VIEW FULL VERSION: Link
Title: မေ့ထားလိုက်တယ်
Tags:
Blog Entry: မေ့ထားလိုက်တယ် မင်းကို ချစ်တာတွေ.... မေ့ထားလိုက်တယ် မင်းကို လွမ်းတာလည်း... မေ့ထားလိုက်တယ် မင်းကို တမ်းတသမျှ... မေ့ထားလိုက်တယ် မင်းနဲ့ ပတ်သက်သမျှ အရာအားလုံး.... မေ့ထားလိုက်တယ် နုလွန်းတဲ့ ကိုယ့်နှလုံးသားကို.... မေ့ထားလိုက်တယ် ခံစားတတ်တဲ့ စိတ်ကိုရော... မေ့ထားလိုက်တယ် ခိုင်မြဲနေတဲ့ ကိုယ့်အချစ်များစွာအား.. မေ့ထားလိုက်တယ် ကိုယ့်အမြတ်နိုးထားတဲ့ မင်းအကြောင်းအလုံးစုံ.... အင်း...သတိမရတတ်လို့ မဟုတ်ပါဘူးကွယ် မေ့တတ်အောင် သင်ပေးထားတာ မင်းပဲရှိတာမို့ မေ့လိုရအောင်ကို မေ့ထားလိုက်တယ် မင်းနားလည်ပါတယ် မေ့ထားတဲ့သူရယ်.......