နဲ့ ယခုအသစ်တင်ဆက်တဲ့ wordpress blog (့ မြန်မာစပေ့ “MyBlog” လို့ code name နာမည်ပေးထားပါတယ်) တို့ရဲ့ ကွားခြားချက်လေးတွေယှဉ်ပြထားပါတယ်။
|
|
|
လက်ရှိသုံးနေသော Blog
|
MyBlog (Wordpress)
|
|
1
|
သင်၏ ဘလော့ကို MyanmarSpace.com က main page မှာ ဖော်ပြခြင်း
|
Yes
|
No
|
|
2
|
Blog page တစ်ခုထက်မက ဖန်တီးနိုင်ခြင်း
|
No
|
Yes
|
|
3
|
Blog theme ကို ကိုယ်စိတ်ကြိုက် ဒီဇိုင်းလုပ်နိုင်ခြင်း
|
No
|
Yes
|
|
4
|
တခြား third party plugin များသုံးနိုင်ခြင်း
|
No
|
Yes
|
|
5
|
Blogger, Blogspot, Wordpress.com နှင့် တခြား blog platform က ဘလော့များကို အလွယ်တကူ import လုပ်၍ ရခြင်း
|
No
|
Yes
|
|
6
|
MyanmarSpace တွင်ရေးသားထားသော ဘလော့ကို တခြား ဘလော့များတွင် ပြန်သုံးလိုပါက အလွယ်တကူ export လုပ်နိုင်ခြင်း
|
No
|
Yes
|
|
7
|
အကြမ်းဖျင်း ရေးထားသော ဘလော့ကို အလွယ်တကူ save နိုင်ခြင်း
|
No
|
Yes
|
|
8
|
မိတ်ဆွေ ဘလော့များကို အလွယ်တကူ link လုပ်နိုင်ခြင်း (Blogroll)
|
No
|
Yes
|
|
9
|
စိတ်ကြိုက် Category များ ဖန်တီးနိုင်ခြင်း
|
No
|
Yes
|
|
10
|
ရေးပြီးသား blog ခေါင်းစဉ်များ မိမိ၏ Profile page တွင် ဖော်ပြနိုင်ခြင်း
|
Yes
|
(Link ကိုသာ ဖော်ပြနိုင်)
|
|
11
|
ရေးပြီးသား blog ခေါင်းစဉ်များ “သူငယ်များ၏လှုပ်ရှားမှု” တွင်ဖော်ပြနိုင်ခြင်း
|
Yes
|
No
|
Wordpress ကို အသုံးမပြုဖူးသေးတဲ့ user တစ်ယောက် အတွက်တော့ အစပိုင်းမှာ ရှုပ်ထွေးနေသယောင် ခံစားမိလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ဒီ MyBlog (Wordpress) ကို ကြိုက်နှစ်သက်သွားလိမ့်မယ်လို ကျွန်တော်ယုံကြည်ထားပါတယ်။ အဲဒီတော့ ယခုအချိန်မှ စပြီး MyBlog (Wordpress) အသစ်ကို စတင်အသုံးပြုကြပါ လို့ နှိုးဆော်ပါရစေ။
ဘယ်လို စပြီး သုံးရမလဲ?
ပထမဦးဆုံး Activate လုပ်ဖို့လိုပါတယ်။
1) ပထမဦးဆုံး သင့်ရဲ့ မြန်မာစပေ့ account ထဲသို့ log in လုပ်ပါ။

2) ဤ http://myanmarspace.com/myblog/ link သို့သွားပါ။

3) ဒါပါပဲ။ ဤ http://myanmarspace.com/myblog/wp-admin/ ကို သွားပြီး ဘလော့တွေစပြီး ရေးနိုင်ပါပြီ။

Plugins
Plugins ဆိုတာ အသုံးဝင်တဲ့ အပို scripte လေးတွေပါ။ ဥပမာ - ကျွန်တော့် ဘလော့ အသစ်မှာ စာဖတ်သူတွေ ကျွန်တော်ကို ဆက်သွယ်နိုင်မဲ့ “Contact Us” form လေးတခု ထားချင်တယ်ဆိုကြပါစို့။ အဲဒီ form လေး ဖန်တီးဖို့ အတွက် script တွေ ဘာတွေကိုယ်တိုင်ရေးစရာမလိုပဲ။ contact plugin တစ်ခုကို ရှာပြီး activate လုပ်လိုက်တာနဲ့ contact form လေးဖန်တီးလို့ရတယ်။ ဆိုလိုတာက ကိုယ်တိုင် ပရိုဂရမ်းမင်းတွေ နားလည်းစရာ ရေးတတ်စရာမလိုပဲ ကိုယ် ဘလော့ကို စိတ်ကြိုက် ချဲ့ထွင် ဖန်တီးနိုင်တယ်။ လောလောဆယ် လူကြိုက်များ၊ အသုံးများတဲ့ plugin ဆယ်ခုကို တင်ပေးထားပါတယ်။ နောက်ကိုလည်း အလျဉ်းသင့် ထက်တင်ပေးသွားပါ့မယ်။
Theme
Theme ဆိုတာ ဒီဇိုင်းပါပဲ။ သင့် ဘလော့ကို ဒီဇိုင်း အမျိုးမျိုး ဖန်တီးနိုင်ပါတယ်။ (ဒါပေမယ် လောလောဆယ်မှာ Default Theme တစ်ခုပဲ တင်ထားပါတယ်။ မြန်မာစပေ့နဲ့ အလုပ်လုပ်ဖို့ အတွက် Theme တွေကို နည်းနည်းအချိန်ယူ ဖန်တီးရပါတယ်။ နောက် တစ်ပတ်ထဲမှာ Theme တွေ အနည်းဆုံး ၄ ခု ၅ ခုလောက် အနည်းဆုံးရအောင်တင်ပေးပါမယ်။)
ကျွန်တော်/ကျွန်မတို့မှာ Blogger/Blogspot Wordpress.com တိုမှာ ရေးထားတဲ့ ဘလော့ လေးတွေရှိတယ်။ အဲဒီ ဘလော့တွေကို မြန်မာစပေ့ MyBlog ကို ရွှေလို့ရမလား?။
အလွယ်တကူရွှေ့လို့ရပါတယ်။
၁) သင့်ရဲ့ လက်ရှိ ဘလော့ account တွေထဲ ၀င်ပြီး export လုပ်ပါ။
၂) မြန်မာ့စပေ့ MyBlog ထဲက Tools>Import ကိုသွားပြီး import လုပ်လိုက်ရုံပါပဲ။

အဲဒီ အထက်ပါ plugin တွေ theme တွေ import လုပ်ပုံလုပ်နည်းတွေကို နောက်မှ အသေးစိတ်ထပ်ရေးပြပါ့မယ်။
ထင်မြင်ချက်များ ဝေဖန်အကြံပြုချက်များကို မျှော်လင့်လျက်….
ဇေယျာစိုး
ရေးသားသူ - ဇေယျာစိုး Dec
ဤဆောင်းပါးကို မြန်မာစပေ့ ကဏ္ဍအောက်တွင်ထားသည်။
ဒီတစ်ခေါက်တော့ အောက်ပါ feature လေးတွေကို တို့ချဲ့လိုက်ပါတယ်။
၁) ဘလော့ အယ်ဒီတာ
ယခုအချိန်မှစ၍ မြန်မာစပေ့ ဘလော့တွေအားလုံးကို admin များ သို့မဟုတ် အယ်ဒီတာများ ဖတ်ရှုခွင့်ပြုပြီးမှသာ ဖော်ပြပါတော့မည်။ ယခင်ကလိုမျိုး ဘလော့ကို submit လုပ်ပြီးသည်နှင့် ချက်ချင်းပေါ်လာတော့မည် မဟုတ်တော့ပါ။ ယခုလို လုပ်ရတဲ့ အကြောင်းအရင်းကတော့ Spam ဘလော့တွေတိုက်ဖျက်ရန်အတွက်နှင့် ဘလော့ အရည်အသွေးများ (Quality Control) အတွက်ကြောင့်ဖြစ်ပါသည်။ မြန်မာစပေ့သည် တနေ့ထက်တနေ့ user အရေအတွက် အလျှင်အမြန် တိုးပွားလာပြီး ကြီးထွားလာသည်နှင့် အမျှ Spammer (တရားမ၀င်ကြော်ငြာသူတွေ) ၊ “တကြောင်းရေးဘလော့”တွေ ဥပမာ - နေကောင်းလားဆိုပြီး တကြောင်းတည်းရေးပြီး (တချို့ဆိုရင် ဘာမှတောင်မရေးထားပါ။ ဘလော့က “ဗလာ” ကြီးပါ။) အဲဒါတွေမျိုးတွေကို လျှောချဖို့ပါ။ Spam မလုပ်ပဲ မြန်မာစပေ့မှာ ပိုက်ဆံပေး၍ ကြော်ငြာနိုင်ပြီး၊ တစ်ကြောင်းတည်းရေးစရာရှိပါက ဘလော့တွင်မရေးပဲ၊ Forum ဖိုရမ်က သင့်လျှော်ရာ နေရာများတွင်ရေးသားနိုင်ပါသည်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်(Freedom of Speech) ကို လေးစားပါ၏။ သို့သော် လွတ်လပ်စွာပြောဆိုရေးသားခွင့်မှာလည်း စည်းနှင့်ကမ်းနှင့်ပါ။ Yahoo တို့ MSN တို့ YouTube တို့၏ home page ပင်မစာမျက်နှာကို သွားကြည့်လျှင် အယ်ဒီတာများခွင့်ပြုသော အကြောင်းအရာများကိုသာ စည်းကမ်းတကျ ဖော်ပြထားသည်ကို တွေ့လိမ့်မည်။ မမှန်ကန်သော ဆောင်ပါးများ၊ Spam များ၊ copyright များ နှင့် Policies များ ဥပဒေများနှင့် ငြိစွန်းနေသော အကြောင်းအရာများကို ၄င်းတို့လည်းဖော်ပြမည် မဟုတ်ပါ။ Admin/Editor များဖတ်ရှုပြီးမှ ဖော်ပြရမည် ဖြစ်သောကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိလာမည်ကို နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။
၂) Poll အယ်ဒီတာ
Poll များလည်း ထိုနည်းလည်းကောင်း admin များမှ Approve လုပ်မှ ပေါ်လာပါလိမ့်မည်။
၃) Profile comment moderation
Spammer များသည် ကျွန်တော်ကို မထီလေးစားလုပ် (မော့စ် ကဲ့သို့ ဟားတိုက်ရယ်မောကာ) ကျွန်တော်၏ Profile ပေါ်တွင်ပါလာရောက် ကြေငြာနေသည်ကိုတွေ့ရပါသည်။ တွေ့ရင်တွေ့ချင်းတော့ Delete လုပ်လိုက်တာပဲ။ ဒါပေမယ့် မအား၍ MyanmarSpace သို့မလာနိုင်သောနေ့များတွင် ထိုကြော်ငြာ comment များက ကျွန်တော်ကို လှောင်ပြောင်နေသကဲ့သို့ ရှိနေပါသည်။ ထို့ကြောင့် အဲဒီလို မလိုလားအပ်သော Profile comment မျိုးတွေကို guard လုပ်ဖို့ feature အသစ်တခု စဉ်စီခဲ့ပါတယ်။
My Account > SETTINGS > Account Settings ကိုသွား၍

Profile Comment Moderation ကို everyone လို့ပြောင်းလိုက်ရင် ဘယ်သူ comment ထားခဲ့ထားခဲ့ ချက်ချင်းမပြတော့ပဲ၊ မိမိ approve လုပ်မှ ပေါ်လာမည် ဖြစ်ပါသည်။ Approve လုပ်လိုပါက မိမိ Profile page ကို သွားပါ။

Non Friend ဆိုတာ သူငယ်ချင်း စာရင်းတွင် မပါသူများ၏ comment များသာ။ မူလ default setting ကတော့ off ပါ။
ဤ profile comment တွေကိုတော့ ကိုယ့်ဘာသာကို approve လုပ်ရမှာနော်၊ admin တွေနဲ့ မဆိုင်ဘူး။ မြန်မာစပေ့မှာ Profile comments တနေ့ကို ထောင်နဲ့ချီပြီး Post နေတာကြတာ အဲဒါတွေကိုပါ အသေးစိတ်လုပ် ရရင် admin တွေ computer ရှေ့မှာ ၂၄ နာရီ ကျောက်ချနေရပါလိမ့်မယ်။
ဒီတခါတော့ ဒီမျှပါပဲ။
မရှင်းမလင်တာများရှိပါက အောက်တွင်မေးနိုင်ပါသည်။
ရေးသားသူ - ဇေယျာစိုး Oct
ဤဆောင်းပါးကို မြန်မာစပေ့ ကဏ္ဍအောက်တွင်ထားသည်။
သင့်ရဲ့ တခြား Social Networking account တွေထဲမှာ ရှိတဲ့ သူငယ်ချင်းတွေကို Social invite feature ကို သုံးပြီး MyanmarSpace သို့ အလွယ်တကူဖိတ်နိုင်ပါပြီ။

နည်းပညာ အခက်အခဲ (Techinical Difficulties) တွေ ရှိခဲ့တာကြောင့် ဤ Social invite feature ကို တင်ဆက်တာ နောက်ကျနေတာပါ။ ၂ ပတ်လောက် အချိန်ယူပြီးတော့လုပ် နေတာ။ နောက်ဆုံး အခုမှပဲ အလုပ်လုပ်တော့တယ်။
နောက်ထပ် အသိပေးချင်တာ တခုက ဒီ Social invite feature အသစ်ကနေ ပြီး ဖိတ်ရင် “သူငယ်ချင်း ဖိတ်နိုင်သူများ” စာရင်းထဲမှာ “ဖိတ်” အရေအတွက်တိုးလာမှာတော့ မဟုတ်ပါဘူး။ (ဘာကြောင့်လဲဆိုတော့ အဲဒီ feature နှစ်မျိုးရဲ့ ဖိတ်ကြား/လက်ခံတဲ့ structure ကွဲပြားလို့ပဲ အတိုချုံးဖြေပါရစေ။)
နောက်ပြီး အဲဒီ “သူငယ်ချင်း ဖိတ်နိုင်သူများ” စာရင်းထဲမှာ Top Ten ၀င်နေသူများကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တခုအကြံပေးချင်တာက “လက်ခံသူ ရာခိုင်နှုန်း” များအောင်လည်း လုပ်ပါ။ တကယ်လို့များ ဆုလက်ဆောင်ပြိုင်ပွဲ ထပ်လုပ်ပေးဖြစ်ခဲ့ရင် အဲဒီ “လက်ခံသူ ရာခိုင်နှုန်း” က အဓိက အဆုံးအဖြတ်ပေးပါလိမ့်မယ်။
ကျေးဇူးတင်ပါတယ်။
ရေးသားသူ - ဇေယျာစိုး Oct
ဤဆောင်းပါးကို မြန်မာစပေ့ ကဏ္ဍအောက်တွင်ထားသည်။
ဒီတခါ ကျွန်တော် အသစ်တင်ဆက်မည့် feature ကတော့ friend invite သူငယ်ချင်း ဖိတ်ကြားလွှာ အသစ်ဖြစ်ပါတယ်။ ယခင်တုန်းကတော့ သူငယ်ချင်းတွေကို မြန်မာစပေ့မှာ လာပြီး member လုပ်စေချင်ရင်တော့ email လိပ်စာတွေ ကို တစ်ခုချင်းစီ ကူးယူရိုက်ထည့်ပြီး ခက်ခက်ခဲခဲ ဖိတ်ရပါတယ်။ ဒါပေမဲ့ အခုတော့ လွယ်ကူသွားပါပြီ။ ဤ သူငယ်ချင်းဖိတ်ကြား စာမျက်နှာကိုသွား မိမိရဲ့ gmail လိပ်စာနဲ့ password ရိုက်ထည့်လိုက်တာနဲ့ မိမိရဲ့ address book မှာရှိတဲ့ ကြိုက်တဲ့သူငယ်ချင်းတွေကို အလုပ်တကူ click နှိပ်ပြီး ဖိတ်နိုင်ပါပြီ။ ( password လုံခြုံရေး အတွက်ကတော့ စိတ်မပူပါနဲ့။ yahoo တို့ gmail တို့က တရားဝင်ခွင့်ပြုထားတဲ့ API တွေကို သုံးထားတာဖြစ်ပြီး သင်၏ address book ကိုသာ ဆက်သွယ်ချင်းဖြစ်ပါတယ်။ password များကို save ထားခြင်းလုံးဝမရှိပါ။)

သူငယ်ချင်းဖိတ်ကြာလွှာ အသစ်
ယခုလောလောဆယ်မှာတော့ yahoo, gmail အစရှိတဲ့ email account တွေ အတွက် အထူးတလည် ပြုလုပ်ထားတာပါ။ နောက်တပတ်ကျရင် friendster, myspace နဲ့ facebook account တွေ အတွက် အလားတူ feature အသစ်မျိုး တင်ဆက်ပါဦးမည်။ (မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာစပေ့ဟာ friendster, myspace နဲ့ facebook site ကြီး တွေကို မကြာခင်မှာ သွားရောက် အံတုပြီး ကျူးကျော်နယ်ချဲ့တော့မှာ ဖြစ်ပါတယ်။)
နောက်ပြီး သင့်၏ My Account page ကို သွားကြည့်ရင် ဘယ်ဘက်ထောင့်မှာ “သူငယ်ချင်း ဖိတ်နိုင်သူများ” စာရင်း (အများဆုံးဖိတ်သူ ၁၀ဦး) ကိုတွေ့ရပါလိမ့်မယ်။

အများဆုံး ဖိတ်ကြာနိုင်သူ ၁၀ဦး
လောလောဆယ်မှာ ကျွန်တော် မောင်ဇေယျာစိုးက နံပါတ် ၁ နေရာကို ဖိတ်ကြားသူ အရေတွက် ၈၂ ဦး နဲ့ ဦးဆောင်နေပါတယ်။ အဲဒီ စာရင်းက dynamic (automatic) ပါ။ အကယ်၍ သင် အယောက် ၁၀၀ ချက်ချင်းဖိတ်နိုင်ရင် သင် နံပါတ် ၁ ချက်ချင်း အလိုအလျောက် ချက်ချင်းရောက်သွားပါလိမ့်မည်။ ကျွန်တော် နံပါတ် ၁ နေရာတွင် ကြာကြာ မနေချင်ပါ။ ကျွန်တော်ထက်သာအောင် လုပ်ကြပါ။ ဘာဖြစ်လို့ဆို့တော့ မကြာခင်မှာ ကျွန်တော်တို့၏ နာမည်ကျော် လက်ဆောက်ပစ္စည်း အစီအစဉ် ကို ပြန်လည်တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီတခါကျရင် သူငယ်ချင်းအများဆုံး ဖိတ်နိုင်သူကို ဆုလက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ usb flash drive တော့ မဟုတ်ဘူး။ ဒီထက်ကောင်းတာပေးပါ့မယ်။ ဘာပေးရင်ကောင်မလဲ ဆိုတာကို စဉ်းစားနေဆဲပါ။ (တော်ကြာ ကျွန်တော် နံပါတ် ၁ နေရာတွင် ဆက်ရှိနေရင် ကိုယ်ဘာသာကိုယ် အနိုင်ပေးပြီး ကိုယ်ဘာသာကိုယ် ပြန်ဆုချနေရပါဦးမယ်။ အဲဒါကြောင့် ဆုလက်ဆောင် ပြိုင်ပွဲကို မကြေငြာသေးပဲ ခေတ္တစောင့်ဆိုင်းနေတာပါ။) စိတ်ဝင်စားသူများ အနည်းဆုံးတော့ Top Ten ထဲမှာ ပါအောင် လုပ်ထားနိုင်ရင် ကောင်မယ် အကြံပေးချင်ပါတယ်။ ဒီတခါတော့ ဒါပါပဲ။
ရေးသားသူ - ဇေယျာစိုး Sep
ဤဆောင်းပါးကို မြန်မာစပေ့ ကဏ္ဍအောက်တွင်ထားသည်။
အခုတလော မြန်မာစပေ့ကို လာရောက်လည်ပတ်သူအရေအတွက် web traffic သိသိသာသာမြင့်မားလာသည် အညီ မြန်မာစပေ့တွင်ကြော်ငြာရန်စိတ်ဝင်စားသူများ နှင့် မြန်မာ spammer (တခြား site များကို သွားရောက်လည်ပတ်ရန် အတွက် ဖိတ်ခေါ်သည့် တရားမ၀င် link လုပ် ကြော်ငြာသူများ) အရေအတွက်လည်း သိသိသာသာများပြားလာသည်ကို သတိပြုမိပါသည်။ (ဤ အရာသည် MyanmarSpace အောင်မြင်တိုးတက်လာတဲ့ အရိပ်လက္ခဏာ ဖြစ်တဲ့ အတွက် ကြိတ်ပြီးတော့ ဂုဏ်ယူမိပါတယ်။)
ယခင်ကတော့ spam နဲ့ ပတ်သတ်တဲ့ စည်ါ်မျဉ်းတွေ တိတိကျကျ မရှိသေးတဲ့ အတွက် တခြား site တွေကို ကြော်ငြာသလိုမျိုး link လုပ်တဲ့ blog တွေ့ရင် ချက်ချင်း delete လုပ်ပစ်လိုက်တာပဲ။ ဒါပေမယ့် သေသေချာချာ ပြန်စဉ်းကြည့်တော့ MyanmarSpace member တွေကို အကျိုးပြုတဲ့ blog မျိုးတွေ ရေးပြီး အောက်ကနေ link တစ်ခုလောက် ထည့်တာလောက်တော့ ခွင့်ပြုရင် ကောင်းမလားလို့။ ဒါပေမယ့် အဲဒီဘလော့က အရေအသွေးမြင့်ပြီး member တွေအတွက် အကျိုးရှိစေတဲ့ ဘလော့မျိုးဖြစ်ရမယ်။ ကိုယ်တိုင်ရေး (original content)ဖြစ်ရမယ်။ တခြား site မှာ ဖော်ပြပြီးသား ဘဘော့ကို မြန်မာစပေ့မှာ တိုက်ရိုက် copy လုပ်ပြီး လာဖေါ်ပြပါက duplicate content ဖြစ်နေတဲ့အတွက် google search engine က သဘောမကျဘူး။ ဒါကြောင့် မူလ ကိုယ်တိုင်ရေး (original content)ဖြစ်ပြီး တခြားဘယ် site မှာမှ ဖော်ပြခြင်းမရှိသေးတဲ့ ဘလော့မျိုးမှာ link တစ်ခုလောက်ထည့်တာမျိုးတော့ရမယ်။ တရားလွန်တော့ မလုပ်ကြနဲ့ပေါ့ဗျာ။ ဘလော့မှာ spam link ပါရှိသရွေ့ကတော့ သဘောမတွေ့ရင် မတွေ့သလို delete လုပ်ချင်လုပ်ပါ့မယ်။ အာမတော့ မခံဘူး။
တရားဝင် ကြော်ငြာခပေးပြီး ကြော်ငြာထည့်ချင်ရင်တော့ forum, poll, blog နဲ့ ယခုဖတ်နေသော ဆောင်းပါး page တွေမှာ ထည်နိုင်ပါပြီ။ တရားဝင် ကြော်ငြာခပေးပြီး ကြော်ငြာတာနဲ့ ဘလော့မှာ အခမဲ့ link ထည့်တာ ဘာကွာသလဲဆိုတော့၊ တရားဝင်ကြော်ငြာတွေက blog page မှာသာ မကပဲ member တွေ လာရောက်အလည်အပတ်များတဲ့ page တွေရဲ့ ထိပ်မှာ link သက်သက်သော် လည်းကောင်း၊ ပုံဖြင့် သော်လည်းကောင်း ရက် ၃၀ လုံးလုံး ကြော်ငြာနိုင်ပါတယ်။ ကြော်ငြာခကတော့ တစ်လလုံးစာအတွက် အမေရိန်ဒေါ်လာ (အစိမ်း) ၂၅ ဒေါ်လာဝန်းကျင်လောက်ရှိမယ်။ ပုံရဲ့ အရွယ်အစားပေါ်မူတည်ပြီး ဈေးက ဒီထက်ပိုချင်လည်းပိုနိုင်တယ်။ Paypal နဲ့ ငွေပေးချေနိုင်သလို့၊ မြန်မာငွေနဲ့ ပေးချေလိုပါကလည်း ရန်ကုန်မြို့က လိပ်စာတခုမှာ သွားရောက်ပေးချေနိုင်ပါတယ်။ (မြန်မာသတင်းစာတွေ၊ ဂျာနယ်တွေမှာ ကြော်ငြာတာ ထက်စာရင် ၂၅ ဒေါ်လာက အင်မတန်ပေါပါတယ်။)။ လူသုံးကုန်ပစ္စည်း။ မွေးနေ့ဆုတောင်း၊ မင်္ဂလာဆုတောင်းတွေ သင့်ရဲ့ ကိုယ်ပိုင် website ကြိုက်တဲ့ အရာမှန်သမျှ ကြော်ငြာလို့ရပါတယ်။ (နိုင်ငံရေးနဲ့ ညစ်ငြမ်းတဲ့အပြာ content တွေကလွဲလို့ပေါ့) နောက်ပိုင်း ကြော်ငြာချင်သူ အရေအတွက် များပြားလာပါတယ် ဈေးတက်သွားနိုင်ပါတယ်။ ပိုမို၍ အသေးစိတ်သိလိုပါက admin@myanmarspace.com ကို email ပို့၍ စုံစမ်းမေးမြန်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။



ရေးသားသူ - ဇေယျာစိုး Sep
ဤဆောင်းပါးကို မြန်မာစပေ့ ကဏ္ဍအောက်တွင်ထားသည်။
ကောင်းသတင်း —
ဒီတခါတော့ ဓါတ်ပုံ စာအုပ် Photo Album feature နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ feature အသစ်က ဘာလုပ်လို့ရလဲ ဆိုတော့ အမျိုးအစားတူတဲ့ ပုံလေးတွေစုပြီး ဓါတ်ပုံစာအုပ်လေးတွေ လုပ်လို့ရပါပြီ။ ဥပမာ - ကျွန်တော် ခရီးထွက်တုန်းက ရိုက်ထားတဲ့ ပုံတွေအတွက် ဓါတ်ပုံစာအုပ်သပ်သပ်၊ မွေးနေ့ပွဲတုန်းက ရိုက်တဲ့ပုံတွေက သပ်သပ်ဆိုပြီး ခွဲထားလို့ရပါတယ်။ နောက်ပြီး အဲဒီ Album တွေကို lock လုပ်ထားပြီး သူငယ်ချင်းတိုင်းကို မပြပဲ၊ ကြည့်စေချင်တဲ့လူတချို့ကိုသာ ကြည့်လို့ရအောင်လည်းလုပ်ထားပါတယ်။ (အသုံးပြုပုံ အသေးစိတ်ကို သိချင်ရင် ဤ Post ၏ အောက်ဆုံးတွင် သွားရောက်ဖတ်ရှုပါ။) (more…)
ရေးသားသူ - ဇေယျာစိုး Jul
ဤဆောင်းပါးကို မြန်မာစပေ့ ကဏ္ဍအောက်တွင်ထားသည်။
မြန်မာစပေ့၏ “ထိတွေ့ခြင်း” ဟုအမည်ပေးထားသော feature အသစ်တခုဖြင့် မိတ်ဆက်ပေးပါရစေ။
အကယ်၍ သင်၏ မြန်မာစပေ့ account ထဲသို့ log in လုပ်ပြီး တခြားမြန်မာ့စပေ့ member တစ်ယောက်၏ profile ထဲသို့ သွားကြည့်လျှင် ဘယ်ဘက်ခြမ်းတွင် အောက်ပါအတိုင်း box အသစ်တခုကို သင်မြင်တွေ့ ရပါလိမ့်မည်။ (မှတ်ချက်။ ။ log in မလုပ်ပါက မြင်ရလိမ့်မည် မဟုတ်ပါ။)

ထိတွေခြင်းဆို ဘာလဲဆိုတော့ member တွေ တစ်ဦးနှင့် တစ်ဦး virtually ထိတွေ့ခွင့်ရအောင်ပါ။ ဥပမာ - sinagpore က မောင်မြက မြန်မာပြည်က မလှကို virtually ပွေ့ဖက်တာတို့၊ နမ်းတာတို့ လုပ်လို့ရသလို။ မလှကလည်း မကျေနပ်ရင် ပါးပြန်ရိုက်တာတို့၊ ဓါးဖြင့်ထိုးတာတို့ လုပ်လို့ရပါတယ်။ အဓိကတော့ member တွေ ရယ်စရာ မောစရာ အချင်းချင်းနောက်ပြောင်လို့ ရအောင်လုပ်ထားတဲ့ feature အသစ်လေးပါ။ ဘယ်လိုသုံးရမလဲ ဆိုရင် အဲဒီလို profile မှာ သွားပြီး ကြိုက်တဲ့ action ကို ရွေးကာ “interact” ဆိုတာကို နှိပ်ပါ။ ဟိုဘက် member ရဲ့ “My Account” page ထဲမှာ အောက်ပါအတိုင်း မြင်ရပါလိမ့်မယ်။

ကျွန်တော် action အမျိုး ၃၀ လောက်ကို လုပ်ထားပါတယ်။ အားလုံးပဲ ကြိုက်နှစ်သက်လိမ့်မယ်လို မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှာလည်း နောက်ထပ် feature တစ်ခုကို ထပ်လုပ်ပြီးရင် ထပ်ကြေငြာပါဦးမည်။
ရေးသားသူ - ဇေယျာစိုး Jul