Archive for January, 2009...
ဤဆောင်းပါးကို အမေရိကား, ထွေရာလေးပါး ကဏ္ဍအောက်တွင်ထားသည်။
သမ္မတ အိုဘားမားသည် IT ခေတ်တွင် ကြီးပြင်းလာသည့်သူ တစ်ဦး ဖြစ်သည့် အားလျော်စွာ ရွေးကောက်ပွဲဝင်စဉ် ကာလအတွင်း အခြား ရွေးကောက်ပွဲဝင်သူများနှင့် မတူ၊ တမူထူးခြားစွာဖြင့် ခေတ်မီ နည်းပညာများကို အကျိုးရှိစွာ အသုံးချခဲ့ပါသည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် သူ့အား ထောက်ခံသည့် လူငယ်ကျောင်းသားများအား မဲထည့်ဖို့မမေ့ကြရန် Cell phone များသို့ SMS text message များပို့လွှတ်ခဲ့ပါသည်။ သူ၏ ကိုယ်ပိုင် website ဖြစ်သော barackobama.com ကို လာရောက် လည်ပတ်သူများထံမှလည်း email address များတောင်းခံကာ တခါတရံ email များပို့၍ သူ၏ policy များအကြောင်းရှင်းပြခဲ့ပါသည်။ ထို့အပြင် barackobama.com မှနေ၍ အလှူငွေများကို တိုက်ရိုက် လက်ခံနိုင်သဖြင့် အလှူငွေအမြောက်အများလည်း ရရှိခဲ့ပါသည်။ ထိုကြောင့် အိုဘားမားသည် ပြိုင်ဖက်များထက် အမြဲတမ်း တပန်းသာခဲ့ပါသည်။
သမ္မတဖြစ်လာသော အခါတွင်လည်း သူအမြဲ ကိုင်ဆောင်လေ့ရှိသော Blackberry cell phone (အမေရိကားတွင် လူသုံးများသည့် email များဖတ်ရှုနိုင်ပြီး၊ အင်တာနက် သုံး၍ရသော လက်ကိုင်ဖုန်း) ကို ဆက်လက်ကိုင်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ပထမပိုင်းတွင် သူ၏ လုံခြုံရေးအရာရှိများက နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မည်စိုးရိမ်သောကြောင့် ကန့်ကွက်ခဲ့သော်လည်း နောက်ဆုံးတွင် သဘောတူ အဆင်ပြေသွားခဲ့ပါသည်။ အမေရိကန်သမ္မတ၏ cell phone သို့ PDA ဖြစ်သည့်အားလျော်စွာ hacker များရန်မှ ကာကွယ်ရန် အတွက် Super Encryption ကို pentagon စစ်ဌာနချုပ်မှ အထူးစီမံပေးထားပါသည်။ သူ၏ ဖုန်းနံပါတ်နှင့် email ကိုလည်း လျှို့ဝုက်ထားပြီး နီးစပ်အနည်းငယ်ကို အသိပေးထားပါသည်။ သမ္မတစီမှ ပေးပို့သော Message များကို Forward လုပ်၍ မရရန်လည်း အထူးစီမံပြုလုပ်ပေးထားပါသည်။
ယခင် သမ္မတဟောင်းများသည် cell phone များကို ကိုယ်တိုင် မကိုင်တွယ်ပါ။ လက်ထောက်များ၊ သက်တော်စောင့်များသာ ကိုင်တွယ်ကြပါသည်။ အိုဘားမားသည် အမေရိကန် ရာဇ၀င်တွင် ပထမဦးဆုံးသော Cell Phone ကို ခါးတွင် ချိတ်၍ ကိုယ်တိုင် ကိုင်တွယ်သော သမ္မတ ဖြစ်လာပေတော့မည်။


ရေးသားသူ - ဇေယျာစိုး Jan
ဤဆောင်းပါးကို အမေရိကား ကဏ္ဍအောက်တွင်ထားသည်။
မနေ့က ကျင်းပတဲ့ အမေရိကန်သမ္မတ ကျမ်းကျိန်ပွဲကို နိုင်ငံပေါင်း ၂၄၀ က လူများက ရုပ်မြင်သံကြားများမှတဆင့် တိုက်ရိုက်ကြည့်ရှုကြပါတယ်။ ရုပ်မြင်သံကြားရဲ့ ရာဇ၀င်မှာ လူကြည့်အများဆုံးသောပွဲဖြစ်ပါတယ်။ ကြည်ရှုသူ အရေအတွက်သည် ကမ္ဘာ့ဖလားဖိုင်နယ် ဘောလုံးပွဲထက်ပင်ပို၍များပြားကြောင်း CNN ကပြောကြားသွားပါသည်။ ၀ါရှင်တန်ကိုလာရောက်၍ ကျမ်းကျိန်ပွဲကို ကိုယ်တိုင်လာရောက် ကြည့်ရှုသူဦးရေမှာလည်း ၁.၅ သန်းခန့်ရှိပါတယ်။
အဲဒီတော့ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါမှာ ရှေ့ကနေ တိုင်ပေးရတဲ့ တရားသူကြီးချုပ် ရော့ဘတ် က လူတွေရဲ့ရှေ့မှာ စိတ်တွေလှုပ်ရှားပြီး အလွဲလွဲ ချော်ချော်တွေ တိုင်ပေးလေပါရော။ ဒါပေမယ့် အိုးဘားမားက သူဆိုရမယ့် ကျမ်းသစ္စာစကားတွေကို ကြေညက်အောင် အလွတ်ရပြီးသား ဖြစ်တဲ့အတွက် မှားတာနဲ့ တစ်ပြိုင်တည်း ဆက်မဆိုတော့ပဲ၊ ရပ်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ တရားသူကြီးချုပ်တိုင်ပေးအတိုင်းပဲ ဆက်ဆိုပြီး အဆုံးသတ်လိုက်ပါတယ်။ (more…)
ရေးသားသူ - ဇေယျာစိုး Jan
ဤဆောင်းပါးကို နည်းပညာ ကဏ္ဍအောက်တွင်ထားသည်။
Syntax ဆိုတဲ့ စကားလုံးကို မြန်မာလို အဓိပ္ပါယ်ပြန်ရရင် “ဖွဲစည်းပုံ” သို့မဟုတ် “အသုံးပြုပုံ” လို့ဆိုနိုင်ပါတယ်။
CSS ရဲ့ syntax မှာ အဓိကအားဖြင့် selector, property နှင့် value ဆိုပြီး သုံးမျိုးနှင့် ဖွဲ့စည်းထားပါတယ်။ အောက်တွင် အလွယ်တကူ ခွဲခြားမြင်နိုင်ဖို့ အတွက် ကျွန်တော် အရောင်လေးနဲ့ ပြထားပါတယ်။
selector {property: value}
(more…)
ရေးသားသူ - ဇေယျာစိုး Jan
ဤဆောင်းပါးကို အမေရိကား ကဏ္ဍအောက်တွင်ထားသည်။
လောလောဆယ် အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က အုပ်ကလန်ဆိုတဲ့ မြို့မှာ အကြီးအကျယ် ပြသာနာတက်နေတဲ့ အမှုပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ၁-၁-၂၀၀၉ နှစ်ဆန်းတစ်ရက်နေ့က Bart လို့ခေါ်တဲ့ အမြန်ရထားပေါ်မှာ အမည်းလူငယ်တစ်စု အချင်းချင်းထိုးကြိတ် ရန်ဖြစ်ကြပါတယ်။ ထိုအခါ ရဲလုပ်သူတွေက ပြသာနာဖြေရှင်းဖို့ လာရာမှာ ရန်ဖြစ်သူလူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မိပါတယ်။
ဖြစ်ချင်တော့ ပစ်တဲ့သူ ရဲသားက လူဖြူဖြစ်နေပြီး အသတ်ခံရသူက လူမည်းဖြစ်နေတော့ လူမျိုးရေးပြသာနာတွေ ပါဝင်လာပါတယ်။ အမေရိကန် ရဲများဟာ မလိုအပ်ပဲနဲ့ တရားခံများကို သေနတ်ဖြင့် ပစ်ဖမ်းခွင့်မရှိပါ။ မိမိအသက်ကို အန္တရာယ်ပြုနိုင်သည်ဟု ယူဆနိုင်မှသာ ပစ်ခွင့်ရှိပါတယ်။ စကားများ ရန်ဖြစ်သူဟာ ဘာလက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိပဲ၊ မြေကြီးပေါ်တွင် မှောက်နေပါတယ်။ အောက်ဖေါ်ပြပါ ဗီဒီယိုကို ကြည့်ရှုပါ။ (မှတ်ချက်။ ။ စိတ်ပျက်ဖွယ်ရာ အနိဌာရုံ မြင်ကွင်း ဖြစ်ကြောင်း သတိပေးပါရစေ။) (more…)
ရေးသားသူ - ဇေယျာစိုး Jan
ဤဆောင်းပါးကို ထွေရာလေးပါး ကဏ္ဍအောက်တွင်ထားသည်။
၂၀၀၉ခုနှစ် မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ အောက်ဖေါ်ပြပါ အရာများကတော့ ၂၀၀၈ အတွင်း MyanmarSpace ၏ Traffic (လာရောက်လည်ပတ်သူ အရေအတွက်) စာရင်းဇယားဖြစ်ပါတယ်။
MyanmarSpace.com ဆိုတဲ့ domain name ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ၂၀၀၈ ခုနှစ်မှာ ကျွန်တော် စတင် activate လုပ်ခဲ့ပါတယ်။ အဲဒီ မတိုင်ခင် ၂၀၀ရ ဒီဇင်ဘာလ လောက်ကတည်းက (အလုပ်ပိတ်ရက်မှာ အားနေတော့) web design တွေ၊ coding ပိုင်းတွေ စတင်ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်စပြီး တရားဝင် ဖွင့်လှစ်နိုင်တာကတော့ ၂၀၀၈ ခုနှစ် မတ်လ လဆန်းပိုင်းလောက်မှာပါ။ အဲဒီအချိန်ကနေ ဒီနေ့ အထိ MyanmarSpace ကို ဖွင့်လှစ်ထားတာ ၁၀ လ ကျော်ခန့်သာ ရှိပါသေးတယ်။ ဆယ်လ အတွင်းမှာ စုစုပေါင်း လာရောက်လည်ပတ်သူ ၆၉၁၂၉ (ခုနစ်သောင်းနီးပါး) ခန့်ရှိပြီး member ပေါင်း ၃၀၀၀ နီးပါး ရရှိထားပါတယ်။ အောက်ဖော်ပြပါ Analytics ကိုကြည့်ပါ။



(more…)
ရေးသားသူ - ဇေယျာစိုး Jan