
မနေ့က ညနေ ၃ နာရီ လောက်ကပေါ့။ ကျွန်တော်ဆီကို သူငယ်ချင်းတစ်ယောက် message ပို့လာတယ်။ နှလုံးရောဂါဖြင့် မိုက်ကယ်ဂျက်ဆင်သေပြီ တဲ့။ ကျွန်တော်လည်း ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ yahoo မှာ သွားဖတ်ကြည့်တော့ သူသေတဲ့ သတင်းကို သေးသေးလေးဖေါ်ပြထားတာ တစ်ခုကို တွေ့ လိုက်တယ်။ အဲ့ဒီအချိန်တုန်းက သူတို့လည်း မသေချာသေးတော့ အကျယ်တ၀င့် ရေးထားတာမျိုး မဟုတ်သေးဘူး။ သတင်းက တိုတိုလေးပဲ။
မိုယ်ကယ်ဂျက်ဆင် သေပြီဟု ဆရာဝန်တွေ အတည်ပြုလိုက်တာ ၂ နာရီ ၁၅ မိနစ်မှာ။ နောက် ၄၅ မိနစ် အကြာမှာ သတင်းတွေက အင်တာနက်ပေါ်မှာ ပြန့်နေပြီ/ လူတော်တော်များများ လည်း သိပြီး နေကြပြီ။ သိတဲ့လူက မသိသေးတဲ့သူတွေကို ဖုန်ဆက်ပြောနေတာနဲ့ပဲ ဖုန်းလိုင်းတွေပါ ဂျမ်းဖြစ်သွားတယ်။
ညနေငါးနာရီခွဲ လောက်ကျတော့ အလုပ်ကအိမ်ကိုပြန်တော့ လမ်းမှာ လူမည်းတစ်ယောက်ကားမောင်း ပြီးတော့ ကျွန်တော် ကားဘေးနားက ဖြတ်မောင်းသွားတယ်။ (more…)

