Title: အဆင်ပြေပါတ ယ်
Tags:
Blog Entry: ချ စ်ခဲ့မိတာ အစစ်အမှန်ပဲမို့ ဖြစ်ခဲ့သမျှအတွက် အပြစ်ဖွဲ့စရာလို့လည်း ငါမတွေးပါဘူး .......... ကြုံဆုံခဲ့တာ အိပ်မက်မဟုတ်မှတော့ ခံစားရတာတွေက လေတိုက်ယုံနဲ့လွင့်ပျောက်မသွားနိုင်ဘူး ............ ဒဏ်ရာဆိုပေမယ့် နာကျင်စရာလို့မတွေးပါဘူး အချိန်ကာလကြားမှာ နေသားကျအောင်နေထိုင်ရင်း မင်းမရှိပေမယ့် ငါ..........အဆင်ပြေပါတယ် ။ ချန်ထားခဲ့တာလား ကျန်နေခဲ့တာလား ၀ိုးတ၀ါးနဲ့ပါပဲ လမ်းခွဲခဲ့တာမဟုတ်ပေမယ့် မင်းနဲ့ငါ လမ်းကွဲခဲ့တာတော့ သေချာတယ်............ ပြန်ပြင်လို့မရမှတော့ အတိတ်ဆိုတာ တွေးတွေးပြီး ငါနောင်တမရပါဘူး .................. ဒီအချိန်မှာ တစ်ယောက်တည်းဆိုပေမယ့် ငါ..........အဆင်ပြေပါတယ် ။ ငါမညာပါဘူး တိုင်တည်စရာလူမရှိ ခိုလှိုစရာရင်ခွင်မရှိလို့ တခါတခါ အထီးကျန်ဆန်ပေမယ့် ပြန်ဆုံခွင့်ကိုတော့ ယောင်ယမ်းပြီးမှတောင် ငါမတမ်းတပါဘူး................ မှန်တယ်ထင်လို့ လျှောက်ခဲ့ပြီးမှတော့ ငါ့ကိုပြန်လှည့်မကြည့်ပါနဲ့ ............. နင်တန်ဖိုးမထားခဲ့တဲ့အရာတွေက အမှတ်တရပေါင်းစုံနဲ့ တစ်သက်လုံးစာ သတိရဖို့ ငါ့အတွက်တော့ လုံလောက်ပါတယ်.............. ငါ့ဘေးမှာ နင်မရှိတာကလွဲလို့ ပတ်သက်ခဲ့သမျှတွေက ဘယ်အချိန်ပဲဖြစ်ဖြစ် အရင်ကလိုနွေးထွေးဆဲပဲမို့ အသည်းကွဲခဲ့ပေမယ့် ငါ..........အဆင်ပြေပါတယ် ။ ။ ။
VIEW FULL VERSION: Link