Title: ခ်စ္သူမသိေ သာ
Tags:
Blog Entry: လွမ်းရတာတွေ စာမရေးချင်ဘူး ငါ့အလွမ်းတွေ............. မင်းသိအောင်လို့ ပြောပြစရာ စကားလုံးရှာမရဘူး ။ ခံစားရတာတွေ ရင်ဖွင့်မပြချင်ဘူး ငါ့ခံစားချက်တွေ............. မင်းနားလည်အောင်လို့ ရှင်းပြစရာ အကြောင်းရင်းရှာမတွေ့ဘူး ။ သတိရခြင်းတွေလည်း မဖွဲ့နွဲ့ချင်တော့ဘူး သတိတရနဲ့လွမ်းရတဲ့ခံစားချက်တွေ.............. အရှိန်ပြင်းပြင်းနဲ့မက်ခဲ့တဲ့ ငါ့အိမ်မက်တွေ............. လက်တွေ့နဲ့တခြားစီပဲမို့ လောကကြီးကိုလည်း မတိုင်တည်ချင်တော့ဘူး ။ ဒီဘ၀မှာ......... မင်းရှိခဲ့တဲ့အတွက် ငါ့အလွမ်းတွေ ဝေဆာခဲ့ရတယ် ငါ့ခံစားချက်တွေ ပြည့်စုံခဲ့ရတယ် ငါ့အိမ်မက်တွေ လှပခဲ့ရတယ် မင်းမသိသော သတိရခြင်းတွေကြားမှာဘဲ...........................။
VIEW FULL VERSION: Link