Title: ဒီလောက
Tags:
Blog Entry: ပိုင်ဆိုင်တာတွေလည်း ဆုံးရှုံးဖူးခဲ့ပြီ ရည်ရွယ်တာတွေလည်း ပျက်စီးခဲ့ပြီးပြီ လိုချင်တာတွေလည်း ပျောက်ဆုံးသွားခဲ့ပြီ အစီအစဉ်တွေလည်း လွဲချော်ခဲ့တယ် ချစ်သောသူတွေလည်း စွန့်ခွာသွားခဲ့တယ် မရည်ရွယ်တာတွေနဲ့ပဲ ဆုံတွေ့ခဲ့တယ် ။ ဖြစ်ပြီးရင်ပျက်တယ် ဒါ.....နိယာမ တဲ့ မဖြစ်ခင်ကတည်းက ပျက်စီးနှင့်ပြီးသား ဒီလောကဓံတရားအောက်မှာတော့ ပျက်သုန်းခြင်း ၊ ပြိုလဲခြင်း ကျဆုံးခြင်းတွေနောက်မှာ ငါဘ၀ ........ ဘယ်တော့ဖြစ်တည်ခွင့်ရမှာလဲ ...............။ မှောင်မိုက်ခြင်းတွင်းနှုတ်ခမ်းထက်မှာ မျှော်လင့်ခြင်းအလင်းမှိန်မှိန်အောက် ငါတစ်ယောက်ထဲ စမ်းတ၀ါးဝါးလျှောက်လှမ်းဆဲ ရုတ်တရက် ငါ့မီးအိမ်ကို ဘယ်သူမီးငြိမ်းလိုက်တာလဲ .................။။။
VIEW FULL VERSION: Link